ရုပ်ရှင်များကပေးတဲ့ ဩဇာဟာ လူအများရဲ့ စိတ်နှလုံးကို အများကြီးလွှမ်းမိုးနိုင်ပါတယ်
ရန်ကုန် မတ် ၂၃
၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ ညနေ ၄ နာရီက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏရှိ The One Entertainment Park ၌ ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အားပေးချီးမြှင့်သည်။
တက်ရောက်
အခမ်းအနားသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာ ရွှေလွှမ်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ် ကြသည့် ဦးကျော်တင့်ဆွေ၊ ဒေါက်တာဖေမြင့်၊ သူရဦးအောင်ကို၊ ဒေါက်တာ ဝင်းမြတ်အေး၊ နိုင်သက်လွင်၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနာယကများ၊ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ သဘင်၊ ဂီတအစည်းအရုံးအဖွဲ့ဝင်များ၊ ၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုအတွက် စိစစ်အကဲဖြတ် အဖွဲ့ဝင်များ၊ ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဖျော်ဖြေတင်ဆက်
ဆုချီးမြှင့်ပွဲ မစတင်မီ ရုပ်ရှင်၊ ဂီတအနုပညာရှင်များက တေးသံသာများဖြင့် လည်းကောင်း၊ မြန်မာ့ရုပ်ရှင် အကယ်ဒမီ ဂုဏ်ပြုအကယ်ဒမီကြယ်စင်အကဖြင့် လည်းကောင်း ဖျော်ဖြေ တင်ဆက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် အခမ်းအနားသို့ တက်ရောက်လာကြသည့် ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင်ကြီးများကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ထို့နောက် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမှာစကား ပြောကြားရာတွင် ဒီနေ့ ကျင်းပပြုလုပ်တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန် ဆုချီးမြှင့်ပွဲ အခမ်းအနားကို တက်ရောက် လာကြတဲ့ ရုပ်ရှင်လောကမှ အနုပညာရှင်၊ အတတ်ပညာရှင်များ၊ ဧည့်သည်တော် များ၊ ရုပ်မြင်သံကြား ဖန်သားပြင်ပေါ်က ကြည့်ရှုအားပေးနေကြတဲ့ ရုပ်ရှင်ချစ် ပရိသတ်များနဲ့ အခမ်းအနားဖြစ်မြောက် ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်သူများ အားလုံး ကျန်းမာချမ်းသာကြပါစေ ကြောင်း ဆုတောင်းမေတ္တာပို့သရင်းနဲ့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်မ အနေနဲ့ ဒီအခမ်းအနားကို မနှစ်ကလည်း တက်ရောက်ခဲ့ပါတယ်။ မတက်ရောက် ဖြစ်တဲ့ နှစ်တွေမှာတော့ ရုပ်ရှင်လောက သားများအတွက် သဝဏ်လွှာပေးပို့ခဲ့ ပါတယ်။
အသစ်တစ်ဖန်မှတ်တမ်းတင်
ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်း အနားဆိုတာ ရုပ်ရှင်လောကသားများ အနေနဲ့ မိမိတို့ရဲ့ အနုပညာ၊ အတတ်ပညာ ကို မိမိတို့ မြတ်နိုးတန်ဖိုးထားသလို၊ မိမိတို့ရဲ့ ဖန်တီးမှုလက်ရာတွေ ပီပြင် ပြောင်မြောက်ရေး အဆင့်အတန်းမြင့်မား ရေးကိုလည်း ဘယ်လောက်အလေးထား တယ်ဆိုတာ ပြသတဲ့ပွဲတစ်ခုဖြစ်တယ်လို့ မြင်မိပါတယ်။ ဒါ့အပြင် ဒီပွဲဟာ ရုပ်ရှင် အနုပညာရှင်များအပေါ် ရုပ်ရှင်ကြည့် ပရိသတ်ရဲ့ ရင်းနှီးချစ်ခင်မှု၊ နှစ်သက် မြတ်နိုးမှုကို တစ်နှစ်တာအတွက် အသစ် တစ်ဖန်မှတ်တမ်းတင် ဂုဏ်ပြုလိုက်တဲ့ပွဲ လို့လည်း ဆိုနိုင်ပါတယ်။
လေးစားအသိအမှတ်ပြု
ကျွန်မအနေနဲ့ ရုပ်ရှင်ပညာကိုရော၊ သရုပ်ဆောင်နေကြတဲ့ ရုပ်ရှင်သရုပ် ဆောင်တွေကိုရော၊ ရိုက်ကွင်းရဲ့ နောက်ကွယ်က အတတ်ပညာရှင်တွေ ကိုရော တန်ဖိုးထားပါတယ်။ ရုပ်ရှင်အပါ အဝင် အနုပညာနဲ့ပတ်သက်တဲ့ လုပ်ငန်း တိုင်းမှာ အမြဲတီထွင်ဆန်းသစ်နေမှသာ အများစိတ်ဝင်စားမှု အားပေးထောက်ခံမှု တွေရနေမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ မြန်မာ့ရုပ်ရှင်လောကသားများအနေနဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေ ပေါ်ထွက် နိုင်ဖို့ ဆန်းသစ်တီထွင် ကြိုးပမ်းကြသလို ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား များကိုလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုပြီးဆန်းသစ်စွာနဲ့ ကြီးကျယ်ခမ်းနား အောင် စီစဉ်ဆောင်ရွက်ကြနိုင်မယ်လို့ ယုံကြည်ပါတယ်။ အထူးသဖြင့် ဒီနှစ်မှာ ထူးချွန်ဆု တစ်ခုချင်းစီတွေအတွက် မြန်မာ့ရုပ်ရှင်လောကရဲ့ ဝါရင့် သက်ရင့် အနုပညာရှင်၊ အတတ်ပညာရှင်ကြီး တွေက အချိန်ယူပြီး အသေးစိတ်စစ်ဆေး စိစစ်ရွေးချယ်မှုတွေ ပြုလုပ်ခဲ့ကြကြောင်း သိရှိရတဲ့အတွက် သူတို့ရဲ့ စိတ်စေတနာနဲ့ ကြိုးပမ်း အားထုတ်မှုများကိုလည်း လေးစားအသိအမှတ်ပြုမိကြောင်း ပြော ကြားလိုပါတယ်။
