Thursday, March 7, 2019

(၁၆)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး တက်ရောက်ရန်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့်အဖွဲ့ ထိုင်းနိုင်ငံသို့ရောက်ရှိ 
Image may contain: 4 people, people smiling, people sitting
နေပြည်တော် မတ် ၆
ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၁၆)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များအစည်းအဝေး(16th ACDFM) တက်ရောက်ရန်နှင့် ချစ်ကြည်ရေးခရီး သွားရောက်ရန်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှထွက်ခွာရာ ထိုင်းနိုင်ငံ ပတ္တရားမြို့ရှိ U-tapao လေဆိပ်သို့ရောက်ရှိ ကြသည်။
မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ွGeneral Ponpipat Benyasri နှင့် Royal Cliff Hotelဧည့်ခန်းမ၌တွေ့ဆုံ၍ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ ကိစ္စရပ်များ နှင့် အာဆီယံအဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက်နေမှုဆိုင်ရာကိစ္စရပ်များကို ရင်းနှီးစွာ ဆွေးနွေး ကြသည်။
ညပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးနှင့်အဖွဲ့အား ပတ္တရားမြို့ရှိRoyal
Cliff Hotel ၊Sunset Terrace ၌ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Ponpipat Benyasri က ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
သတင်းစဉ်

No comments:

Post a Comment