Friday, March 1, 2019

ရန်ကုန်ညဈေးတန်းပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
Image may contain: 13 people, crowd and outdoor
ရန်ကုန် ဖေဖော်ဝါရီ ၂၈
ဥရောပအစားအစာများနှင့် မြန်မာ့ ရိုးရာအစားအစာများပါဝင်သော ရန်ကုန် ညဈေးတန်းပွဲတော်ကို ပြည်သူ့ရင်ပြင် (ပြည်လမ်းဝင်ပေါက်)ရှိ ကွင်းအမှတ် (၁)၌ မတ် ၁ ရက်မှ ၃ ရက်အထိ ညနေ ၄ နာရီမှ ည ၁၀ နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရန်ကုန်ညဈေးတန်းပွဲ တော်အား "စားမယ် သွားမယ်"နှင့် "အိမ်ချက် Food and Cooking
Blog" မှ စီစဉ်ကျင်းပခြင်းဖြစ်သည်။ ပြည်သူများအတွက် သန့်ရှင်းသပ်ရပ် သော ဒေသထွက်အစားအစာများကို တစ်နေရာတည်းတွင် စုံလင်စွာ စားသောက်နိုင်ကြမည်ဖြစ်ပြီး နိုင်ငံ ခြားသားခရီးသွား ဧည့်သည်များ အနေဖြင့် ပြည်တွင်းရှိ ဒေသထွက် အစားအစာများကို တစ်နေရာတည်း တွင် စုံလင်စွာမြင်တွေ့ သုံးဆောင်နိုင် ကြမည်ဖြစ်သောကြောင့် ပြည်တွင်း ခရီးသွားလုပ်ငန်းကဏ္ဍများကိုလည်း မြှင့်တင်ရာ ရောက်စေမည်ဖြစ် ကြောင်း Signature Night
Market (ညဈေးတန်းပွဲတော်)အား စီစဉ်သော ဦးမြင့်လွင်က ပြော သည်။
ရန်ကုန် ညဈေးတန်းပွဲတော်၌ ဥရောပအစားအစာများနှင့် ရန်ကုန် မြို့ရှိ အစားအစာများ အပါအဝင် ဒေသထွက် အစားအစာများကို တစ်နေရာတည်းတွင် စုံလင်စွာ ခင်းကျင်း ပြသသွားမည်ဖြစ်ပြီး ပွဲတော်၌ စားသောက်ဆိုင်ခန်းပေါင်း ၁၅၀ ကျော်ကို ခင်းကျင်းပြသမည်ဖြစ် သည်။
မြန်မာ့ရိုးရာ အစားအစာများဖြစ် သော ကန်စွန်းဥအုန်းနို့သာဂူပြင်၊ မုန့်ဟင်းခါး၊ အိုးလူးသုပ်၊ အုန်းနို့ခေါက် ဆွဲ၊ မြိတ်ကတ်ကြေးကိုက်၊ မြိတ်ဧရာ၊ မြင်းခြံပလာတာ၊ ရွှေလာဘ်ကဏန်း မဆလာ၊ ပါဖောင်ငါးဆားအုံးကင်၊ ရွှေစွယ်တော်၊ နာဂအစားအစာ များအပါအဝင် ကီးမားနှင့် လမ်းသရဲ မုန့်၊ ကဏန်းကော်ကြော်၊ Tealand၊
Foodfare ၊ Feel၊ GLO Greek ၊ ဒိန်ချဉ်၊ Hello မာလာရှမ်းကော၊ မလိုင်ပေါက်စီ၊ွGrand Library ၊Cha Thai၊ Fruit & Nature၊Tasty၊ Piggy၊ Elephant Icecream၊Fresh၊ Co Co King နှင့် ဥရောပအစားအစာများဖြစ် သော Hard Rock Cafe၊ Four
Tomatoes အပါအဝင် Asia fSeafood များဖြင့် အစားအစာများ ကို စုံလင်စွာခင်းကျင်းပြသထားမည် ဖြစ်ကြောင်း သိရသည်။
နိုင်ငံကျော် အနုပညာရှင်များ၏ဖျော်ဖြေရေးအစီအစဉ်များပါဝင်ပြီးK-Pop Dance ၊ Street Dance၊Acoustic Singer နှင့် ညြေိ အဖွဲ့ ဝါသနာရှင်များက ပွဲအတွင်း ဝင်ရောက် ဖျော်ဖြေကြမည်ဖြစ် ကြောင်းနှင့် ပွဲတော်လာပြည်သူ ၅၀ဝ၀ဝ ကျော်အထိ ဝင်ရောက် လည်ပတ်ကြမည်ဟု မျှော်မှန်းထား ကြောင်း ညဈေးတန်းပွဲတော်မှ သိရ သည်။
သတင်း-ပွင့်သစ္စာ
ဓာတ်ပုံ-စိုးမြင့်အောင်

No comments:

Post a Comment