Thursday, March 28, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ဒေါက်တာမျိုးသိမ်းကြီးကလေးစာပေပွဲတော်(ပဲခူး) ကြိုတင်ပြင်ဆင်ထားမှုများ ကြည့်ရှုစစ်ဆေး
Image may contain: 8 people, outdoor
ပဲခူး မတ် ၂၇
ကလေးစာပေပွဲတော် စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကျင်းပမည့် ပဲခူးမြို့ ပဲခူးတက္ကသိုလ်အတွင်း ကြိုတင်ပြင်ဆင်နေမှုများကို ယနေ့ညနေပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးတို့က သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီးများသည် ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများနှင့်အတူ ပဲခူးတက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမ မျက်နှာစာရှေ့တွင် ခင်းကျင်းပြသထားသည့် ရှေးဟောင်း ကျောက်စာများ၊ ၂၀၁၈ ခုနှစ်အတွင်း ထုတ်ဝေခဲ့သည့် စာအုပ်များ ခင်းကျင်း ပြသထားမှုနှင့် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနမှ ခင်းကျင်း ပြသထားသည့် မှတ်တမ်း၊ မော်ကွန်းများကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများသည် တက္ကသိုလ်စာကြည့်တိုက် အတွင်း ခင်းကျင်းပြသထားသည့် ဆရာမင်းသုဝဏ် ဘဝမှတ်တမ်းဓာတ်ပုံများ နှင့် ဆရာမင်းသုဝဏ်၏ ကလေးကဗျာများ ခင်းကျင်းပြသထားမှု၊ ကလေး စာဖတ်ခန်း၊ နည်းပညာမိတ်ဆက်ပြခန်းများ၊ ဌာနဆိုင်ရာပြခန်းများနှင့် အဖွဲ့အစည်းများမှ ခင်းကျင်းပြသထားသည့် ပြခန်းများကို ကြည့်ရှုစစ်ဆေးခဲ့ ကြသည်။ ဝေလျှံ

No comments:

Post a Comment