Saturday, March 2, 2019

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အမှတ်စဉ် (၁/၂၀၁၉)အစည်းအဝေးကျင်းပ
Image may contain: 3 people, people sitting and indoor
နေပြည်တော် မတ် ၁
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ အမှတ်စဉ်(၁/ ၂၀၁၉)အစည်းအဝေးကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက အဖွင့်အမှာ စကားပြောကြားသည်။
ယင်းနောက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဗဟို အဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ ငွေကြေးဆိုင်ရာ မှုခင်းတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ် ကျော်ဝင်းသိန်းက ယခင်ပြုလုပ်ခဲ့သည့် အမှတ်စဉ်(၁/၂၀၁၈)အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေ နှင့် အမျိုးသားအဆင့်မဟာဗျူဟာ (မူကြမ်း) ရေးဆွဲ ထားရှိမှုအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများ ကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ငွေကြေးဆိုင်ရာ မှုခင်းတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီး တင်အောင်ဝင်းက ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအား ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေးကော်မရှင်နှင့် ဥပဒေပြင်ဆင်ရေး ဆွဲရေး ကော်မတီတို့ ပူးပေါင်းရေးဆွဲနေမှု၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ အမှုစစ်ဆေးမှုအခြေအနေ တို့ကို ရှင်းလင်းတင်ပြရာ တက်ရောက်လာသူများက ဖြည့်စွက်ဆွေးနွေးပြီး အမျိုးသားအဆင့် မဟာဗျူဟာ (မူကြမ်း) ရေးဆွဲထားမှုအား အတည်ပြု၍ ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဆက်လက်တင်ပြရန် ဆုံးဖြတ်သည်။
အစည်းအဝေးသို့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့မှ အဖွဲ့ဝင်များ၊ ဗဟိုအဖွဲ့ ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment