Saturday, March 2, 2019

မြန်မာနိုင်ငံအခြေအနေ ခေါင်းစဉ်ဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီက တံခါးဖွင့်ရှင်းလင်းပွဲကျင်းပ
Image may contain: 2 people, people sitting
နေပြည်တော် မတ် ၁
ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် (၉)နိုင်ငံဖြစ်သော ဘယ်လ်ဂျီယံ၊ ဒိုမီနီကန် ရီပတ်ဘလစ်၊ ပြင်သစ်၊ ဂျာမနီ၊ ကူဝိတ်၊ ပီရူး၊ ပိုလန်၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံတို့၏ တောင်းဆိုချက်အရ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌ အီကွေတိုရီယယ်ဂီနီနိုင်ငံ က မြန်မာနိုင်ငံအခြေအနေ ခေါင်းစဉ်ဖြင့် တံခါးဖွင့်ရှင်းလင်းပွဲတစ်ရပ်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စခရစ္စတင်း ရှာရတ်နာဘာဂင်နာ တက်ရောက်၍ ဖေဖော်ဝါရီ ၂၈ ရက်တွင် နယူးယောက်မြို့ရှိ ကုလသမဂ္ဂလုံခြုံရေးကောင်စီခန်းမ၌ ကျင်းပ ခဲ့သည်။ ယင်းအစည်းအဝေးတွင် မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက မိန့်ခွန်းပါဝင်ပြောကြား ခဲ့သည်။
ကူညီထောက်ပံ့မှုများပေးအပ်ခဲ့
မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက မိမိတို့ အနေဖြင့် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက် လိုသည့် စိတ်ဓာတ်နှင့် ရခိုင်ပြည်နယ် အရေးကိစ္စကို ဖြေရှင်းလိုသည့်ဆန္ဒကို ဖော်ပြ သည့်အနေဖြင့် အတွင်းရေးမှူးချုပ်၏ မြန်မာ နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခန့်အပ် သည့်ကိစ္စကို သဘောတူညီခဲ့ပြီး ၄င်း၏တာဝန်များ ထမ်းဆောင်နိုင်ရန်အတွက်လည်း လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်ခဲ့ ကြောင်း၊ ၄င်းအနေဖြင့် ဓမ္မဓိဋ္ဌာန်ကျပြီး ဘက်လိုက်မှုကင်းစွာ တာဝန်ထမ်းဆောင်ရာ တွင် မဆုတ်မနစ် ကြိုးပမ်းမှုနှင့် အလေးထား ဆောင်ရွက်မှုတို့အတွက် ကျေးဇူးတင်ရှိကြောင်း၊ အထူးကိုယ်စားလှယ်အနေဖြင့် စတင်တာဝန် ယူပြီးချိန်မှစ၍ ပြီးခဲ့သည့် (၉)လအတွင်း မြန်မာ နိုင်ငံသို့ တရားဝင်ခရီးစဉ် (၅)ခုသွားရောက်ခဲ့ ကြောင်း၊ နေပြည်တော်ရှိ ၄င်း၏ရုံးသည် အပြည့်အဝ လည်ပတ်နေပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အရေးကိစ္စများ၊ အထူးသဖြင့် ရခိုင်ပြည်နယ်အရေးကိစ္စကို ဖြေရှင်းရာတွင် မိမိတို့အနေဖြင့် ၄င်းနှင့်နီးကပ်စွာ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
