Friday, March 1, 2019

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်းအား လက်ခံတွေ့ဆုံ
Image may contain: 2 people, people smiling, people sitting
နေပြည်တော် ဖေဖော်ဝါရီ ၂၈
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှ ရေးရာအထူးကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်းအား ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။
ဆွေးနွေး
ထိုသို့တွေ့ဆုံစဉ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာန၏ အာရှရေးရာ အထူးကိုယ်စားလှယ်အနေဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောဒေသသို့ သွားရောက်လေ့လာ ခဲ့ပြီး မြန်မာနိုင်ငံဘက်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံနိုင်ရေး ဆောင်ရွက်ထားရှိမှုများအား တွေ့ရှိခဲ့ရမှုနှင့် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအစိုးရနှင့် တပ်မတော်၏ ဆောင်ရွက်ချက်များအား ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမျက်နှာစာတွင် ထောက်ခံရပ်တည် ပေးနေမှု၊ မြန်မာ- ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ်စပ်တွင် ARSA အကြမ်း ဖက်သောင်းကျန်းသူများနှင့် AA သောင်းကျန်းသူများ ပူးပေါင်းပြီး ရခိုင်ပြည်နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိအောင် ဆောင်ရွက်နေသည့်အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရန် တပ်မတော်မှကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများ၊ ထိုသို့ဆောင်ရွက်နေခြင်းအပေါ် တရုတ်နိုင်ငံအနေဖြင့် ထောက်ခံအားပေး ကူညီဆောင်ရွက်ပေးနေမှု၊ မြန်မာနိုင်ငံမြောက်ပိုင်း ဒေသနှင့် နှစ်နိုင်ငံနယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းမှုရှိစေရေး ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန် ချက်အရ သိရသည်။
သတင်းစဉ်

No comments:

Post a Comment