ကျွန်မအနေနဲ့ မြန်မာနိုင်ငံကြီးကို သာယာဝပြောပြီး ဖွံ့ဖြိုးတိုးတက်စေချင် တယ်၊ တိုင်းရင်းသားတွေအားလုံး စည်းလုံးညီညွတ်တဲ့ ပြည်ထောင်စုမျိုး ဖြစ်စေချင်ပါတယ်။ အခုအချိန်မှာတော့ ကမ္ဘာပေါ်က ဘယ်နိုင်ငံကိုပဲကြည့်ကြည့် စိန်ခေါ်မှုတွေ ပြည့်နှက်နေတာ တွေ့ရမှာ ဖြစ်သလို ကျွန်မတို့နိုင်ငံမှာလည်း ဘက်ပေါင်းစုံက စိန်ခေါ်မှုတွေ ရှိနေဆဲပဲ ဖြစ်ပါတယ်။
အကျိုးဖြစ်ထွန်းစေချင်
ကျွန်မတို့နိုင်ငံကို ငြိမ်းချမ်းအောင်၊ ညီညွတ်အောင်၊ တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောင်တဲ့နေရာမှာ အနုပညာ ဖန်တီးမှုများကလည်း ရှိနေတဲ့ သိမ်မွေ့တဲ့ စွမ်းအားကို အကျိုးရှိရှိ ဘယ်လိုအသုံးချ နိုင်မလဲဆိုတာ စဉ်းစားပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ရုပ်ရှင်များက ပေးတဲ့ ဩဇာဟာလူအများရဲ့ စိတ်နှလုံး ကို အများကြီးလွှမ်းမိုးနိုင်ပါတယ်။ ဒါဟာ ကျွန်မ ပြောလေ့ရှိတဲ့ Soft Power ပါပဲ။ အဲဒီလို သိမ်မွေ့တဲ့ စွမ်းအားကို မှန်မှန်ကန်ကန်အသုံးချပြီးတော့ ကျွန်မ တို့နိုင်ငံအတွက်သာမကဘဲ တစ်က္ဘာလုံး အတွက်ပါ အကျိုးဖြစ်ထွန်းစေချင်ပါတယ်။
အကူအညီတွေပေးဖို့လိုအပ်
နေ့စဉ်နဲ့အမျှ ပြောင်းလဲတိုးတက် နေတဲ့ က္ဘာကြီးနဲ့အတူ ကျွန်မတို့ အနုပညာရှင်တွေရဲ့ ဖန်တီးမှုတွေလည်း ပြောင်းလဲယုံသာမက တိုးတက်စေချင် ပါတယ်။ ဒါ့ကြောင့်လည်း မနှစ်က ရုပ်ရှင် အနုပညာရှင်များနဲ့ တွေ့ဆုံချိန်မှာ နေပြည်တော်ကို ရုပ်ရှင်မြို့တော်အဖြစ် တည်ဆောက်လိုတဲ့အကြောင်းကို ပြောပြ ခဲ့ပါတယ်။ ရုပ်ရှင်ကဏ္ဍဖွံ့ဖြိုးတိုးတက် စေဖို့ဆိုရင် ရုပ်ရှင်လောကသားများရဲ့ ကြိုးပမ်းအားထုတ်မှုများအပြင် နိုင်ငံ တော်ကလည်း ထိရောက်တဲ့အကူအညီ တွေ ပေးဖို့လိုအပ်တယ်ဆိုတာ နားလည်မိ ပါတယ်။ မချမ်းသာသေးတဲ့အချိန်မှာ နိုင်ငံတော်အစိုးရအနေနဲ့ ငွေကြေးအရ ပံ့ပိုးမှုဟာ အတိုင်းအတာတစ်ခုအထိပဲ ရှိနိုင်မှာဖြစ်ပါတယ်။ သို့သော် ယခင်က ရိုက်ကူးဖို့ အခက်အခဲရှိခဲ့တဲ့ကဏ္ဍများ မှာ သက်သာလွယ်ကူစေဖို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများက အားတက် သရော ကူညီဆောင်ရွက်ပေးနေကြ ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်ကြီးများ ကလည်း ရေရှည်မှာ အကျိုးအမြတ် ကြီးကြီးမားမား ရရှိလာနိုင်မှာဖြစ်တဲ့ ရုပ်ရှင်လုပ်ငန်းထဲကို ဝင်ရောက်ရင်းနှီး မြှုပ်နှံခြင်းအားဖြင့် ရုပ်ရှင်လောက ဖွံ့ဖြိုး တိုးတက်ရေး ကိုလည်း တစ်ဖက် တစ်လမ်း ကပံ့ပိုး ပေးကြဖို့ ဒီနေရာ ကနေ အထူးမေတ္တာ ရပ်ခံလိုပါတယ်။
လက်ရှိအချိန်အခါမှာ ရုပ်ရှင် လောကသားများအနေနဲ့ မြန်မာ့ရုပ်ရှင် ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေဖို့ အဘက်ဘက် က ကြိုးစားကြံဆနေကြတာကို ကြားသိ ရတဲ့အတွက် ဝမ်းမြောက်မိပါတယ်။ အနုပညာရှင်တွေရဲ့ အနုပညာစွမ်းအား၊ စိတ်ဓာတ်ခွန်အားတွေနဲ့ ခေတ်အဆက် ဆက်မှာ နိုင်ငံအတွက် ကြိုးစားပေးခဲ့ကြ တာကိုလည်း အသိအမှတ်ပြုပါတယ်။ ကျွန်မတို့နိုင်ငံကြီး ဒီမိုကရေစီလမ်း ကြောင်းပေါ် ရောက်ရှိလာဖို့အတွက် စွမ်းဆောင်ပေးခဲ့ကြတာကို ကျေးဇူးတင်ရှိ ကြောင်း အခါအခွင့်သင့်တိုင်း ပြောကြားခဲ့ သလို ဒီနေ့မှာလည်း ထပ်လောင်းပြီး ပြောပါရစေ။
အောင်မြင်မှုတွေ ပြန်လည်ရရှိလာ
၁၉၂၀ ပြည့်နှစ်ကစတင်ခဲ့တဲ့ မြန်မာ့ ရုပ်ရှင်သမိုင်းဟာလာမယ့် ၂၀၂၀ ပြည့်နှစ် ဆိုရင် နှစ်တစ်ရာသက်တမ်းကို ရောက်ရှိ တော့မှာ ဖြစ်ပါတယ်။ ခေတ်တွေစနစ်တွေ မြောက်မြားစွာကို ဖြတ်သန်းလာခဲ့ကြရတဲ့ ရုပ်ရှင်အနုပညာလောကသားတွေအနေ နဲ့လည်း အတွေ့အကြုံတွေ၊ သင်ခန်းစာ တွေ များစွာတွေ့ကြုံခဲ့ကြပြီး ဖြစ်ပါတယ်။ ရုပ်ရှင်နဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ်များရဲ့ အားထုတ်ကြိုးပမ်းမှုနဲ့ ဒီနေ့ ရုပ်ရှင် လောကဟာ အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုတွေ ပြန်လည်ရရှိလာတာကို တွေ့ရမှာဖြစ်ပါတယ်။ မနှစ်ကစတင်ပြီး ရုပ်ရှင်အနုပညာနဲ့ ပြည်သူကို နှစ်ပေါင်း များစွာ အလုပ်အကျွေးပြုခဲ့တဲ့ သက်ကြီး ရုပ်ရှင် အနုပညာသည်တွေအတွက် ]]ရုပ်ရှင် တစ်သက်တာ ထူးချွန်ဆု}}အဖြစ် ဂုဏ်ပြုချီးမြှင့်ပေးခဲ့တာကလည်း ကောင်း မွန်တဲ့ အစဉ်အလာတစ်ခု ဖြစ်ပါတယ်။ အခုဆိုရင် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရဲ့ ဂုဏ်ကိုပိုမိုမြင့်မားစေခဲ့တယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။
အခွင့်အလမ်းတွေ ပိုပြီးရရှိလာ
