Thursday, March 7, 2019

ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအား လက်ခံတွေ့ဆုံ
Image may contain: 2 people, people sitting, suit and indoor
နေပြည်တော် မတ် ၆
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် ချက်သမ္မတ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr.Martin Tlapa နှင့်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ဆွေးနွေး
တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား နိုင်ငံရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးသည်။
တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
သတင်းစဉ်

No comments:

Post a Comment