ကိုယ်ပိုင်ဆန္ဒဖြင့် တည်ထောင်ခဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ သည် နိုင်ငံတော်တာဝန်များကို စတင် ထမ်းဆောင်ချိန်မှစ၍ ရခိုင်ပြည်နယ်၏ ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးဆောင်ရွက်ခဲ့ကြောင်း၊ အာဆာ အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လူသားချင်းစာနာမှုပဋိပက္ခများ မဖြစ်ပေါ်မီ ကပင် မြန်မာအစိုးရအနေဖြင့် ဒေါက်တာ ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်ကို ကိုယ်ပိုင် ဆန္ဒဖြင့် တည်ထောင်ခဲ့ကြောင်း၊ ကော်မရှင် ၏ အကြံပြုချက်အများစုကိုလည်း မိမိတို့ အနေဖြင့် အကောင်အထည်ဖော်လျက် ရှိကြောင်း၊ ယင်းသို့ အကောင်အထည် ဖော်ရာတွင် နိုင်ငံသားကိစ္စ၊ လွတ်လပ်စွာ သွားလာခွင့်၊ အိုင်ဒီပီစခန်းများ ပိတ်သိမ်းရေး၊ ပညာရေးနှင့် ကျန်းမာရေးစသည့် ဦးစားပေး နယ်ပယ် (၅)ရပ်ကို သတ်မှတ်ဆောင်ရွက် လျက်ရှိကြောင်း၊ ကျန်ရှိသည့် အိုင်ဒီပီစခန်း များ ပိတ်သိမ်းရေးအတွက် မဟာဗျူဟာ တစ်ရပ်ကို အပြီးသတ်ရေးဆွဲလျက်ရှိကြောင်း။
နိုင်ငံသားအဖြစ် အဆိုပြုမှုလုပ်ငန်းစဉ်တွင် နိုင်ငံသားစိစစ်ရေးကတ် လျှောက်ထားခြင်းသည် မဖြစ် မနေ ဆောင်ရွက်ရမည့်အဆင့်ဖြစ်ကြောင်း၊ ယင်းသည် ရခိုင်ပြည်နယ်၌ နေထိုင်ကြောင်း အထောက်အထားဖြစ်ပြီး လွတ်လပ်စွာသွားလာခွင့်ရရှိရေးအတွက်လည်း အဆင် ပြေနိုင်စေမည်ဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ် လျှောက်ထားမှုမှာ ကိုယ်ပိုင်ဆန္ဒအလျောက်သာ ဆောင်ရွက်ရန်ဖြစ်ကြောင်း။
လက်ရှိလုံခြုံရေးအခြေအနေအရ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ အချို့ဒေသများသို့ သွားလာခွင့် ကန့်သတ် ထားကြောင်း၊ သို့သော်လည်း လူသားချင်းစာနာမှု အထောက်အပံ့များကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အဖွဲ့နှင့် ရခိုင်ပြည်နယ်ရှိ အာဏာပိုင်များမှတစ်ဆင့် ပေးအပ်နိုင်ကြောင်း။
အကောင်းဆုံးနည်းလမ်းဖြစ်
မြန်မာအစိုးရသည် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် လူသားချင်းစာနာမှု အထောက်အပံ့များ ပေးအပ်နိုင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည့် အပြင် ရခိုင်ပြည်နယ်ရှိ ပြည်သူများ၏ လူမှု-စီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် စီမံကိန်းများကို ချမှတ်အကောင် အထည်ဖော်လျက်ရှိကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုသည် လူမှုအသိုက်အဝန်းများအကြားရှိ ပဋိပက္ခများကို အဆုံးသတ်စေနိုင်မည့် အကောင်းဆုံးနည်းလမ်းဖြစ် ကြောင်း၊ ထို့အတွက် အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေဖန်တီးပေးနိုင်ရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရရှိနိုင်ရန် ရည်ရွယ်၍ ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲကို မကြာမီက ကျင်းပခဲ့ကြောင်း။