ဒီနေ့ကျင်းပမယ့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီချီးမြှင့်ပွဲအတွက် ၂၀၁၈ ခုနှစ်အတွင်း ရုံတင်ပြသနိုင်တဲ့ ဇာတ်ကား ၈၃ ကားပေါ်မှာ ကြည့်ရှုအကဲ ဖြတ်ခဲ့တယ်လို့ သိရှိရပါတယ်။ ယမန်နှစ် ကဆိုရင် ရုပ်ရှင်ကားအရေအတွက် ၁၅၉ ကားအထိ ထုတ်လုပ်နိုင်ခဲ့တာကို တွေ့ရှိရပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေ ပိုမိုထုတ်လုပ်လာနိုင်သလို တစ်ဖက်က အဆင့်မီရုပ်ရှင်ရုံတွေလည်း တိုးပွားပြသ လာနိုင်တာကို တွေ့ရပါတယ်။ ကျွန်မ သိရသလောက် ဒီနေ့အထိ မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာ Digital စနစ်နဲ့ ပြသ နိုင်တဲ့ အဆင်မြင့်ရုပ်ရှင်ရုံ ၁၂၆ ရုံရှိပြီး ရုပ်ရှင်ပိတ်ကား ၁၄၅ ခုအထိ တိုးပွား လာပြီဖြစ်တဲ့အတွက် ရုပ်ရှင်ချစ်ပရိသတ် တွေအနေနဲ့လည်း ယခင်ကထက် ရုပ်ရှင် ကြည့်နိုင်တဲ့ အခွင့်အလမ်းတွေ ပိုပြီးရရှိ လာပြီ ဖြစ်ပါတယ်။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုသလို ရုပ်ရှင်ဇာတ်ကား တွေ များများထွက်ရှိလာတာနဲ့အမျှ ရုပ်ရှင်ရုံလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမယ့် သူတွေ တိုးပွားလာမှာဖြစ်လို့ ခေတ်မီ ရုပ်ရှင်ရုံတွေလည်း နိုင်ငံတစ်ဝန်းမှာ အများအပြား ပေါ်ပေါက်လာမှာပဲ ဖြစ်ပါတယ်။
နိုင်ငံတော်အစိုးရ အနေနဲ့လည်း ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်တဲ့ စတူဒီယိုတွေ၊ ရိုက်ကွင်းနေရာ တွေ ဖန်တီးပေးနိုင်ဖို့ တတ်နိုင်တဲ့ ဘက်ကနေ ဖြည့်ဆည်းဆောင်ရွက်ပေး သွားမှာ ဖြစ်ပါတယ်။
အခွင့်အရေးတွေ အများကြီးရှိ
ဒီနေရာမှာ ရုပ်ရှင်လောကသားတွေ အနေနဲ့လည်း လက်ရှိရောက်နေတဲ့နေရာ မှာတင် တင်းတိမ်ကျေနပ်မနေဘဲ နိုင်ငံ တကာရုပ်ရှင်တွေနဲ့ အဆင့်အတန်း မီအောင် ရည်မှန်းချက်ထားပြီး လတ်တလောကာလမှာ ဒေသတွင်းရှိ ရုပ်ရှင်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံများလိုဖြစ်လာအောင် ကြိုးစားကြဖို့ တိုက်တွန်းလိုပါတယ်။ ရုပ်ရှင်အပါအဝင် ဖျော်ဖြေရေးလုပ်ငန်းတွေကနေ တစ်ဆင့် ကျွန်မတို့ ပြည်ထောင်စု နိုင်ငံသားတွေရဲ့ သမိုင်း၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ စိတ်နေ စိတ်ထား၊ ကျွန်မတို့ရဲ့ မျှော်လင့်ချက် တွေကို က္ဘာကသိအောင် နားလည် စာနာအောင်လုပ်နိုင်တဲ့ အခွင့်အရေး တွေ အများကြီးရှိနေတယ်ဆိုတာ မှတ်ယူ ထားစေချင်ပါတယ်။ ကျွန်မတို့အာရှမှာ ကိုရီးယား၊ ဂျပန်၊ တရုတ်၊ အိန္ဒိယရုပ်ရှင် ဇာတ်ကားတွေဟာ ကျွန်မတို့အာရှမှာ
ကိုရီးယား၊ ဂျပန်၊ တရုတ်၊ အိန္ဒိယရုပ်ရှင် ဇာတ်ကားတွေဟာ မိမိတို့ရဲ့ ယဉ်ကျေးမှု သမိုင်းတန်ဖိုးတွေနဲ့ တံဆိပ်ခတ်ထားပြီး ကမ္ဘာမှာ ထင်ရှားကျော်ကြားနေပါတယ်။ ကျွန်မတို့အနေနဲ့လည်း ကိုယ့်နိုင်ငံရဲ့ သမိုင်းအမွေအနှစ်တွေ၊ အနုပညာအမွေ အနှစ်တွေကို တစ်မူထူးခြားတဲ့ရှုထောင့်က ဖော်ထုတ်ပြနိုင်ပြီး ကမ္ဘာကစိတ်ဝင်စား အလေးထားတဲ့ ရုပ်ရှင်ယဉ်ကျေးမှုတစ်ရပ် အဖြစ် တည်ဆောက်စေချင်ပါတယ်။ သူတို့လို ရုပ်ရှင်များကတစ်ဆင့် ဖော်ထုတ် ပြသနိုင်မယ်ဆိုရင် နောင်မျိုးဆက်တွေ အထိ ဂုဏ်ယူရမယ့်မှတ်တိုင်တွေအဖြစ် မော်ကွန်းတင်နိုင်မှာပဲ ဖြစ်ပါတယ်။
ဂုဏ်ယူတန်ဖိုးထား
ကမ္ဘာတစ်ဝန်းမှာရုပ်ရှင်ကို စွဲလမ်း နှစ်သက်ကြပြီး ရုပ်ရှင်သရုပ်ဆောင်များ ကိုလည်း ချစ်ခင်လေးစားအရေးထား တတ်ကြပါတယ်။ အထူးသဖြင့် လူငယ် များအဖို့ အားကျအတုယူဖွယ်ရာ စံနမူနာ ပုဂ္ဂိုလ်များအဖြစ်လည်း မှတ်ယူတတ်ကြ ပါတယ်။ ဒါကြောင့်မို့လို့ ရုပ်ရှင်သရုပ် ဆောင်များအနေနဲ့လည်း ကိုယ့်ပရိသတ် ပြည်သူများရဲ့ စံနမူနာပြဖြစ်အောင် ကောင်းမွန်တဲ့ ကိုယ်ကျင့်တရား၊ ကြိုးစား တဲ့စိတ်၊ ရိုးသားတဲ့စိတ်၊ နိုင်ငံနဲ့လူမျိုးကိုချစ်မြတ်နိုး တန်ဖိုးထားတဲ့စိတ်တွေနဲ့ ဦးဆောင်လမ်းပြသူများအဖြစ် ဂုဏ်ယူ တန်ဖိုးထားတတ်ကြဖို့ တိုက်တွန်းချင် ပါတယ်။
တစ်ဖက်တစ်လမ်းကနေပါဝင်
ဒီလိုတန်ဖိုးထားမှုတွေကို ရှေးရိုး ဆန်တယ်လို့ ယူဆသူများပြားလာတဲ့ ပစ္စုပ္ပန်ကာလမှာ တီထွင်စွမ်းအားနဲ့ ပြန်လည်သစ်ဆန်းခေတ်မီအောင် ကြိုး စားပေးစေချင်ပါတယ်။ တစ်ဖက်ကလည်း ကိုယ့်ရဲ့ပရိသတ်ဖြစ်တဲ့ ပြည်သူတွေ အားလုံး လိုလားတောင့်တနေကြတဲ့ ငြိမ်းချမ်းရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ လူမှုစီးပွားဘ၀ ဖွံ့ဖြိုး တိုးတက်ရေးစတဲ့ ကဏ္ဍတွေမှာ ကိုယ် တတ်ကျွမ်းရာ အနုပညာအစွမ်းနဲ့ တစ်ဖက်တစ်လမ်းကနေ ပါဝင်ဆောင်ရွက် ပေးစေလိုပါတယ်။ ရုပ်ရှင်လောကရဲ့ ပရဟိတအင်အားတွေကို ဖော်ထုတ်ပြပေး စေချင်ပါတယ်။
နှစ်ထောင်းအားရမိ
