Thursday, March 7, 2019

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်IPU ၏ နည်းပညာပူးပေါင်းဆောင်ရွက်မှု အစီအစဉ်မန်နေဂျာအား လက်ခံတွေ့ဆုံ
Image may contain: 3 people, people sitting, table and indoor
နေပြည်တော် မတ် ၆
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည်Inter- Parliamentary Union(IPU) ၏ နည်းပညာပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်မန်နေဂျာ Ms.Norah Babic အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် IPU အနေဖြင့် လွှတ်တော်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များတွင် အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ IPU မှ ကြီးမှူးကျင်းပသည့် အစည်းအဝေးများတွင် ပါဝင်တက်ရောက်ခြင်းဆိုင်ရာကိစ္စရပ်များ၊ လွှတ်တော်ရေးရာလုပ်ငန်းစဉ် များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်

No comments:

Post a Comment