အထူးစီးပွားရေးဇုန်များသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်
အလွန်အရေးပါကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ပြောကြား
အလွန်အရေးပါကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ပြောကြား

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၉) ကို ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာအထူးစီးပွားရေးဇုန် ဆိုင်ရာဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဦးကျော်တင့်ဆွေ၊ ဦးသန့်စင်မောင်၊ ဦးအုန်းဝင်း၊ ဦးဝင်းခိုင်၊ ဦးသိန်းဆွေ၊ ဦးခင်မောင်ချို၊ ဒေါက်တာသန်းမြင့်နှင့် ဦးဟန်ဇော်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်များ ဖြစ်ကြသည့် ဒေါက်တာလဲ့လဲ့မော်နှင့် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီးများဖြစ်ကြ သည့် ဦးအောင်ထူးနှင့် ဦးဆက်အောင်၊ သီလဝါအထူးစီးပွားရေးဇုန် ၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီတို့မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယသမ္မတက နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတွင် အထူးစီးပွားရေးဇုန်များ၏ အခန်းကဏ္ဍသည် အလွန်အရေးပါ ပါကြောင်း၊ အထူးစီးပွားရေးဇုန်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင် ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိနေပါကြောင်း။
အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အထူးစီးပွားရေးဇုန် သုံးဇုန်ရှိသည့်အနက် သီလဝါအထူးစီးပွားရေးဇုန်သည် အတော်အတန် ခရီးရောက်နေပြီဟုဆိုရမည် ဖြစ်ပါကြောင်း၊ ကုမ္ပဏီပေါင်း ၁၀၅ ခုအထိ ရင်းနှီး မြှုပ်နှံထားပြီး၊ ရင်းနှီးမြှုပ်နှံမှုစုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံထိ တိုးတက်လာသည်ကိုတွေ့ရပါကြောင်း၊ လက်ရှိ လည်ပတ်နေသည့် စက်ရုံ ၆၅ ရုံထိ ရှိနေပြီဖြစ်ပါကြောင်း။
စေ့စပ်သေချာစွာ ဆောင်ရွက်ကြစေလို
ကျောက်ဖြူအထူးစီးပွားရေးဇုန်ကိုကြည့်မည်ဆိုလျှင် ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် တင်ဒါအောင်မြင်ထားသည့် CITIC Group ကုမ္ပဏီနှင့် င်္Framework Agreement ရေးထိုးနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ရှေ့ဆက်ဆောင်ရွက်ရမည့် Transaction Document များ၊ EIA ၊ SIA ၊G.T survey ကိစ္စရပ်များကို ဆက်လက်ညှိနှိုင်းဆွေးနွေးနေ သည်ဟု သိရပါကြောင်း၊ စီမံကိန်းလုပ်ငန်းများ ရပ်တန့်မသွားစေဘဲ အချိန်နှင့် တစ်ပြေးညီ တိုးတက်မှုရရှိရေး စီမံဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါ ကြောင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်သည် ပထဝီနိုင်ငံရေးနှင့် ဆက်နွှယ်မှု ရှိသည့်အတွက် ညှိနှိုင်းမှုများဆောင်ရွက်ရာတွင် စေ့စပ်သေချာစွာ ဆောင်ရွက် ကြစေလိုပါကြောင်း။
ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ခဲ့မှုကို ကြည့်မည် ဆိုလျှင် တိုးတက်မှုနှေးကွေးအားနည်းနေသည်ကို တွေ့ရပါကြောင်း၊ တိုးတက် မှုအနေဖြင့် ထားဝယ်အထူးစီးပွားရေးဇုန်မှ ထီးခီးသို့ ဆက်သွယ်ထားသည့် နှစ်လမ်းသွားကားလမ်း အဆင့်မြှင့်တင် ဖောက်လုပ်ခြင်းအား ထိုင်းနိုင်ငံမှ NEDAနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတိွုှ့Terms of Reference
