Saturday, March 2, 2019

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် WFD မှ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ
Image may contain: 3 people, people sitting, table and indoor
နေပြည်တော် မတ် ၁
ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ လွှတ်တော်များဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် Westminster Foundation for Democracy (WFD) မှ မြန်မာ နိုင်ငံဌာနေကိုယ်စားလှယ် ဒေါ်စောသီရိရူပအား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံးခန်း၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ်Westminster Foundation for Democracy (WFD) အနေဖြင့် လွှတ်တော်ဖွံ့ဖြိုး ရေးလုပ်ငန်းများ၊ ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်များနှင့် လွှတ်တော်ကော်မတီများ၏ အခန်းကဏ္ဍမြှင့်တင်ဆောင် ရွက်သွားနိုင်ရေး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်အထောက်အကူပြုဝန်ထမ်းများအား နိုင်ငံ တကာလွှတ်တော်လုပ်ငန်းအတွေ့အကြုံ သုတေသန လုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပသွားနိုင် ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်

No comments:

Post a Comment