မြန်မာအစိုးရ၏ လက်ရှိအရေးအကြီးဆုံးလုပ်ငန်းမှာ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို အဆောလျင်ဆုံး စတင်ရန်နှင့် လူသားချင်းစာနာ ထောက်ထားမှုအခြေအနေကို ဖြေရှင်းရန်ဖြစ်ကြောင်း၊ စိစစ်ပြီးဖြစ်သည့် နေရပ်စွန့်ခွာသူများ ဆန္ဒအလျောက် ဘေးကင်းပြီး သိက္ခာရှိစွာ ပြန်လည်လာရောက်နိုင်ရန် အတွက် ဘင်္ဂလားဒေ့ရှ်နှင့် ချုပ်ဆိုထားသည့် နှစ်နိုင်ငံ သဘောတူညီချက်များ၊ အစီအစဉ်များနှင့်အညီ မိမိတို့ဘက်မှ ပြန်လည်လက်ခံရန် အဆင်သင့်ဖြစ်နေပြီဖြစ် ကြောင်း၊ သဘောတူညီချက်များအတိုင်း နှစ်ဖက်စလုံးမှ တိကျစွာ လိုက်နာဆောင်ရွက်မည်ဆိုပါက နေရပ်သို့ ပြန်လည်လာရောက်ရေးလုပ်ငန်းစဉ်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း။
တိုးချဲ့ဆောင်ရွက်သွားရန်ရှိ
တစ်ဖက်တွင်လည်း နေရပ်သို့ ပြန်ဝင်လာမည့်သူများ အတွက် သင့်လျော်သည့်အခြေအနေများ ဖန်တီးပေး နိုင်ရန် မိမိတို့အနေဖြင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့နှင့် လက်မှတ်ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာနှင့် အညီ အဆိုပါအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်း၊ျှကငခှုာစခေအ ဏမသနြခအျ (၃၅)ခုကို လုံခြုံရေးအခြေအနေပေါ် မူတည်၍ အကောင်အထည် ဖော်နိုင်ရန် သဘောတူညီခဲ့ကြောင်း၊ နောက်ထပ်လုပ်ငန်း စီမံကိန်း (၃၆)ခုကို ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ အခြား ရွာများတွင် တိုးချဲ့ဆောင်ရွက်သွားရန်ရှိကြောင်း။
ထို့ပြင် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို မြန်ဆန် ချောမွေ့စေရန်အတွက် အာဆီယံနှင့်လည်း ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်၌ ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်ကို အထောက်အကူဖြစ်စေမည့် ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များကို သတ်မှတ် ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းဆန်းစစ်လေ့လာ မည့်အဖွဲ့များ စေလွှတ်နိုင်ရန် အာဆီယံလူသားချင်းစာနာမှု အကူအညီပေးရေးစင်တာ(AHA Centre)ကို ဖိတ်ကြား ခဲ့ကြောင်း၊ ကွင်းဆင်းဆန်းစစ်လေ့လာမှုအဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း မြန်မာ နိုင်ငံသို့ လာရောက်ခဲ့သည့် အာဆီယံအတွင်းရေးမှူးချုပ်၏ ခရီးစဉ်အတွင်း သဘောတူညီခဲ့ကြောင်း၊ အာဆီယံ အရေးပေါ်တုံ့ပြန်မှုနှင့် ကွင်းဆင်းဆန်းစစ်လေ့လာမှု အဖွဲ့(ERAT)ကို ရခိုင်ပြည်နယ်သို့ အဆောလျင်ဆုံး စေလွှတ်ရန်ရှိကြောင်း၊ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် တွင် အာဆီယံကွင်းဆင်းဆန်းစစ်လေ့လာမှုအဖွဲ့ ပါဝင် လာခြင်းဖြင့် နေရပ်သို့ပြန်လည်ဝင်ရောက်မည့်သူများ၏ ယုံကြည်စိတ်ချမှုကို ပိုမိုရရှိစေနိုင်မည်ဖြစ်ကြောင်း။