(TOR) မူကြမ်းညှိနှိုင်းနိုင်ခဲ့ပြီး ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်နေသည်ကို တွေ့ရပါကြောင်း၊ တိုးတက်မှုနှေးကွေးနေသည့်အပိုင်းသည် ကနဦးစီမံကိန်း များ ရှေ့ဆက်နိုင်ရေးဖြစ်ပါကြောင်း၊ ထားဝယ်အထူးစီးပွားရေးဇုန်အတွက် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်ရာတွင် အစိုးရချင်းပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှုအပိုင်းများ ရှိသကဲ့သို့ ပုဂ္ဂလိကကုမ္ပဏီ ITD နှင့် ညှိနှိုင်း ဆောင်ရွက်ရသည့် အပိုင်းများလည်းရှိပါကြောင်း၊ စီမံခန့်ခွဲမှုကော်မတီ အနေဖြင့် ဥပဒေကြောင်းအရ ကြိုတင်လေ့လာသုံးသပ်ထားမှုများနှင့် ဆက်လက်ဆောင်ရွက်သင့်သည့်အစီအမံများကို ပွင့်လင်းမြင်သာစွာ ဆွေးနွေး ကြစေလိုပါကြောင်း၊ ကနဦးစီမံကိန်းများ နှေးကွေးနေသည့်အတွက် မြန်မာ-ထိုင်း-ဂျပန် သုံးနိုင်ငံ ညှိနှိုင်းဆောင်ရွက်ရမည့် သဘောဖြစ်ပါကြောင်း၊ ထားဝယ်ဇုန်နှင့်ပတ်သက်၍ (Joint Coordination Committee-JCC) ညှိနှိုင်းအစည်းအဝေးခေါ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အထူးစီးပွားရေးဇုန်များကို ထိရောက်သည့် တိုးတက်မှုများရရှိရန် ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းများ အတွက် ဖွဲ့စည်းထားသည့ှ် Special Purpose Vehicle (SPV) အခန်း ကဏ္ဍပိုမိုလှုပ်ရှားရှင်သန်တက်ြွကစွာ ဆောင်ရွက်နိုင်ရေးကိုလည်း အလေးထား ဆောင်ရွက်ကြစေလိုပါကြောင်း၊ ပင်မစီမံကိန်းစတင်နိုင်ရန် မည်သို့သော နည်းလမ်းများဖြင့် ဆောင်ရွက်သင့်သည်ကို ဆွေးနွေးကြစေလိုပါကြောင်း။
(TOR) မူကြမ်းညှိနှိုင်းနိုင်ခဲ့ပြီး ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်နေသည်ကို တွေ့ရပါကြောင်း၊ တိုးတက်မှုနှေးကွေးနေသည့်အပိုင်းသည် ကနဦးစီမံကိန်း များ ရှေ့ဆက်နိုင်ရေးဖြစ်ပါကြောင်း၊ ထားဝယ်အထူးစီးပွားရေးဇုန်အတွက် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်ရာတွင် အစိုးရချင်းပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှုအပိုင်းများ ရှိသကဲ့သို့ ပုဂ္ဂလိကကုမ္ပဏီ ITD နှင့် ညှိနှိုင်း ဆောင်ရွက်ရသည့် အပိုင်းများလည်းရှိပါကြောင်း၊ စီမံခန့်ခွဲမှုကော်မတီ အနေဖြင့် ဥပဒေကြောင်းအရ ကြိုတင်လေ့လာသုံးသပ်ထားမှုများနှင့် ဆက်လက်ဆောင်ရွက်သင့်သည့်အစီအမံများကို ပွင့်လင်းမြင်သာစွာ ဆွေးနွေး ကြစေလိုပါကြောင်း၊ ကနဦးစီမံကိန်းများ နှေးကွေးနေသည့်အတွက် မြန်မာ-ထိုင်း-ဂျပန် သုံးနိုင်ငံ ညှိနှိုင်းဆောင်ရွက်ရမည့် သဘောဖြစ်ပါကြောင်း၊ ထားဝယ်ဇုန်နှင့်ပတ်သက်၍ (Joint Coordination Committee-JCC) ညှိနှိုင်းအစည်းအဝေးခေါ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အထူးစီးပွားရေးဇုန်များကို ထိရောက်သည့် တိုးတက်မှုများရရှိရန် ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းများ အတွက် ဖွဲ့စည်းထားသည့ှ် Special Purpose Vehicle (SPV) အခန်း ကဏ္ဍပိုမိုလှုပ်ရှားရှင်သန်တက်ြွကစွာ ဆောင်ရွက်နိုင်ရေးကိုလည်း အလေးထား ဆောင်ရွက်ကြစေလိုပါကြောင်း၊ ပင်မစီမံကိန်းစတင်နိုင်ရန် မည်သို့သော နည်းလမ်းများဖြင့် ဆောင်ရွက်သင့်သည်ကို ဆွေးနွေးကြစေလိုပါကြောင်း။
ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြရမည်