ဒီနှစ်မှာ ထူးခြားမှုတစ်ခုအနေနဲ့ ဟောင်ကောင်အခြေစိုက် Shaw Brothers Pictures International Ltd.မှ Line Walker (Operation Midnight Shadow) ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းအချို့ကို မြန်မာနိုင်ငံမှာ လာရောက်ရိုက်ကူးသွားခဲ့တာကြောင့် ကိုယ့်နိုင်ငံရဲ့ အေးချမ်းသာယာတဲ့ ပုံရိပ်ကောင်းတွေ၊ ဖော်ရွေရိုင်းပင်းတဲ့ မြန်မာ့ဓလေ့စရိုက်တွေ၊ ဂုဏ်ယူဖွယ်ရာ မြန်မာ့ယဉ်ကျေးမှုတွေကို ဒီရုပ်ရှင်ကနေ တစ်ဆင့် က္ဘာကို သိရှိစေနိုင်တဲ့အတွက် အခွင့်အလမ်းကောင်းတစ်ခုအဖြစ် မှတ် ယူရမှာ ဖြစ်ပါတယ်။ ဒီလိုရိုက်ကူး နိုင်ဖို့အတွက် သက်ဆိုင်ရာတာဝန်ရှိတဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းများအပြင် ရိုက်ကူးရေးမှာ အဓိကကျတဲ့ ပြည်သူ တွေကလည်း ဝိုင်းဝန်းပူးပေါင်းပါဝင်ပြီး ကူညီခဲ့ကြတယ်လို့ သိရှိရတဲ့အတွက် နှစ်ထောင်းအားရမိပါတယ်။
စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာ
အခုဆိုရင် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် အတွင်း နေပြည်တော်မှာ ရုပ်ရှင် ဇာတ်ကားသုံးကား၊ ဇာတ်လမ်းတွဲသုံးတွဲ နှင့် ဇာတ်လမ်းတိုတစ်ခုကို လာရောက် ရိုက်ကူးခဲ့ကြတယ်လို့ သိရပါတယ်။ နေပြည်တော်ဟာ ဖျော်ဖြေရေးနဲ့ ပတ်သက်တဲ့မြို့တော်တစ်ခုအသွင် စတင် လာပြီဆိုတဲ့အသိနဲ့ အလွန်ပဲ ဝမ်းသာမိ ပါတယ်။ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင် များနဲ့ ပြည်ပရင်းနှီးမြှုပ်နှံလိုသူများရဲ့ ရုပ်ရှင်ကဏ္ဍအပေါ် စိတ်ဝင်စားမှု ပိုမို မြင့်တက်လာတာနဲ့အမျှ ကျွန်မတို့ မျှော်လင့်ခဲ့တဲ့ နေပြည်တော်မှာ ရုပ်ရှင် မြို့တော် တည်ဆောက်ရေးဆိုတဲ့ အတွေး ဟာ လက်တွေ့ဖြစ်လာနိုင်တဲ့ အခြေ အနေကို ပုံဖော်ပေးနိုင်တော့မှာ ဖြစ်ပါ တယ်။
နိဂုံးချုပ်အနေနဲ့ ဒီနေ့ကျင်းပတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်း အနား အခါသမယမှာ ကျွန်မတို့ရုပ်ရှင် လောက တိုးတက်ပါစေ၊ အောင်မြင်ပါစေ၊ နိုင်ငံနဲ့ လူမျိုးအကျိုးကို ကိုယ်တတ်စွမ်းရာ ပညာနဲ့ ကျရာကဏ္ဍကနေ သယ်ပိုးရင်း ပြည်သူကချစ်တဲ့ အနုပညာရှင်တွေ၊ ပြည်သူကိုချစ်တဲ့ အနုပညာရှင်တွေအဖြစ် မားမားမတ်မတ်ရပ်တည်ရင်း မြန်မာ့ ရုပ်ရှင်ဂုဏ်သတင်းဟာ ရာစုနှစ်ပေါင်း များစွာ မွှေးပျံ့သင်းကြိုင် တည်တံ့ခိုင်မြဲ ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်အပ်ပါတယ် ဟု ပြောကြားသည်။
ဆက်လက်၍ ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က အမှာစကားပြောကြားရာတွင် ယနေ့သည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အတွင်း ရုံတင်ပြသခဲ့သည့် မြန်မာ့ရုပ်ရှင် ဇာတ်ကား ၈၃ ကားထဲမှ အထူးခြားဆုံး ရုပ်ရှင်၊ အထူးချွန်ဆုံး သရုပ်ဆောင်ခဲ့သည့် အနုပညာရှင်များ၊ အပြောင်မြောက်ဆုံး ဖန်တီးခဲ့သည့် အတတ်ပညာရှင်များနှင့် အကောင်းဆုံး စီစဉ်ထုတ်လုပ်သူများကို ဂုဏ်ပြုချီးမြှင့်မည့် အခမ်းအနားဖြစ်ပါ ကြောင်း။
ဆန်းသစ်အောင် ဆောင်ရွက်လာ
ရုပ်ရှင်ထူးချွန်ဆုများ ရွေးချယ် ချီးမြှင့်ခြင်းကို ၂၀၁၃ ခုနှစ်မှ စတင်ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဆောင်ရွက်လာခဲ့ရာတွင် တစ်နှစ်ထက် တစ်နှစ် ပိုပြီးခမ်းနားအောင်၊ ထူးခြား ဆန်းသစ်အောင် ဆောင်ရွက်လာသည်ကို တွေ့ရပါကြောင်း၊ ယခုနှစ်တွင် အဓိက ထူးခြားချက်အနေဖြင့် ဆုရွေးချယ်ရေး အဖွဲ့က အဘက်ဘက်မှ ပြည့်စုံကောင်းမွန် အောင် ဖွဲ့စည်းပြင်ဆင်ဆောင်ရွက်ခဲ့ သည်ကို တွေ့ရပါကြောင်း၊ ရုပ်ရှင်လောက ၏ သက်ကြီးဝါကြီးပုဂ္ဂိုလ်များ၊ အနု ပညာရှင်ကြီးများကိုယ်တိုင် အသက် အရွယ်ကြီးရင့်သည့်ကြားထဲမှ အပင်ပန်းခံ ပြီး စနစ်တကျ အဆင့်ဆင့် စိစစ်ရွေးချယ် သည့်တာဝန်များကို ဆောင်ရွက်ခဲ့သည် ကို သိရသည့်အတွက် အနုပညာရှင်ကြီး များ၏ စိတ်စေတနာနှင့် ကြိုးပမ်း အားထုတ်မှုများကို အထူးလေးစား ချီးကျူးဂုဏ်ပြုပါသည်ဟု ပြောကြားလိုပါ ကြောင်း။
ဖွံ့ဖြိုးတိုးတက်မှု အစပြု
ရုပ်ရှင်လောကသားများ စုံညီစွာ တက်ရောက်ကြသည့် ယနေ့အခမ်းအနား တွင် မြန်မာ့ရုပ်ရှင်နှင့်စပ်လျဉ်းပြီး မိမိ၏ ရှုမြင်ချက်တစ်ရပ်ကို အနည်းငယ်တင်ပြ လိုပါကြောင်း၊ ယနေ့အချိန်သည် မြန်မာ့ ရုပ်ရှင်လောကတွင် သိသာထင်ရှားသော အပြောင်းအလဲများ စတင်ဖြစ်ပေါ်ချိန် ဖြစ်သည်ဟု ရှုမြင်ပါကြောင်း၊ မြန်မာ့ ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်မှု အစပြု သည့် လက္ခဏာများ မြင်တွေ့နေရခြင်းကို အကြောင်းပြုပြီး ယခုစကားကို ပြောခြင်း ဖြစ်ပါကြောင်း။