နုနယ်သေးသည့် ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအနေဖြင့် စိန်ခေါ်မှုမြောက်မြားစွာကို ရင်ဆိုင်ဖြေရှင်းရန် ကြိုးပမ်းရာ၌ ကုလသမဂ္ဂနှင့် အပြုသဘောဆောင်စွာ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော်လည်း ကုလသမဂ္ဂစနစ်အတွင်းရှိ အချို့အုပ်စုများ၊ နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံအပေါ် မလိုမုန်းထားသည့် ရည်ရွယ်ချက်ဖြင့် ခွဲခြားဆက်ဆံပြီး နည်းလမ်းမှန်ကန်မှုမရှိသော နိုင်ငံရေးဖိအားပေးမှုများ ပြုလုပ်ရန်အတွက် ကုလသမဂ္ဂစနစ်ကို ဆက်လက်အသုံး ချလျက်ရှိကြောင်း။
ထပ်လောင်းအတည်ပြု
ထင်ရှားသည့် ဥပမာတစ်ရပ်မှာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယ္တရားတစ်ရပ်ကို လူ့အခွင့်အရေး ကောင်စီက တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းလုပ် ရပ်သည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအပေါ် ယခင် က မရှိခဲ့ဖူးသည့် ခွဲခြားဆက်ဆံသော စောင့်ကြည့် လေ့လာမှုလုပ်ငန်းများတွင် နောက်ထပ်ခြေလှမ်းတစ်ရပ် ဖြစ်ကြောင်း၊ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယ္တရား တည်ထောင်မှုကို မိမိတို့အနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ခဲ့ ကြောင်း၊ အကြောင်းပြချက်မှာ ရှင်းလင်းကြောင်း၊ ယင်း ယ္တရားသည် လူ့အခွင့်အရေးကောင်စီ၏ အခွင့်အာဏာ ကို ကျော်လွန်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ရွေးချယ် ဆောင်ရွက်မှု၊ ခွဲခြားဆက်ဆံမှုနှင့် လူ့အခွင့်အရေး ကောင်စီ၏ အခွင့်အာဏာကို လိုသလိုအသုံးချမှုသာ ဖြစ်ကြောင်း၊ ထို့ပြင် ယင်း၏တာဝန်နှင့် လုပ်ပိုင်ခွင့်များ သည် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းတရားစီရင်ပိုင်ခွင့်ကို ထိပါးရာရောက်ကြောင်း၊ ကိုယ်ပိုင်နိုင်ငံရေး အာဂျင်ဒါအတွက် လူ့အခွင့်အရေး ကောင်စီကို အသုံးချအမြတ်ထုတ်လိုသူတို့၏ နိုင်ငံရေး ရည်ရွယ်ချက်ကိုသာ ဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဖြစ် ကြောင်း၊ သက်ဆိုင်ရာနိုင်ငံ၏ သဘောတူညီချက်မရှိဘဲ ယင်းသို့ ထိပါးဆောင်ရွက်မှုများသည် လူမှုအသိုက်အဝန်း များကို ပိုမိုကင်းကွာစေလိမ့်မည်ဖြစ်ပြီး တင်းမာမှုများ မြင့်တက်စေလိမ့်မည် ဖြစ်ကြောင်း။
ဤအစည်းအဝေးခန်းမအတွင်းရှိ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံအချို့အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ အချက် အလက်ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာကို ရည်òန်း ပြောကြားရာ၌ တာဝန်ခံမှုကိစ္စနှင့် ဆက်နွှယ်၍ ပြောကြား ခဲ့ကြကြောင်း၊ ယင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့ တည်ထောင်စဉ်ကပင် မြန်မာနိုင်ငံအနေဖြင့် ပြင်းထန်စွာကန့်ကွက်ကြောင်းကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် ဤခန်းမအတွင်း၌ပင် မိမိပြောကြားခဲ့မှုကို ထပ်လောင်းအတည်ပြုလိုကြောင်း၊ ဇာတ်ကြောင်းများကို အခြေခံသည့် ယင်း၏အစီရင်ခံစာ ကိုလည်း ကန့်ကွက်ကြောင်း။
နိုင်ငံရေးအရ လှုံ့ဆော်မှုများဖြစ်
အချက်အလက်ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာသည် လုံးဝဘက်လိုက်ပြီး တစ်ဖက်သတ်ကျကြောင်း၊ ယင်း၏ စုံစမ်းစစ်ဆေးမှုများသည် မြန်မာလုံခြုံရေးတပ်ဖွဲ့များ ကိုသာ ပစ်မှတ်ထားပြီး အာဆာအဖွဲ့၏ ကျူးလွန်မှုများကိုမူ ချန်လှပ်ထားကြောင်း၊ အင်တာဗျူးများ၊ အစိုးရမဟုတ် သည့် အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးအဖွဲ့များထံမှ အချက်အလက်များကို အခြေခံ၍ အစီရင်ခံစာကို ပြုစု ထားကြောင်း၊ ခြုံငုံပြောရပါက အစီရင်ခံစာသည် နေရပ် စွန့်ခွာ မွတ်စလင်များ၏ ပြောကြားချက်များကိုသာ အပြည့်အဝ ဖော်ပြထားပြီး ကွဲလွဲသည့် မည်သည့် သက်သေ အထောက်အထားများကိုမဆို ပယ်ချထားကြောင်း၊ အချက်အလက်ရှာဖွေရေးအဖွဲ့ အနေဖြင့် အာဆာအဖွဲ့၏ လူအစုလိုက်၊ အပြုံလိုက် သတ်ဖြတ်မှုများကို မသိကျိုးကျွန် ပြုပြီး ယင်း၏ဆိုးရွားသည့်လုပ်ရပ်များကို ထည့်သွင်း စဉ်းစားခြင်းမရှိခဲ့ကြောင်း၊ အရေးအကြီးဆုံးအချက်မှာ အစီရင်ခံစာ၏ သုံးသပ်ချက်များသည် မြန်မာနိုင်ငံနှင့် နိုင်ငံခေါင်းဆောင်များ၏ ပုံရိပ်ကို အဆုံးစွန်အထိ ထိခိုက် စေရန် ရည်ရွယ်သည့် နိုင်ငံရေးအရ လှုံ့ဆော်မှုများ ဖြစ်ကြောင်း။
အာဆာအဖွဲ့သည် သက်ဝင်လှုပ်ရှားနေဆဲဖြစ် ကြောင်း၊ အာဆာခေါင်းဆောင်တစ်ဦးဖြစ်သူ Nurul
Alamာ သည် ကော့ဇ်ဘဇားရှိ Muchuni စခန်း၌ ဘင်္ဂလားဒေ့ရှ် Rapid Action Battalion (RAB)
နှင့် လက်နက်ကိုင်တိုက်ခိုက်မှုတွင် သေဆုံးခဲ့ကြောင်းကို သတင်းမီဒီယာများက ဖေဖော်ဝါရီလ ၂၅ ရက်တွင် ဖော်ပြ ခဲ့ကြကြောင်း၊ ကော့ဇ်ဘဇားရှိ Ukhia စခန်း (၃၀)နှင့်ွှနုညေ် နယ်စပ်တို့တွင် အာဆာအဖွဲ့ဝင်များက အဓမ္မ ခေါ်ဆောင်မှုများ၊ သတ်ဖြတ်မှုများ၊ ပျောက်ဆုံးမှုများနှင့် မုဒိမ်းမှုများ ကျူးလွန်ခဲ့ကြောင်းကို ဘင်္ဂလားဒေ့ရှ် ဒေသခံ မီဒီယာများတွင် ဖော်ပြခဲ့ကြကြောင်း၊ ထို့ပြင် ရခိုင် ပြည်နယ်သို့ ပြန်လည်ဝင်ရောက်လိုသူများကိုလည်း အာဆာအဖွဲ့က ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း။