အထူးစီးပွားရေးဇုန်များသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါပြီး ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိရေး အခွင့်အလမ်း တစ်ခုလည်းဖြစ်ပါကြောင်း၊ ထို့ကြောင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် အထူးစီးပွားရေးဇုန်များ ထိရောက်အောင်မြင်စွာ အကောင် အထည်ဖော်နိုင်ရေးအတွက် စနစ်တကျသေချာစွာ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုများ ယုံကြည်စိတ်ချစွာလာရောက်ရင်းနှီးမြှုပ်နှံရန်လိုပါကြောင်း၊ ရင်းနှီးမြှုပ်နှံသူများအတွက် ဥပဒေ နှင့်အညီ ဝန်ဆောင်မှုပေးရမည့်ကိစ္စရပ်များ၊ နိုင်ငံတကာစံချိန်စံòန်းများနှင့် ကိုက်ညီသည့် လုပ်ထုံးလုပ်နည်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာစံချိန် စံòန်းများ၊ လုပ်ထုံးလုပ်နည်းများဖြင့် ကိုက်ညီသည့် အာမခံချက်များ ပေး နိုင်မှသာ ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာမည်ဖြစ်ပါကြောင်း၊ အစည်းအဝေး သို့ တက်ရောက်လာကြသူများအနေဖြင့် နိုင်ငံတော်၏ အကျိုးစီးပွားနှင့် ပြည်သူတို့၏အကျိုးစီးပွားဖြစ်ထွန်းအောင်မြင်ရေးကို ရှေးရှု၍ ပွင့်လင်းမြင်သာ စွာ ဆွေးနွေးပေးကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြ
ထို့နောက် ဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ က သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေးဇုန်ဆိုင်ရာများနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေးတင်ပြသည်။
ယင်းနောက် ဗဟိုအဖွဲ့ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က အထူးစီးပွားရေးဇုန်များ၌ ဆောင်ရွက်လျက်ရှိသည့်အခြေအနေ များ၊ ဗဟိုအဖွဲ့မှ ဆုံးဖြတ်ရမည့်အချက်များ၊ မှတ်တမ်းတင်ရန်အချက်များနှင့် ရှေ့ဆက် ဆောင်ရွက်ရမည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးအောင်ထူး က မြန်မာ့အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၈) ဆုံးဖြတ်ချက်များနှင့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီး မှုများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြင့်ဆန်းနှင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးတို့က သီလဝါ၊ ထားဝယ်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် ဆိုင်ရာများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအမံများကို သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်း တင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ဦးသန့်စင်မောင်၊ ဦးအုန်းဝင်း၊ ဦးဝင်းခိုင်၊ ဦးသိန်းဆွေနှင့် ဒေါက်တာသန်းမြင့်၊ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ ဦးဖြိုးမင်းသိန်းနှင့် ဒုတိယဝန်ကြီး ဦးဆက်အောင်တို့က သီလဝါ၊ ထားဝယ်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဖြည့်စွက် ဆွေးနွေးကြသည်။
ဘက်ပေါင်းစုံ ရှုထောင့်ပေါင်းစုံ ရှုမြင်သုံးသပ်
ယင်းနောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူက အထူးစီးပွားရေးဇုန်များကို အကောင်အထည် ဖော်ဆောင်ရွက်ကြရာတွင် ဘက်ပေါင်းစုံ ရှုထောင့်ပေါင်းစုံ ရှုမြင်သုံးသပ်၍ ညှိနှိုင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဆောင်ရွက်ဆဲအထူးစီးပွားရေး ဇုန်များနှင့်ပတ်သက်၍ စေ့စပ်ညှိနှိုင်းမှုများ ဆက်လက်ဆောင်ရွက်ရာတွင် နှစ်ဦးနှစ်ဖက် မျှတသည့်အကျိုးရလဒ်များ ရရှိရန် ညှိနှိုင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ အထူးစီးပွားရေးဇုန်များအောင်မြင်စွာ အကောင်အထည် ဖော်ဆောင်နိုင်ရေးအတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများသည် နိုင်ငံတကာ စံချိန်စံòန်းနှင့်အညီ ဖြစ်ရန်လိုအပ်ပြီး ပြုပြင်ပြောင်းလဲရန်လိုအပ်ပါက ပြုပြင်ပြောင်းလဲကြရမည်ဖြစ်ပါကြောင်း၊ အထူးစီးပွားရေးဇုန်များ၏ အောင်မြင် မှုများကို ဆက်လက်ထိန်းသိမ်းကြရမည်ဖြစ်ပါကြောင်း။
ကြုံတွေ့နေရသည့်မြေယာဆိုင်ရာတင်ပြမှုများနှင့် အခြားကိစ္စရပ်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပူးပေါင်းညှိနှိုင်းဖြေရှင်းပေးကြရမည် ဖြစ်ပါကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်သည် စက်မှုဇုန်အားလုံးအတွက် စံပြပုံစံတစ်ခုဖြစ်သည့်အတွက် ကျင့်သုံးသည့်စနစ်များကို ကမ္ဘာ့အဆင့်မီ တိုးတက်စေရန် အမြဲတမ်းလေ့လာပြုပြင်ပြောင်းလဲဆောင်ရွက်ပေးကြပါဟု တိုက်တွန်းလိုပါကြောင်း၊ ထို့အတူ တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် ပူးပေါင်းပါဝင် ညှိနှိုင်းဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း။
ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် ပတ်သက် ၍ ဆက်လက်ညှိနှိုင်းရမည့်ကိစ္စရပ်များ အချိန်နှင့်တစ်ပြေးညီ ပြီးစီးနိုင်ရေး အတွက် သက်ဆိုင်ရာဌာနများအနေဖြင့် နိုင်ငံ၏အကျိုးစီးပွားဖြစ်ထွန်းရေးကို ရှေးရှု၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ညှိနှိုင်းဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း၊ ကျောက်ဖြူစီမံကိန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဥညန နြူအ ဥညနျွသေိ စီမံကိန်းနှင့်ဆက်စပ်နေသည့်အတွက် အချိန်ကိုက် လုပ်ဆောင်ရမည့်အပိုင်းများ ရှိလာနိုင်ပါကြောင်း။
အဆုံးအဖြတ်များရရှိရန် တင်ပြပေးသွားမည်
ထားဝယ်ဇုန်နှင့်ပတ်သက်၍ Joint Coordination Committee
(JCC) အစည်းအဝေးရလဒ်များအပေါ်အခြေခံ၍ Committee (JHC) အစည်းအဝေးကို လိုအပ်ပါက ညှိနှိုင်းကျင်းပနိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ထားဝယ် - ထီးခီးနှစ်လမ်းသွား ကားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းအတွက် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ် များကိုTime Frame ချမှတ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
(JCC) အစည်းအဝေးရလဒ်များအပေါ်အခြေခံ၍ Committee (JHC) အစည်းအဝေးကို လိုအပ်ပါက ညှိနှိုင်းကျင်းပနိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ထားဝယ် - ထီးခီးနှစ်လမ်းသွား ကားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းအတွက် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ် များကိုTime Frame ချမှတ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
စေ့စပ်ဆွေးနွေးမှုများဆောင်ရွက်ကြရာတွင် မူဝါဒရေးရာအရ အဆုံး အဖြတ်ရယူရမည့်ကိစ္စရပ်များရှိပါက ဗဟိုအဖွဲ့အစည်းအဝေးကို စောင့်နေရန် မလိုဘဲ ဗဟိုအဖွဲ့ဥက္ကဋ္ဌထံ အချိန်နှင့်တစ်ပြေးညီ တင်ပြလာပါက အဆုံးအဖြတ်များရရှိရန် တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။
အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အထူးစီးပွားရေးဇုန်များကို အစိုးရသက်တမ်းတစ်ခုကာလအတွင်း အတိုင်းအတာတစ်ခုအထိ တိုးတက် လာစေပြီး ပြည်သူများ လက်တွေ့အကျိုးခံစားမှုများ ရရှိစေရေးနှင့် မျှော်လင့် ချက်များ ရှင်သန်လာစေရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ပေးကြရမည်ဖြစ်ပါကြောင်း ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက် သည်။
သတင်းစဉ်
သတင်းစဉ်
No comments:
Post a Comment