ပရိသတ်များအနေဖြင့် စဉ်းစား ကြည့်စေလိုပါကြောင်း၊ မကြာသေးခင် နှစ်များအတွင်းက မြန်မာ့ရုပ်ရှင်လောက တွင် ရုပ်ရှင်အရည်အသွေးနှင့်ပတ်သက်ပြီး အားမရနိုင်၊ မနှစ်သက်နိုင်၍ ဝေဖန် သည့်အသံများ၊ ထောက်ပြသည့်အသံများ ဆူညံနေပါကြောင်း၊ အညံ့စားကားများ ဆက်ပြီးမရိုက်ကြရန်နှင့် ထုတ်မနေကြရန် ဆိုပြီး ကန့်ကွက်သံ၊ ပြစ်တင်သည့်အသံ များ မပြတ်ကြားခဲ့ရပါကြောင်း။
တစ်ကားပြီးတစ်ကား ပေါ်ထွက်
သို့သော် ယနေ့ ဆုရွေးချယ်ချီးမြှင့် မည့်ဇာတ်ကားများ ပြသခဲ့သည့် ပြီးခဲ့ သည့် ၂၀၁၈ ခုနှစ်တွင် ရုပ်ရှင်ကြည့် ပရိသတ်များအကြား ရေပန်းစားသွား သည့် ရုပ်ရှင်ဇာတ်ကားကောင်းများ တစ်ကားပြီးတစ်ကား ပေါ်ထွက်လာသည် ကို တွေ့ရပါကြောင်း။
ယင်းမှာ ရုပ်ရှင်အရည်အသွေး ကောင်းမွန်ရန်၊ မြင့်မားရန်အတွက် အပြိုင်အဆိုင် ကြိုးပမ်းလာကြသည် ဆိုသည့် လက္ခဏာဖြစ်ပါကြောင်း၊ တစ်ဖက်တွင်လည်း ရုပ်ရှင်ဇာတ်ကား များ လူကြိုက်များသည့်အတွက် ဝင်ငွေ စံချိန်ချိုးသွားပြီဆိုသည့် အသံများ ကိုလည်း ကြားရပါကြောင်း၊ တစ်ဆက် တည်းတွင် ဇာတ်ကားကောင်းပါက ဝင်ငွေကောင်းသည်ဆိုသည့်အချက်က ထင်ရှားလာသည့်အတွက်ကြောင့် ဇာတ် ကားကောင်းများ ရိုက်ကူးထုတ်လုပ်နိုင် ရန်အတွက် ငွေကြေးများများ စိုက်ထုတ် လုပ်ကိုင်လာကြသည်ကို ကြားသိလာရ ပါကြောင်း၊ အင်မတန်ကောင်းသည့် လက္ခဏာများ ဖြစ်ပါကြောင်း။
တစ်နေ့တခြားတိုးတက်လာ
နောက်တစ်ခုမှာ ရုပ်ရှင်ရုံများနှင့် ပတ်သက်သည့်အပိုင်း ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့်နှစ်များက ရုပ်ရှင်ရုံမလုံလောက် သည့်ပြဿနာကို ကြီးကြီးမားမား ကြားသိရပါကြောင်း၊ ယင်းပြဿနာသည် ဖြေရှင်းရခက်သည့် ပြဿနာတစ်ရပ် ဖြစ်နေခဲ့ပါကြောင်း၊ ယနေ့အချိန်အထိ လည်း လုံလောက်သည့်အနေအထား အထိ မရောက်သေးပါကြောင်း၊ သို့သော် ရုပ်ရှင်ရုံလုပ်ငန်းသည် ရင်းနှီးမြှုပ်နှံသူ များအတွက် အခွင့်အလမ်းဖြစ်သည် ဆိုသည်ကို သိမြင်သူများ တိုးပွားလာ သည့်အလျောက် ရုပ်ရှင်ရုံလုပ်ငန်းတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လာကြ ပါကြောင်း၊ ထို့ကြောင့် ရုပ်ရှင်ရုံအရေ အတွက်သည် တစ်နေ့တခြား တိုးတက် လာနေပါကြောင်း၊ ထို့ကြောင့် ၂၀၁၆ ခုနှစ်က ရုပ်ရှင်ဇာတ်ကား ၃၃ ကား ရုံတင်နိုင်ခဲ့ရာမှ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် တွင် ၈၃ ကားအထိ ရုံတင်လာနိုင်ပါ ကြောင်း၊ ရုပ်ရှင်ရုံအရေအတွက်၊ ရုပ်ရှင် ပိတ်ကားအရေအတွက် ၁၄၆ ခု အထိ ရှိလာပြီး တစ်ချိန်တည်းတွင် နောက်ထပ် အသစ်အသစ် တိုးတက်လာမှုများလည်း ရှိနေပါကြောင်း၊ လာမည့် နှစ်လ၊ သုံးလ အတွင်းတွင် နောက်ထပ်ဖွင့်လှစ်မည့် ရုပ်ရှင်ရုံ ၂၀ ခန့် ရှိမည်ဟု သိရှိရပါ ကြောင်း၊ ယခုနှုန်းအတိုင်း တိုးတက်သွား မည်ဆိုပါက ထွက်ပေါ်လာမည့်ရုပ်ရှင်ကား အရေအတွက်နှင့် ရုပ်ရှင်ရုံများ၏ အရေ အတွက်သည် မျှတသွားမည့် အနေ အထားကို ရောက်ရှိလိမ့်မည်ဟု မြင်ပါ ကြောင်း။
ယင်းမှာ မြန်မာ့ရုပ်ရှင်လောကတွင် ရုပ်ရှင်ပညာသည်များဘက်က အနုပညာ အတတ်ပညာပိုင်းဆိုင်ရာတွင် အားထုတ် လာသည့်အပိုင်းနှင့် ရုပ်ရှင်တွင် ရင်းနှီး မြှုပ်နှံသည့် လုပ်ငန်းသမားများ၏အပိုင်း ကလည်း တိုးတက်ပြီး ရင်းနှီးမြှုပ်နှံလာ သည့် အပိုင်း နှစ်ပိုင်း ချိတ်ဆက်မိလာ သည့်အနေအထား ဖြစ်ပါကြောင်း၊ ယင်းမှ ဆက်လက်ပြီး ရုပ်ရှင်လုပ်ငန်း ကဏ္ဍတစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်မည့်ဆီသို့ ဦးတည်ရှေးရှုလာနေသည်ကို မြင်ရပါ ကြောင်း။
မြန်မာ့ရုပ်ရှင်သည် လာမည့်နှစ် တွင် သက်တမ်းနှစ် ၁၀၀ ပြည့်တော့ မည်ဖြစ်ပါကြောင်း၊ မြန်မာ့ရုပ်ရှင်သည် က္ဘာတွင် ရုပ်ရှင်ပေါ်ထွန်းစ ခေတ်ဦးပိုင်း ကာလကတည်းက ပေါ်ပေါက်ခဲ့ခြင်းဖြစ် ပါကြောင်း၊ နိုင်ငံတကာတွင် အသံတိတ် ရုပ်ရှင်၊ အသံတိတ်မှ အသံထွက်၊ အဖြူ အမည်းမှ ဆေးရောင်စုံ စသည်ဖြင့် ပြောင်းလဲလာသည့် ကာလတစ်လျှောက် တွင် မိမိတို့နိုင်ငံတွင်လည်း ရုပ်ရှင်သည် ထိုသို့ပြောင်းလဲပြီး တိုးတက်လာခဲ့ပါ ကြောင်း၊ မြန်မာ့ရုပ်ရှင်ကို ပြည်တွင်း ပရိသတ်သာမက နိုင်ငံတကာကပါ ယခင်ကတည်းက ကြည့်ရှုခဲ့ကြပါကြောင်း၊ မိမိသိရသည့် စာရင်းတစ်ခုအရ ၁၉၃၀ ပြည့်နှစ်ဝန်းကျင်တွင် မြန်မာရုပ်ရှင်ကား ၂၀ နီးပါးကို ပြည်ပနိုင်ငံများသို့ တင်ပို့ နိုင်ခဲ့ပါကြောင်း၊ ဂျပန် - ထိုင်း - အိန္ဒိယ စသည့်နိုင်ငံများသို့ မြန်မာ့ရုပ်ရှင်ကား များကို တင်ပို့ပြသနိုင်ခဲ့သည်ကို သိရ ပါကြောင်း၊ အိန္ဒိယနိုင်ငံတွင် မြန်မာ ဇာတ်ကားများကို ၎င်းတို့ဘာသာဖြင့် စာတမ်းထိုးပြသခဲ့ပါကြောင်း၊ စစ်ပြီးခေတ် တွင် မြန်မာရုပ်ရှင်ကားများ တရုတ်၊ ဆိုဗီယက် စသည့်နိုင်ငံများကို တင်ပို့ ပြသနိုင်ခဲ့သည်ကို အားလုံးသိရှိပါ ကြောင်း၊ ယင်းမှာ မိမိတို့ မြန်မာ့ရုပ်ရှင် သည် အစောပိုင်းကာလများတွင် နိုင်ငံ တကာကို ဝင်ဆံ့နိုင်ခဲ့သည်ကို သိရပါ ကြောင်း။
