Friday, March 1, 2019

တောင်တရုတ်ပင်လယ်တွင် နိုင်ငံများလိုက်နာရမည့် ကျင့်ထုံးဆိုင်ရာ ကြေညာစာတမ်း အကောင်အထည်ဖော်ရေး
အာဆီယံ-တရုတ် ပူးတွဲလုပ်ငန်းအဖွဲ့၏ (၂၇)ကြိမ်မြောက်အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ
Image may contain: one or more people and people sitting
နေပြည်တော် ဖေဖော်ဝါရီ ၂၈
တောင်တရုတ်ပင်လယ်တွင် နိုင်ငံများလိုက်နာ ရမည့် ကျင့်ထုံးဆိုင်ရာ ကြေညာစာတမ်း အကောင်အထည်ဖော်ရေး အာဆီယံ -တရုတ် ပူးတွဲလုပ်ငန်းအဖွဲ့၏ (၂၇)ကြိမ်မြောက် အစည်းအဝေးကို ဖေဖော်ဝါရီ ၂၇ ရက်မှ ၂၈ ရက်အထိ နေပြည်တော်တွင် အိမ်ရှင်အဖြစ် ကျင်းပခဲ့ရာ အစည်းအဝေးသို့ ဘရူနိုင်း၊ က္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့မှ ကိုယ်စား လှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။
အသိအမှတ်ပြု
အစည်းအဝေး၌ အာဆီယံအဖွဲ့ဝင်နိုင်ငံ များနှင့် တရုတ်နိုင်ငံတို့သည် တောင်တရုတ် ပင်လယ်တွင် လိုက်နာရမည့် ကျင့်ထုံးဆိုင်ရာ တစ်ခုတည်းသော ညှိနှိုင်းစာသားမူကြမ်းကို ဆွေးနွေးခဲ့ကြပြီး တောင်တရုတ်ပင်လယ် အရေးကိစ္စ ဖြစ်ပေါ်တိုးတက်မှုများအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြကာ တောင်တရုတ် ပင်လယ်တွင် နိုင်ငံများလိုက်နာရမည့် ကျင့်ထုံးဆိုင်ရာ ကြေညာစာတမ်း (Declaration on the Conduct of Parties in the South China Sea- DOC) အကောင်အထည်ဖော်မှုနှင့် တောင်တရုတ် ပင်လယ်တွင် လိုက်နာရမည့် ကျင့်ထုံးဆိုင်ရာ တစ်ခုတည်းသော ညှိနှိုင်းစာသားမူကြမ်း ဆွေးနွေးမှု၏ တိုးတက်မှုအခြေအနေတို့ကို အသိအမှတ်ပြုခဲ့ကြသည်။
ထို့ပြင် အစည်းအဝေးတွင် တောင်တရုတ် ပင်လယ်အတွင်း ငြိမ်းချမ်းလုံခြုံမှု၊ တည်ငြိမ် အေးချမ်းမှုနှင့် ဘေးအ္တရာယ်ကင်းရှင်းမှု ဆက်လက်ထိန်းသိမ်းရေးနှင့် တိုးမြှင့်ရေးတို့၏ အရေးကြီးပုံကို ထပ်လောင်းအတည်ပြုကြပြီး တည်ငြိမ်အေးချမ်း၍ သာယာဝပြောသည့် တောင်တရုတ်ပင်လယ်အဖြစ်ရှိခြင်း၏ အကျိုး ကျေးဇူးကိုလည်း အသိအမှတ်ပြုကြသည်။
တည်ခင်းဧည့်ခံ
ဖေဖော်ဝါရီ ၂၇ ရက် ညနေပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟောက် ခန့်ဆုမ်းက အစည်းအဝေးတက်ရောက်လာ ကြသည့် ကိုယ်စားလှယ်အဖွဲ့များအား နေပြည်တော်ရှိ M Gallery Hotel ၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
အာဆီယံ-တရုတ် ပူးတွဲလုပ်ငန်းအဖွဲ့၏ (၂၈)ကြိမ်မြောက် အစည်းအဝေးကို တရုတ် ပြည်သူ့သမ္မတနိုင်ငံ၌ ၂၀၁၉ ခုနှစ် မေလ၌ တောင်တရုတ်ပင်လယ်တွင် နိုင်ငံများလိုက်နာ ရမည့် ကျင့်ထုံးဆိုင်ရာ ကြေညာစာတမ်း အကောင်အထည်ဖော်ရေး (၁၇)ကြိမ် မြောက် အာဆီယံ-တရုတ် အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးနှင့် တစ်ဆက် တစ်စပ်တည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment