Thursday, March 28, 2019

ရန်ကုန်မြို့ရှိ ဦးသန့်နေအိမ်၊ ဝန်ကြီးများရုံးနှင့် ရွှေတိဂုံစေတီတော်သို့ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အဖွဲ့ သွားရောက်လေ့လာ
Image may contain: 4 people, people standing and indoor
ရန်ကုန် မတ် ၂၇
ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးံ H.E. Mr.
Tomas Kryl (Economic and
Operational Section ) နှင့်အဖွဲ့ သည် ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ ဦးသန့်နေအိမ်သို့ သွားရောက် လေ့လာသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့အား ဦးသန့် နေအိမ် စီမံကိန်းအရာရှိ ဒေါ်ခင် ထက်ထက်လွင်က နေအိမ်အတွင်း လိုက်လံရှင်းလင်းပြသသည်။
ရှင်းလင်းပြသ
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ဝန်ကြီးများရုံး (ယခင်အတွင်းဝန်ရုံး)သို့ ရောက်ရှိကြရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး၊ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့နှင့် အနော်မာ အဖွဲ့မှ တာဝန်ရှိသူများက ဝန်ကြီး များရုံးအတွင်း လိုက်လံရှင်းလင်း ပြသကြသည်။
ညပိုင်းတွင် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ရွှေတိဂုံစေတီတော်သို့ သွားရောက်ကာ ရွှေတိဂုံစေတီတော် တောင်ဘက်မုခ် ဧည့်ခံတန်ဆောင်းရှိ ရွှေစေတီတော်အား ဖူးမြော်ကြည်ညို ပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ် တွင် လက်မှတ်ရေးထိုးသည်။
ဆက်လက်၍ ရွှေတိဂုံစေတီတော် မြတ်ကြီးအား ပန်း၊ ဆီမီး၊ ရေချမ်း၊ အမွှေးနံ့သာများ ကပ်လှူပူဇော်ပြီး ရွှေတိဂုံစေတီဂေါပကအဖွဲ့သို့ အလှူ ငွေများ ပေးအပ်လှူဒါန်းကာ စေတီတော်မြတ်ကြီးအား လက်ယာ ရစ်တစ်ပတ် လှည့်လည်ဖူးမြော် ကြည်ညိုကာ သာသနိကအဆောက် အအုံများကို ကြည့်ရှုလေ့လာကြ သည်။
သတင်းစဉ်

No comments:

Post a Comment