တီထွင်ဆန်းသစ်လိုသူများ ယခင်ကတည်းက ရှိနေ
မြန်မာ့ရုပ်ရှင်သည် နိုင်ငံတကာနှင့် အထူးသဖြင့် အနီးဝန်းကျင်တွင် ဝင်ဆံ့ နိုင်ရန်အတွက် မိမိတို့ ရုပ်ရှင်နယ်ပယ် ထဲတွင် စွမ်းဆောင်ရည်မြင့်မားသော အတတ်ပညာရှင်၊ အနုပညာရှင်များ ရှိသကဲ့သို့ ရုပ်ရှင်လုပ်ငန်းထဲတွင် ရင်းနှီး မြှုပ်နှံလိုသူများ၊ တီထွင်ဆန်းသစ်လိုသူ များသည် ယခင်ကတည်းက ရှိနေသည်ကို တင်ပြခြင်း ဖြစ်ပါကြောင်း။
တစ်ခေတ်တစ်ခါက နိုင်ငံတကာတွင် ဝင်ဆံ့ခဲ့ရာမှ ကာလတစ်ခုတွင် ရုပ်ရှင် သည် အကြောင်းကြောင်းကြောင့် ယိုယွင်းကျဆင်းခဲ့သည်ကိုလည်း အားလုံး အသိပင်ဖြစ်ကြောင်း။
ပြည်ပကို တင်ပို့လာနိုင်
ထိုသို့ ယိုယွင်းကျဆင်းသည့် အနေ အထားမှ ယနေ့ကာလတွင် မြန်မာ ဇာတ်ကားကောင်းများ ပေါ်ထွက်လာပြီး ယင်းဇာတ်ကားများသည် ပြည်တွင်း သာမက ပြည်ပကို တင်ပို့လာနိုင်ပါ ကြောင်း၊ ၂၀၁၈ ခုနှစ်အတွက် ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သည့် ဇာတ်ကားများထဲမှ ၁၀ ကားသည် အိမ်နီးချင်းတိုင်းပြည်များသို့ တင်ပို့ ပြသနိုင်ခဲ့သည့် အနေအထားများအပေါ် မူတည်ပြီး မြန်မာ့ရုပ်ရှင်သည် ပြန်လည် ဆန်းသစ်စပြုကာ ရှေ့ဆက်၍ ဖွံ့ဖြိုး တိုးတက်မည့် လက္ခဏာများ ပြသနေပြီဟု ဆိုလိုခြင်း ဖြစ်ပါကြောင်း။
မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ အဓိက စွမ်းဆောင်နိုင်သူ များသည် မြန်မာ့ရုပ်ရှင်လောကသားများ ဖြစ်ပါကြောင်း။
စိတ်အားထက်သန်လျက်ရှိ
တစ်ဖက်တွင်လည်း နိုင်ငံတော် အစိုးရအနေဖြင့် ရုပ်ရှင်လောကသားများ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင် ရွက်သည့်နေရာတွင် ပိုပြီးထိထိရောက် ရောက် ဆောင်ရွက်နိုင်ရန် လိုအပ်သည် များကို ဖြည့်ဆည်းကူညီ ဆောင်ရွက် ပေးရန် စိတ်အားထက်သန်လျက်ရှိသည် ကို တင်ပြလိုကြောင်း။
အစွမ်းကုန်ပါဝင်ကူညီ
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် ရုပ်ရှင်အနုပညာ၊ အတတ် ပညာရပ်များကို နှစ်သက်တန်ဖိုးထား သကဲ့သို့ ရုပ်ရှင်လောကသားများနှင့် ရင်းနှီးခင်မင်သည်ကို ရုပ်ရှင်လောက သားများ အသိဖြစ်ပါကြောင်း၊ ရုပ်ရှင် လုပ်ငန်းနှင့် သက်ဆိုင်သော ပြန်ကြား ရေးဝန်ကြီးဌာနကိုလည်း မြန်မာ့ရုပ်ရှင် လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန်ပါဝင် ကူညီဆောင်ရွက်ရန် တိုက်တွန်းလမ်းòန် လျက်ရှိပါကြောင်း။
ယင်းလမ်းòန်ချက်များနှင့်အညီ မိမိတို့ အကောင်အထည်ဖော် ဆောင် ရွက်နေသည်များကို အသေးစိတ်အစီ ရင်ခံတင်ပြခြင်းမပြုဘဲ ရုပ်ရှင်လောက သားများကို အသိပေးလိုသည့် အချက် နှစ်ခုကို တင်ပြချင်ပါကြောင်း။
ပြုပြင်မှုများဆောင်ရွက်လျက်ရှိ
ပထမတစ်ခုမှာ ရန်ကုန်မြို့လယ် ဗဟန်းမြို့နယ်ရှိ ရုပ်ရှင်မြှင့်တင်ရေးခြံဖြစ် ပါကြောင်း၊ ယင်းခြံသည် ယခင်က ရုပ်ရှင်လောကသားများအတွက် အကျိုး ရှိစွာ အသုံးပြုခဲ့သော နေရာတစ်ခုဖြစ်ခဲ့ပြီး နာဂစ်အပါအဝင် သဘာဝဘေးရန်များ နှင့် အခြားသောအကြောင်းကြောင်းများ ကြောင့် ကာလရှည်ကြာ ပျက်စီးယိုယွင်းခဲ့ ပါကြောင်း၊ ယခုအခါ အဆိုပါ ရုပ်ရှင်ခြံကို ပြုပြင်မှုများဆောင်ရွက်လျက်ရှိကြောင်း၊ ရုပ်ရှင်စတူဒီယို (၁)၊ (၂)၊ (၃) စသည့် အဆောက်အဦများကို ပြန်လည်မွမ်းမံ ပြင်ဆင်ပြီး ယခုအခါ ရိုက်ကူးရေး လုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်၍ ပြည့်ပြည့်၀၀ အသုံးပြုသွားကြရန် ဖိတ်ခေါ်ပါကြောင်း။
ပညာမျှဝေရာနေရာတစ်ခုအဖြစ် ဖန်တီးပေးထားခြင်းဖြစ်
ထို့ပြင် ရုပ်ရှင်ခြံကို ရုပ်ရှင်မြှင့်တင် ရေးစင်တာအဖြစ် ခင်းကျင်းပြင်ဆင်ပြီး ရုပ်ရှင်နှင့်ပတ်သက်သည့် စာတမ်းဖတ်ပွဲ၊ ဆွေးနွေးပွဲ၊ ရုပ်ရှင်သုံးသပ်ပွဲ၊ ရုပ်ရှင် ဆိုင်ရာ စာနယ်ဇင်းမိတ်ဆက်ပွဲ၊ ရုပ်ရှင် ပညာသင်တန်း စသည်တို့ကို အသုံးပြု လျက်ရှိပါကြောင်း၊ ယင်းနေရာကို မြန်မာ့ ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရှင်များ လွတ်လပ်စွာနှီးနှောဖလှယ် ရာနေရာ၊ အချင်းချင်းအကြား ပညာ မျှဝေရာနေရာတစ်ခုအဖြစ် ဖန်တီးပေး ထားခြင်းဖြစ်သည့်အတွက် ယခုနေရာကို ထိထိရောက်ရောက် အသုံးပြုကြရန် ဖိတ်ခေါ်ပါကြောင်း။
