Friday, March 1, 2019

အရက်၊ ဘီယာ၊ ဝိုင်(ယမကာ) ထုတ်လုပ်တင်သွင်းရောင်းချမှုဆိုင်ရာ ကြီးကြပ်ညှိနှိုင်းရေးကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကျင်းပ
Image may contain: one or more people, crowd, table and indoor
နေပြည်တော် ဖေဖော်ဝါရီ ၂၈
အရက်၊ ဘီယာ၊ ဝိုင်(ယမကာ) ထုတ်လုပ်တင်သွင်းရောင်းချ မှုဆိုင်ရာ ကြီးကြပ်ညှိနှိုင်းရေးကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 
ပထမဆုံးအကြိမ် အစည်းအဝေး
အစည်းအဝေးတွင် အရက်၊ ဘီယာ၊ ဝိုင်(ယမကာ) ထုတ်လုပ်တင်သွင်းရောင်းချမှုဆိုင်ရာ ကြီးကြပ်ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်ထူးက ကော်မတီအနေဖြင့် ပထမဆုံးအကြိမ် အစည်းအဝေး ကျင်းပခြင်းဖြစ်၍ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများ ကို ဆွေးနွေးပေးရန်လိုကြောင်း၊ ထို့အပြင် ယစ်မျိုးဥပဒေ (မူကြမ်း)အပေါ် သဘောထားမှတ်ချက်ပေးရမည်ဖြစ်၍ မူကြမ်းအပေါ် အကြံပြုဆွေးနွေးတင်ပြပေးရန်လိုကြောင်း ပြောကြားသည်။
ဆွေးနွေး
ထို့နောက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်း အတွင်းဝန်များ၊ òန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူ များက ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ဒုတိယ ဝန်ကြီးက တင်ပြချက်များအပေါ် ဆွေးနွေးပြောကြားသည်။
သတင်းစဉ်

No comments:

Post a Comment