Thursday, March 28, 2019

၇၄)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား
ဆုရ စစ်ရေးပြတပ်ခွဲများအား ဆုချီးမြှင့်ပွဲ ကျင်းပ
Image may contain: 1 person, standing and outdoor
နေပြည်တော် မတ် ၂၇
(၇၄)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား တွင် ဆုရရှိကြသော စစ်ရေးပြတပ်ခွဲများအား ဆုချီးမြှင့်ပွဲ ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စုရပ်သစ် တပ်စစ် ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်၍ ဆုများကို ပေးအပ်ချီးမြှင့်သည်။
ရှေးဦးစွာ ဆုချီးမြှင့်ပွဲသို့ တက်ရောက်လာသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦးအား စစ်ရေးပြမှူးကြီး ဗိုလ်မှူးချုပ် ဇော်ဟိန်း ဦးဆောင်သည့် စစ်ရေးပြစစ်ကြောင်းများက အလေးပြုကြသည်။
ထို့နောက် (၇၄)နှစ်မြောက် တပ်မတော်နေ့ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ စစ်ရေး ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးတို့က ဆုများ ပေးအပ် ချီးမြှင့်ကြသည်။
ယင်းနောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးက စံပြတပ်ခွဲ တတိယဆုရရှိသော အမြောက်တပ်ဖွဲ့òန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲအား လည်းကောင်း၊ စံပြတပ်ခွဲ ဒုတိယဆုရရှိသော စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြဂုဏ်ပြုတပ်ခွဲအားလည်းကောင်း၊ စံပြတပ်ခွဲ ပထမဆုရရှိသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)ကိုယ်စားပြု စစ်ရေးပြဂုဏ်ပြုတပ်ခွဲအားလည်းကောင်း ဆုများ အသီးသီးပေးအပ်ချီးမြှင့်သည်။
ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦးက ဂုဏ်ပြုအမှာစကားပြောကြား ပြီး ဆုချီးမြှင့်ပွဲကို ရုပ်သိမ်းခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်

No comments:

Post a Comment