ပြောဆိုဝေဖန်ခဲ့ကြ
ဒုတိယတစ်ခုမှာ ရုပ်ရှင်ရိုက်ကူး ရေးတွင် ကြုံတွေ့နေကြရသည့် အခက် အခဲ၊ အတားအဆီးများကို အစဉ်တစိုက် ရုပ်ရှင်လောကသားများက ပြောဆို ဝေဖန်ခဲ့ကြပါကြောင်း၊ အဆိုပါ အတား အဆီး၊ အခက်အခဲများကို တတ်နိုင်သမျှ အဆင်အပြေဆုံးဖြစ်အောင် သက်ဆိုင်ရာ နေရာဌာနအသီးသီးမှ တာဝန်ရှိသူများ၊ အဖွဲ့ အစည်းများနှင့် ဆွေးနွေးညှိနှိုင်းပြီး အဆင်အပြေဆုံးဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်ပေးနေပါကြောင်း၊ ဥပမာ - နေပြည်တော်တွင် ရုပ်ရှင်ရိုက်ကူးလိုသူ များအတွက် လုပ်ငန်းအဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက်ပေးရန် ပြန်ကြားရေး နှင့် ပြည်သှူဆက်ဆံရေးဦးစီးဌာနမှ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ကို ဖွဲ့စည်း ထားပြီး ယင်းအဖွဲ့ကို ဆက်သွယ်ပြီး အကူအညီတောင်းပါက နေပြည်တော် တွင် ရိုက်ကူးရေးလုပ်ငန်းများ အဆင်ပြေ အောင် ကူညီဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ ထို့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ခွန်းတွင် ပါဝင် သည့် ဟောင်ကောင်မှ ရှောဘရားသားစ် ကုမ္ပဏီက ရုပ်ရှင်လာရောက်ရိုက်ကူးခဲ့သည်ကို အများအသိပင်ဖြစ်ပါကြောင်း၊ ယင်းရုပ်ရှင်ကို ရန်ကုန်မြို့လယ်တွင် လာရောက် ရိုက်ကူးခြင်းဖြစ်ပါကြောင်း၊
တစ်ချိန်တစ်ခါက ရိုက်ကူးမှု အင်မတန်ခက်ခဲသည်ကို ရိုက်ကူးဖြစ် အောင် ဝိုင်းဝန်းညှိနှိုင်း ကူညီဆောင် ရွက်ပေးခဲ့ပါကြောင်း၊ ထို့ပြင် ရုပ်ရှင် ရိုက်ကူးရေးတွင် အခက်အခဲ၊ အဟန့် အတားဖြစ်နေသည်များကို အဆင်ပြေ ချောမွေ့အောင် မည်သည့်အတိုင်းအတာ အထိ ညှိနှိုင်းကူညီဆောင်ရွက်ပေးလျက် ရှိသည်ကို တင်ပြခြင်းဖြစ်ပါကြောင်း၊ ထိုသို့ ရိုက်ကူးရေးအတွက် ကူညီဆောင် ရွက်ပေးခြင်းသည် နိုင်ငံခြားကုမ္ပဏီ ဖြစ်၍ ဆောင်ရွက်ပေးခြင်းမဟုတ်ဘဲ မြန်မာ့ရုပ်ရှင်ဇာတ်ကားကောင်းများ ပေါ်ထွက်ရေးအတွက် ကြိုးပမ်းဆောင် ရွက်ကြမည့် မြန်မာ့ ရုပ်ရှင်သမားများ၏ ရိုက်ကူးရေး အစီအစဉ်များကိုလည်း ထိရောက်စွာ ညှိနှိုင်းကူညီ ဆောင်ရွက် ပေးရန် အဆင်သင့်ရှိကြောင်းကို ပြောကြားလိုပါကြောင်း။
ဆက်လက်ကြိုးစား အားထုတ်
ယနေ့ ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ တွင် ၂၀၁၈ ခုနှစ် ရုပ်ရှင်အနုပညာဖန်တီးမှုများ အတွက် အသင့်တော်ဆုံး၊ အထိုက်တန် ဆုံး၊ အနုပညာရှင် အတတ်ပညာရှင်များ နှင့် ထုတ်လုပ်သူများ ဆုရရှိကြပါစေ၊ ဆုရရှိသူများ ကိုယ်တိုင်နှင့် ၎င်းတို့ကို နှစ်သက်အားပေးသူများ ပျော်ရွှင်ကြ ပါစေ၊ ဆုနှင့်ကပ်၍ လွဲချော်ခဲ့ကြသူများ လည်း စိတ်ပျက်အားလျော့ခြင်းမဖြစ်ဘဲ နောက်နှစ်များတွင် မိမိဆုရရှိရန် ဆက်လက်ကြိုးစား အားထုတ်နိုင်ကြပါစေ ဟု ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက မြန်မာ့ ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပန်ကြားချက်ကို တင်ပြသည်။
ထို့နောက် ၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုများပေးအပ်ရာတွင် ပါဝင် အားဖြည့်ကူညီကြမည့် မျိုးဆက်သစ် အနုပညာရှင် အကူမောင်မယ်များနှင့် မိတ်ဆက်ပေးသည်။
ရုပ်ရှင်တစ်သက်တာဆုပေးအပ်
ယင်းနောက် ၂၀၁၈ ခုနှစ် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုများကို ကြေညာပြီး ဆုချီးမြှင့်ပွဲကိုကျင်းပရာ ရှေးဦးစွာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ငါးထပ်ကွမ်း ရုပ်ရှင်ထူးချွန်ဆုရ စည်သူ ဒေါ်မြင့်မြင့်ခင် အား ရုပ်ရှင်တစ်သက်တာဆု ပေးအပ် ချီးမြှင့်သည်။
ထို့နောက် ရုပ်ရှင်တစ်သက်တာဆု ရရှိသူ ငါးထပ်ကွမ်းရုပ်ရှင်ထူးချွန်ဆုရ စည်သူ ဒေါ်မြင့်မြင့်ခင်က ကျေးဇူးတင် ဩဝါဒစကား ပြန်လည်ပြောကြားသည်။
ရုပ်ရှင်ထူးချွန်ဆုများကြေညာ
ယင်းနောက် ၂၀၁၈ ခုနှစ် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုများကို ဆက်လက် ကြေညာရာ ရုပ်ရှင်အတတ်ပညာဆု တစ်ဆုဖြစ်သည့် အကောင်းဆုံးရုပ်ရှင် အသံထူးချွန်ဆုကို ''မုန်းစွဲ'' ဇာတ်ကား ဖြင့် ကိုအေးက လည်းကောင်း၊ အကောင်း ဆုံး ရုပ်ရှင်တည်းဖြတ် ထူးချွန်ဆုကို '' ရွှေကြာ''ဇာတ်ကားဖြင့် ကျော်ခိုင်စိုး က လည်းကောင်း၊ အကောင်း ဆုံးရုပ်ရှင် ဓာတ်ပုံထူးချွန်ဆုကို ''မုန်းစွဲ''ဇာတ်ကား ဖြင့် ဝင်းလွင်ထက်က လည်းကောင်း၊ အကောင်းဆုံးရုပ်ရှင် နောက်ခံတေးဂီတ ထူးချွန်ဆုကို ''မျက်နှာပြင်များ''ဇာတ်ကားဖြင့် ရှလုံးအမ်ရောနမ်က လည်းကောင်း၊ အကောင်းဆုံးရုပ်ရှင် ဇာတ်òန်းထူးချွန်ဆုကို '' ရွှေကြာ'' ဇာတ်ကားဖြင့် ဝိုင်းက လည်းကောင်း၊ အကောင်းဆုံးရုပ်ရှင် ဒါရိုက်တာ ထူးချွန်ဆုကို ''မုန်းစွဲ'' ဇာတ်ကားဖြင့် ဒါရိုက်တာ ဩရသက လည်းကောင်း၊ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကား ထူးချွန်ဆုကို '' ရွှေကြာ''ဇာတ်ကားဖြင့် ငွေသော်တာ ရုပ်ရှင်ထုတ်လုပ်ရေးမှ ဒေါ်လေးသ္တာမြင့်က လည်းကောင်း၊ အကောင်းဆုံးအမျိုးသားရုပ်ရှင်ဇာတ်ပို့ ထူးချွန်ဆုကို ''မုန်းစွဲ''ဇာတ်ကား ဖြင့် ကျော်ကျော်ဗို က လည်းကောင်း၊ အကောင်းဆုံးအမျိုးသမီး ရုပ်ရှင်ဇာတ်ပို့ ထူးချွန်ဆုကို '' နောင်တွင် ဥဒါန်းတွင်စေ သတည်း''ဇာတ်ကားဖြင့် အေးမြတ်သူ က လည်းကောင်း၊ အကောင်းဆုံး အမျိုးသမီးရုပ်ရှင်ဇာတ်ဆောင်ထူးချွန် ဆုကို '' ရွှေကြာ''ဇာတ်ကားဖြင့် ဖွေးဖွေး က လည်းကောင်း၊ အကောင်းဆုံး အမျိုးသားရုပ်ရှင် ဇာတ်ဆောင်ထူးချွန် ဆုကို '' မှော်ဝင်သမန်းကျား''ဇာတ်ကား ဖြင့် သူထူးစံက လည်းကောင်းရရှိကြ ပြီး ဆုရရှိကြသူများအား ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ဝါရင့် အကယ်ဒမီ အနုပညာရှင်ကြီးများက ထူးချွန်ဆုများကို အသီးသီးပေးအပ် ချီးမြှင့်ကာ ထူးချွန်ဆုရ အနုပညာရှင် များက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
ဆုချီးမြှင့်ပွဲ အခမ်းအနားအပြီးတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာရွှေလွှမ်း၊ ပြည်ထောင်စုဝန်ကြီး များနှင့် ၎င်းတို့၏ဇနီးများ၊ တာဝန်ရှိ သူများသည် ၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် ထူးချွန်ဆု ဆွတ်ခူးရရှိခဲ့ကြသည့် ရုပ်ရှင် အနုပညာရှင်၊ အတတ်ပညာရှင်များကို ဂုဏ်ပြုနှုတ်ဆက်ကြသည်။
အသီးသီးပေးအပ်ချီးမြှင့်ခဲ့
ယခုကျင်းပသည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုကို ၂၀၁၈ ခုနှစ်အတွင်း ရုံတင် ပြသခဲ့သည့် မြန်မာ့ရုပ်ရှင်ဇာတ်ကား ၈၃ ကားထဲမှ ဆန်ခါတင် ၂၅ ကားကို အဆင့်ဆင့်အကဲဖြတ်ရွေးချယ်ခဲ့ပြီး ယင်း ဇာတ်ကားများအနက်မှ ထူးချွန်ဆုများ ကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
စံချိန်တင်နိုင်ခဲ့
၂၀၁၈ ခုနှစ်အတွင်း ရုပ်ရှင် ဇာတ်ကား ၈၃ ကားအထိ ရုံတင်ပြသ နိုင်ခြင်းသည် မြန်မာ့ရုပ်ရှင်သမိုင်း တစ်လျှောက် ဒုတိယစံချိန်အများဆုံး ရုံတင်ပြသနိုင်သည့်နှစ်အဖြစ် မှတ်တမ်း တင်နိုင်ခဲ့ကြောင်း သိရသည်။ ပထမ စံချိန်တင်နိုင်သည့်ကာလမှာ ၁၉၆၂ ခုနှစ် ကဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားပေါင်း ၈၈ ဇာတ်ကားဖြင့် စံချိန်တင်နိုင်ခဲ့ကြောင်း သိရသည်။
စတင်ဆွတ်ခူးရယူနိုင်ခဲ့
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုကို ၁၉၅၂ ခုနှစ်က စတင်ပေးအပ်ချီးမြှင့်ခဲ့ရာ ဇာတ်ကားဆုကို ''ချစ်သက်ဝေ''၊ အမျိုးသားပညာရှင်ဆုကို ကျော်ဝင်း နှင့် အမျိုးသမီးပညာသည်ဆုကို ကြည်ကြည်ဌေးတို့က စတင်ဆွတ်ခူးရယူ နိုင်ခဲ့သည်။
ဆုပေါင်း ၄၁၀ ဆုချီးမြှင့်ခဲ့
၁၉၅၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ (၆၅)နှစ်အတွင်း ရုပ်ရှင်တစ်သက်တာဆု တစ်ဆု၊ ရုပ်ရှင်ဇာတ်ကားဆု ၄၇ ဆု (ဒုတိယဆုနှင့် တတိယဆု သုံးဆုစီ အပါအဝင်) ၊ ဒါရိုက်တာဆု ၄၈ ဆု၊ အမျိုးသားဇာတ်ဆောင်ဆု ၅၁ ဆု၊ အမျိုး သမီးဇာတ်ဆောင်ဆု ၆၀၊ အမျိုးသား ဇာတ်ပို့ဆု ၄၁ ဆု၊ အမျိုးသမီးဇာတ်ပို့ဆု ၄၄ ဆု၊ ရုပ်ရှင်ဓာတ်ပုံဆု ၅၀၊ ရုပ်ရှင် တေးဂီတဆု ၂၁ ဆု၊ ရုပ်ရှင် အသံဆု ၁၃ ဆု၊ ရုပ်ရှင်ဇာတ်òန်းဆု ၁၄ ဆု၊ ရုပ်ရှင်တည်းဖြတ်ဆု ၁၄ ဆုနှင့် အထူးဆု ခြောက်ဆုအပါအဝင် ရုပ်ရှင်ထူးချွန် ဆုပေါင်း ၄၁၀ ဆုချီးမြှင့်ခဲ့ကြောင်း သိရ သည်။
ရုပ်ရှင်တစ်သက်တာဆုကို ၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ခြင်း အခမ်းအနားတွင် စတင်ပေးအပ်ချီးမြှင့်ရာ စည်သူဘိုကလေးတင့်အောင်က ဆွတ်ခူး ရရှိခဲ့သည်။
အများဆုံး ဆွတ်ခူးရရှိခဲ့
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ သမိုင်းတစ်လျှောက်တွင် အကယ်ဒမီ ဦးညွန့်ဝင်းက ဇာတ်ဆောင်၊ ဇာတ်ပို့ ထူးချွန်ဆုများကို (၇)ကြိမ်ဖြင့် အများဆုံး ဆွတ်ခူးရရှိခဲ့သည်။
အကယ်ဒမီ ‘ဒါရိုက်တာ ဦးသုခက ဒါရိုက်တာဆု ၊ အကယ်ဒမီ ရန်အောင်က ဇာတ်ဆောင်ဆု၊ အကယ်ဒမီ သန်းညွန့် (ပန်းသာ)က ရုပ်ရှင်ဓာတ်ပုံဆုနှင့် ဇော်မင်း(ဟံသာမြေ)က ရုပ်ရှင် တည်းဖြတ်ဆုများကို (၆)ကြိမ်စီ ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment