ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ်နှင့် ဗီယက်နမ် သံအမတ်ကြီးတို့အား သီးခြားစီလက်ခံတွေ့ဆုံ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ယမန်နေ့နံနက် ပိုင်းတွင် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် ဟီရိုတို အိဇုမိနှင့်အဖွဲ့အား နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနှင့် ဂျပန်နိုင်ငံတို့အကြား ပူးပေါင်း ဆောင်ရွက်လျက်ရှိသော ရန်ကုန်- မ္တလေး ရထားလမ်းပိုင်း အဆင့်မြှင့် တင်ရေး ဆောင်ရွက်နေမှု၊ ရန်ကုန် မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင် ရေး ဆောင်ရွက်နေမှု၊ သီလဝါ ဆိပ်ကမ်းတံတားအသစ် တည်ဆောက် ပြီးစီးမှုနှင့် ထပ်မံတိုးချဲ့တည်ဆောက် ရန် ပြင်ဆင်နေမှု၊ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ် တည်ဆောက်ရေး၊ ဆိုက်ဘာလုံခြုံ ရေးဆိုင်ရာများနှင့် အနာဂတ် ပူးပေါင်း ဆောင်ရွက်မည့်ကိစ္စရပ် များကို ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ် နိုင်ငံ သံအမတ်ကြီး H.E. Dr.
Luan Thuy Doung နှင့် တွေ့ဆုံ၍ ဆက်သွယ်ရေးကဏ္ဍတွင် မြန်မာ- ဗီယက်နမ် ပူးပေါင်းဆောင်ရွက်နေမှု နှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးကြ ကြောင်း သိရသည်။
သတင်းစဉ်
Luan Thuy Doung နှင့် တွေ့ဆုံ၍ ဆက်သွယ်ရေးကဏ္ဍတွင် မြန်မာ- ဗီယက်နမ် ပူးပေါင်းဆောင်ရွက်နေမှု နှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးကြ ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment