Saturday, March 2, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှMs. Trine Rask Thygesen တို့် တွေ့ဆုံ
Image may contain: 9 people, people sitting
နေပြည်တော် မတ် ၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နှင့် ဒိန်းမတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှState
secretary for Development Policy Ms. Trine Rask Thygesen တို့သည် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးရုံး မေခလာခန်းမ၌ တွေ့ဆုံကြသည်။
ဆွေးနွေး
ထိုသို့တွေ့ဆုံစဉ် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်း ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရမှ စဉ်ဆက်မပြတ်ဆောင်ရွက်မှုများ၊ ပဋိပက္ခများ ဖြစ်ပွားပြီး နောက်ပိုင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်နိုင်ရေးအတွက် UEHRD အစီအစဉ်၊ လူငယ်လုပ်အားပေးမှုအစီအစဉ်နှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ICRC/IFRC တို့ ပူးပေါင်း၍ ကြက်ခြေနီလှုပ်ရှားမှုအဖြစ် ဆောင်ရွက်နေမှုများ၊ နေရပ် စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်စပ်လျဉ်း၍ မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူ လက်မှတ်ရေးထိုး၍ စာချုပ်ပါအတိုင်း မြန်မာဘက်မှ ပြင်ဆင်ထားရှိမှုများနှင့် ပြန်လည်လက်ခံရေးအတွက် အဆင်သင့်ဖြစ်နေမှုများ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင် အထည်ဖော်ဆောင်ရွက်နေမှုများ၊ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေး၊ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရေးအတွက် ရခိုင်ပြည်နယ် ရင်နှီးမြှုပ်နှံမှုပြပွဲအား ကျင်းပခဲ့မှု၊ ဒိန်းမတ် နိုင်ငံ ရန်ပုံငွေဖြင့် မြန်မာနိုင်ငံမှ ဆောင်ရွက်လျက်ရှိသည့် ငါးလုပ်ငန်းများနှင့်စပ်လျဉ်း၍ လေ့လာတွေ့ရှိမှုများ၊ ဒိန်းမတ်နိုင်ငံနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ဆွေးနွေးကြသည်။
သတင်းစဉ်

No comments:

Post a Comment