Friday, March 1, 2019

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ်
မစ္စတာ စွန်းဂေါ်ရှန်းအား လက်ခံတွေ့ဆုံ
Image may contain: 1 person, sitting, suit and indoor
နေပြည်တော် ဖေဖော်ဝါရီ ၂၈
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်းအား ယနေ့ညနေ ၄ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
အမြင်ချင်းဖလှယ်
တွေ့ဆုံစဉ် ရခိုင်ပြည်နယ် မြောက်ပိုင်းမှ နေရပ်စွန့်ခွာ သူများ ပြန်လည်လွှဲပြောင်းလက်ခံရေးအတွက် မြန်မာ နိုင်ငံက အသင့်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့် ဦးဝင်းကျော်အောင်၊ နိုင်ငံခြားရေးဝန်ကြီး ဌာန နိုင်ငံရေးရာဦးစီးဌာနမှ ဒုတိယòန်ကြားရေးမှူးချုပ် ဦးအောင်ကိုနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် အာရှရေးရာအထူးကိုယ်စားလှယ်နှင့် အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်

No comments:

Post a Comment