မည်သည့်လူ့အခွင့်အရေး ချိုးဖောက်မှုကိုမဆို အကာ အကွယ်ပေးမည်မဟုတ်ကြောင်းနှင့် စွပ်စွဲချက်များနှင့် ပတ်သက်၍ ခိုင်လုံသည့် အထောက်အထား တင်ပြနိုင်ပါက ကျူးလွန်သူများကို တရားဥပဒေအရ အရေးယူမည်ဖြစ် ကြောင်းကို မြန်မာအစိုးရက ထပ်တလဲလဲ ပြောကြား ထားပြီးဖြစ်ကြောင်း။
တိကျမှန်ကန်စွာ ဆောင်ရွက်
သို့အတွက် ၂၀၁၇ ခုနှစ် ဩဂုတ်လတွင် အာဆာ အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားပြီး နောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်ကြောင်း စွပ်စွဲချက်များအားလုံး ကို စုံစမ်းစစ်ဆေးနိုင်ရန်အတွက် လွတ်လပ်သော စုံစမ်း စစ်ဆေးရေးကော်မရှင်တစ်ရပ်ကို မြန်မာအစိုးရက ဖွဲ့စည်း ခဲ့ကြောင်း၊ ကော်မရှင်သည် တာဝန်ခံမှုနှင့် ပြန်လည် သင့်မြတ်မှုရှိစေရေးအတွက် ဆောင်ရွက်သွားရန်ဖြစ် ကြောင်း၊ ကော်မရှင်အနေဖြင့် ယင်း၏ တာဝန်များကို လွတ်လပ်၍ ဘက်လိုက်မှုကင်းကာ တိကျမှန်ကန်စွာဖြင့် ဆောင်ရွက်လျက်ရှိကြောင်း။
လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်အနေ ဖြင့် လူ့အခွင့်အရေးချိုးဖောက်ကြောင်း စွပ်စွဲချက်များကို ခိုင်မာသည့် သက်သေအထောက်အထားများပေါ်တွင် အခြေခံ၍ စုံစမ်းစစ်ဆေးမည် ဖြစ်ကြောင်း၊ သို့အတွက် အချက်အလက်များကို စုဆောင်းကာ ကော်မတီခွဲတစ်ရပ် တည်ထောင်၍ သက်သေအထောက်အထားများကို သုံးသပ်သွားမည်ဖြစ်ကြောင်း၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး ဥပဒေ၊ မှုခင်းဆေးပညာနှင့် ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ စသည်တို့နှင့်ပတ်သက်၍ ပြင်ပ ကျွမ်းကျင်သူများထံမှ အကူအညီများ တောင်းခံလျက်ရှိ ကြောင်း၊ ကော်မရှင်အဖွဲ့ဝင်တစ်ဦးစီက အထောက်အကူပြု ဝန်ထမ်းများနှင့် ကျွမ်းကျင်သူများ ခန့်အပ်သွားမည်ဖြစ် ကြောင်း။
လူ့အခွင့်အရေးချိုးဖောက်ကြောင်း စွပ်စွဲချက်များကို တိုင်ကြားကြရန် ကော်မရှင်က ပြည်သူလူထုသို့ အတိ အလင်း ဖိတ်ခေါ်ခဲ့ပြီး စွပ်စွဲချက်များတင်သွင်းရန် နေ့ရက်ကိုလည်း ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၂၈ ရက်သို့ ရွှေ့ဆိုင်းခဲ့ကြောင်း။
ကော်မရှင်အနေဖြင့် လူ့အခွင့်အရေးချိုးဖောက် ကြောင်း စွပ်စွဲချက်များနှင့် ပတ်သက်သည့် တိုင်ကြားစာ (၄၀)ကျော် ရရှိထားပြီးဖြစ်ကြောင်း၊ ကော်မရှင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်ခွင့်ကိုလည်း တောင်းခံထားကြောင်း၊ ကျူးလွန် ခံရကြောင်း စွပ်စွဲထားသူများနှင့် တွေ့ဆုံနိုင်ရန်အတွက် ကော်မရှင်၏ခရီးစဉ်ကို ခွင့်ပြုပေးရန် ဘင်္ဂလားဒေ့ရှ်အစိုးရ ကို တိုက်တွန်းလိုကြောင်း၊ ကော်မရှင်၏ လုပ်ငန်းသည် သက်သေအထောက်အထားကို အခြေခံကြောင်း၊ သို့အတွက် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ကော်မရှင်၏လုပ်ငန်းကို ထောက်ခံသင့်ကြောင်း၊ ကော်မရှင် အနေဖြင့် ကြားဖြတ်အစီရင်ခံစာကို နိုင်ငံတော်သမ္မတ ရုံးသို့ မတ်လတွင် တင်သွင်းရန်ရှိပြီး အပြီးသတ်အစီရင် ခံစာကို ယခုနှစ်ကုန်တွင် တင်သွင်းမည်ဖြစ်ကြောင်း။
ဆန္ဒရှိသကဲ့သို့ ဖြေရှင်းနိုင်စွမ်းလည်းရှိ
တာဝန်ခံမှုကိစ္စကို မြန်မာအစိုးရအနေဖြင့် ဖြေရှင်းရန် ဆန္ဒရှိသကဲ့သို့ ဖြေရှင်းနိုင်စွမ်းလည်းရှိကြောင်း၊ သို့အတွက် ဤတာဝန်ခံမှုကိစ္စနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ တရားဥပဒေစနစ်သို့ တင်သွင်းရန်ကို ကြိုးပမ်းမှုမှန်သမျှ မိမိတို့ ပြင်းထန်စွာကန့်ကွက်ကြောင်း။
မြန်မာအစိုးရအနေဖြင့် ကုလသမဂ္ဂနှင့် ပူးပေါင်း ဆောင်ရွက်သွားရန် ခိုင်မာသည့် ကတိကဝတ်ဖြင့် ပဋိပက္ခ နှင့် ဆက်နွှယ်သော လိင်အကြမ်းဖက်မှုများကို တားဆီး ဖြေရှင်းနိုင်ရန်အတွက် ပဋိပက္ခများအတွင်း လိင်အကြမ်းဖက် မှုဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူး ကိုယ်စားလှယ်နှင့် ပူးတွဲသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း၊ အထူးကိုယ်စားလှယ် ၏ မြန်မာနိုင်ငံခရီးစဉ်ကိုလည်း မကြာသေးမီက စီစဉ်ပေးခဲ့ ကြောင်း။
မိမိတို့အနေဖြင့် ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူး ကိုယ်စားလှယ်၏ရုံးနှင့်လည်း နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ကြီးလေးသော ပြစ်မှုကြီး(၆)မျိုးကို ကာကွယ်တားဆီးရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ ပါဝင်သည့် ကော်မတီ တစ်ရပ်ကို တည်ထောင်ခဲ့ပြီး ယင်းပြစ်မှုများနှင့်ပတ်သက် သည့် သင်တန်းတစ်ခုကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း က ကျင်းပပေးခဲ့ကြောင်း။
ရခိုင်ပြည်နယ်အရေးကိစ္စသည် မြန်မာနိုင်ငံအပေါ် မီဒီယာများက မှားယွင်းစွာ အကြီးအကျယ် ဖန်တီးပုံဖော် ထားသကဲ့သို့ ဘာသာရေးဖိနှိပ်မှုမဟုတ်ကြောင်း၊ မြန်မာ နိုင်ငံသည် လူမျိုး၊ ဘာသာစုံတို့ ဖွဲ့စည်းပါဝင်သည့် နိုင်ငံ ဖြစ်ပြီး မွတ်စလင်များအပါအဝင် မတူညီသည့် ဘာသာ ဝင်များသည် ရာစုနှစ်ပေါင်းများစွာ သဟဇာတ ရှိစွာဖြင့် နေထိုင်ခဲ့ကြကြောင်း။
နိုင်ငံရေးနှင့် စီးပွားရေးပြဿနာဖြစ်
ရခိုင်ပြည်နယ်အရေးကိစ္စသည် ကိုလိုနီအုပ်ချုပ်မှု ကာလကတည်းက စတင်၍ ကြာရှည်စွာ ဖြစ်ပေါ်လာခဲ့ သည့် နယ်စပ်ဖြတ်ကျော် တရားမဝင် အခြေချမှု၊ ဆင်းရဲမှု၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးလျော့နည်းမှုတို့ ပါဝင်သည့် နိုင်ငံရေးနှင့် စီးပွားရေးပြဿနာဖြစ်ကြောင်း၊ ရခိုင်မြောက်ပိုင်းအရေးကိစ္စသည် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်မှုမရှိကြောင်း။
မကြာမီက ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားခဲ့ သည့် တိုက်ခိုက်မှုသည် အေအေအဖွဲ့က ရဲကင်းစခန်း(၃)ခုကို တိုက်ခိုက်ခဲ့မှုများမှ စတင်ခဲ့ပြီး အခြေအနေကို ပိုမို ရှုပ်ထွေးစေခဲ့ကြောင်း၊ ယင်းအဖြစ်အပျက်များသည် လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်အောက်တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိရေးအတွက် အရေးတကြီး လိုအပ်မှုကို ပြသလျက်ရှိကြောင်း။
လူသားချင်းစာနာမှုပြဿနာများကို ဖြေရှင်းရန် အရေးတကြီးလိုအပ်မှုကို မိမိတို့အနေဖြင့် သိရှိပါကြောင်း၊ သို့ရာတွင် မြေပြင်လက်တွေ့အခြေအနေနှင့် ဖြစ်နိုင်ခြေ များကို နားလည်ပေးစေလိုပါကြောင်း၊ နေရပ်စွန့်ခွာသူ များကို ပြန်လည်လက်ခံရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး တည်ဆောက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းမှုများကို အကောင်အထည်ဖော်ရာတွင် ရုပ်ပိုင်းဆိုင်ရာအပြင် စိတ်ပိုင်းဆိုင်ရာ ကြီးမားသည့် အတားအဆီးများ ရှိနေ ကြောင်း၊ အချိန်နှင့် စိတ်ရှည်သည်းခံမှုသာမက ရခိုင် ပြည်နယ်ရှိ လူမှုအသိုက်အဝန်းများအကြား ယုံကြည်စိတ် ချမှု တည်ဆောက်နိုင်ရေးအတွက် ရဲရဲဝံ့ဝံ့ဆောင်ရွက် ရန်လည်း လိုအပ်ပါကြောင်း၊ ရခိုင်ပြည်နယ်အရေးကိစ္စကို အခြားသူများထက် မိမိတို့အနေဖြင့် မြန်ဆန်စွာ ဖြေရှင်း လိုကြောင်း။
ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်
ရခိုင်ပြည်နယ်အခြေအနေကို ဖြေရှင်းရန်အတွက် မြန်မာအစိုးရနှင့် ပြည်သူများတွင် အဓိက တာဝန်ရှိသော် လည်း နိုင်ငံတကာအသိုက်အဝန်း၏ မျှတ၍ အပြုသဘော ဆောင်သော ပူးပေါင်းပါဝင်မှုနှင့် အားပေးကူညီမှုသည် လည်း မြန်မာနိုင်ငံ၏ ကြိုးပမ်းမှုများ အောင်မြင်ရန်အတွက် အရေးကြီးပါကြောင်း။
ရခိုင်ပြည်နယ်၏ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် အတွက် ယခုကဲ့သို့ အရေးကြီးသည့်အချိန်တွင် မိမိတို့အား နည်းလမ်းမျိုးစုံဖြင့် ကူညီအားပေးလျက်ရှိသည့် မိတ်ဆွေ များအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း။
ရခိုင်ပြည်သူများ၏ ဆင်းရဲဒုက္ခများကို အဆုံးသတ် ရန်နှင့် ရခိုင်ပြည်နယ်ကို အသိုက်အဝန်းများ အားလုံး အတွက် အေးချမ်းပြီး သဟဇာတရှိကာ သာယာဝပြော သည့် ပြည်နယ်တစ်ခု ဖြစ်လာစေနိုင်ရန်အတွက် ကုလ သမဂ္ဂ၊ မိတ်ဆွေများအားလုံးနှင့်အတူ စစ်မှန်စွာ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment