Thursday, March 7, 2019

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ကမ္ဘာ့ရေနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်
Image may contain: 11 people, text
နေပြည်တော် မတ် ၆
က္ဘာ့ရေနေ့ (၂၀၁၉) အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပရာ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ တက်ရောက်အမှာစကားပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာ အောင်သူ၊ ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်၊ ဦးစိုးဝင်း၊ ဦးဟန်ဇော်၊ ဒေါက်တာ ဝင်းမြတ်အေးနှင့် ဦးကျော်တင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးတင်မြင့်နှင့် ဦးစိုးအောင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ ရန်ကုန်နှင့် မ္တလေးမြို့တော်ဝန်များ၊ Water Mothers Organization နာယက ဒေါက်တာရွှေလွှမ်း၊ အမျိုးသား အဆင့် ရေအရင်းအမြစ်ကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေး မှူးများ၊ ပါမောက္ခချုပ်များ၊ သံတမန်များ၊ NGO၊INGOများ၊ ကုလသမဂ္ဂ ဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကျွမ်းကျင်ပညာရှင်များ၊ ရေကဏ္ဍနှင့်ဆက်နွှယ်သက်ဆိုင်သူများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယသမ္မတက အမျိုးသား အဆင့် ရေအရင်းအမြစ်ကော်မတီကို၂၀၁၃ ခုနှစ်တွင် စတင်ဖွဲ့စည်းပြီး ၂၀၁၄ ခုနှစ်မှစတင်၍ က္ဘာ့ရေနေ့ အထိမ်း အမှတ် အခမ်းအနားများကို ကျင်းပခဲ့ပါကြောင်း၊ ရေနှင့် ပတ်သက်၍ ပိုမိုအလေးထားဆောင်ရွက်စေရန်၊ ရေနှင့် ဆက်နွှယ်သက်ဆိုင်သူများအကြား အတွေ့အကြုံနှင့် နည်းပညာများဖလှယ်ရန်၊ ရေနှင့်ပတ်သက်သည့် သုတေ သနနှင့် နည်းပညာများအားကောင်းစေရန်၊ ရေနှင့် ဆက်နွှယ်သည့် အဖွဲ့အစည်းများအကြား ဆက်သွယ် ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်ရန် စသည့် ရည်ရွယ်ချက်များ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း။
ယခုနှစ် ၂၀၁၉ ခုနှစ် ကမ္ဘာ့ရေနေ့အတွက် အထူးပြု အကြောင်းအရာ “Theme” မှာ လူသားအခွင့်အရေးအရ ဒုက္ခသည်များအပါအဝင် "မည်သူ့ကိုမျှ နောက်ချန်မထား ရေး" “Leaving No One Behind” ဖြစ်ပါကြောင်း၊ လုံခြုံဘေးကင်းသည့်ရေ၊ ကောင်းမွန်သည့်ရေနှင့်သန့်ရှင်း မှုစနစ်တို့ကို လက်လှမ်းမမီဘဲ ကျန်ရှိခဲ့သူများစွာအတွက် အကြောင်းရင်းများ အလေးထားရှာဖွေဖြေရှင်းကြရန် ရည်ရွယ်၍ UN-Water အနေဖြင့် အဆိုပါအထူးပြု အကြောင်းအရာ “ Theme” ကို သတ်မှတ်ထားခြင်းဖြစ်ပါ ကြောင်း။
ရေအရင်းအမြစ်များ ပြေွါကယ်ဝသောနိုင်ငံ
ယနေ့ ကမ္ဘာ့လူဦးရေ ၁ ဘီလီယံခန့်သည် လုံခြုံ ဘေးကင်းသည့် သောက်သုံးရေ မရရှိနိုင်သေးသည့်အတွက် ၄င်းတို့၏ ကျန်းမာရေး၊ ပညာရေးနှင့် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများအပေါ် သက်ရောက်မှုများ ရှိနေပါ ကြောင်း၊ ကမ္ဘာ့လူဦးရေ ၂ ဒသမ ၃ ဘီလီယံခန့်သည် ကောင်းမွန်သည့်မိလ္လာစနစ်ဖြင့် အလှမ်းဝေးကွာဆဲ ဖြစ်သည့်အတွက် ၄င်းတို့၏ သက်ရှည်ကျန်းမာမှုများအပေါ် သက်ရောက်မှုများ ခံစားနေကြရဆဲဖြစ်ပါကြောင်း။
သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနှင့် ရာသီဥတု ပြောင်းလဲမှုတို့ကြောင့် ရေနှင့်ဆက်နွှယ်သည့် အခက်အခဲ ပြဿနာများကို က္ဘာ့နေရာအနှံ့အပြားတွင် တွေ့ကြုံနေ ကြရပါကြောင်း၊ ရေကြီးရေလျှံမှု၊ မိုးခေါင်ရေရှားမှု၊ လေပြင်းမုန်တိုင်းကျရောက်မှု စသည့်သဘာဝဘေး အ္တရာယ်များကြောင့် လုံခြုံဘေးကင်းသည့် သောက်သုံး ရေ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ စိုက်ပျိုးရေရရှိရေး အပါအဝင် ကဏ္ဍစုံထိခိုက်စေမှုများကြောင့် ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် နိုင်ငံများ၏ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအပေါ် ကြီးမားသည့်သက်ရောက် မှုများ ဖြစ်ပေါ်နေဆဲဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လည်း အခြားဖွံ့ဖြိုးဆဲနိုင်ငံများနည်းတူ ရေနှင့်ပတ်သက် သည့် အခက်အခဲပြဿနာများကို တွေ့ကြုံခံစားနေရပါ ကြောင်း။
မိမိတို့နိုင်ငံသည် ရေအရင်းအမြစ်ြွကယ်ဝပြီး အာဆီယံ ၁၀ နိုင်ငံ၏ ရေ ၁၆ ရာခိုင်နှုန်းခန့်နှင့် အာရှ တိုက်တစ်တိုက်လုံး၏ ရေ ၁၂ ရာခိုင်နှုန်းခန့်အထိ ပိုင်ဆိုင်သည့် ရေအရင်းအမြစ်များ ပြေွါကယ်ဝသောနိုင်ငံ တစ်နိုင်ငံဖြစ်ပါကြောင်း၊ သို့သော် မိုးရွာသွန်းမှု ကွဲပြားခြား နားမှု၊ လူဦးရေတိုးပွားမှု၊ လူနေထူထပ်မှု၊ စက်မှုဇုန်နှင့် စီးပွားရေးဇုန်များ တိုးတက်များပြားလာမှု စသည့်လူနေမှု စနစ်များ ပြောင်းလဲလာမှုတို့ကြောင့် ရေလိုအပ်မှုသည် လျင်မြန်စွာပိုမိုများပြားလာပြီး လူတိုင်းအတွက် ရေဖူလုံစွာ ရရှိနိုင်ရေးတွင် အခက်အခဲများ ဖြစ်ပေါ်နေပါကြောင်း၊ အခြေခံလိုအပ်ချက်များဖြစ်သည့် ဘေးကင်းသော သောက်သုံးရေရရှိနိုင်မှု၊ မိလ္လာနှင့် ရေဆိုးစွန့်ပစ်မှုစနစ် အတွက် ရေလိုအပ်မှုများသည်လည်း နေရာအများစုတွင် ပြဿနာရပ်တစ်ခုအဖြစ် ရှိနေဆဲဖြစ်ပါကြောင်း၊ စနစ် တကျသန့်စင်ခြင်းမရှိဘဲ မြစ်ချောင်းများအတွင်းသို့ စွန့်ထုတ်လိုက်သည့် ရေဆိုးများနှင့် ဓာတုပစ္စည်းများ ကြောင့်လည်း ရေထုညစ်ညမ်းမှုပြဿနာ ဖြစ်ပေါ်လျက် ရှိပါကြောင်း၊ အဆိုပါအခက်အခဲများကို ဖြေရှင်းရန်နှင့် ရေကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရေအရင်းအမြစ် ဘက်စုံစီမံခန့်ခွဲရေးကို စနစ်တကျဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။
ကြိုးပမ်းဆောင်ရွက်လျက်ရှိ
ရေအရင်းအမြစ်စီမံခန့်ခွဲမှုအတွက် ရေတို၊ ရေလတ် နှင့် ရေရှည်အစီအမံများ ချမှတ်ဆောင်ရွက်ကြရမည် ဖြစ်ပြီး အစီအမံများချမှတ်ဆောင်ရွက်ရာတွင်လည်း အားလုံးပါဝင်ဆောင်ရွက်ကြမှသာ လုပ်သာကိုင်သာ ရှိသည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်မည်ဖြစ်ပါကြောင်း၊ ရေအရင်းအမြစ်ဘက်စုံစီမံခန့်ခွဲမှုအတွက် အားလုံး ပူးပေါင်းပါဝင်၍ အတူတကွ ရေရှည်ဆောင်ရွက်သွားမှသာ အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာ လွှမ်းခြုံသည့် ရေအရင်းအမြစ်များကို ထိထိရောက်ရောက် အကျိုးရှိရှိ စီမံဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီကို ၂၀၁၃ ခုနှစ်တွင် စတင်ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၆ ခုနှစ်တွင် ဝန်ကြီးဌာန များ ပြင်ဆင်ဖွဲ့စည်းမှုနှင့်အတူ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီကို ပြန်လည်ဖွဲ့စည်းပြီး ရေနှင့် ဆက်နွှယ်သည့်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ရေအရင်း အမြစ်များကို ထိရောက်စွာ စီမံခန့်ခွဲရေးနှင့် အကျိုးရှိစွာ အသုံးချနိုင်ရေး၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ထိရောက် အကျိုးရှိစွာ ပူးပေါင်းဆောင်ရွက်ရန် အထောက်အကူ ပြုရေး၊ ရေအရင်းအမြစ်ဆိုင်ရာလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက ထိရောက်စွာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။
ဒေသတွင်း ပူးပေါင်းဆောင်ရွက်လျက်ရှိ
အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၊ ရေနှင့်ဆက်နွှယ်သည့် ဝန်ကြီးဌာနအဖွဲ့အစည်းများအနေ ဖြင့်လည်း ရေကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မိတ်ဆွေ နိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လေ့လာမှုများနှင့် စီမံကိန်းများကို ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု အနေဖြင့်လည်း ASEAN ပူးပေါင်းဆောင်ရွက်မှု၊ Mekong River Commission, LancangMekong Cooperation စသည့် ပူးပေါင်းဆောင်ရွက် မှုများတွင် တက်ြွကစွာပူးပေါင်းပါဝင်ဆောင်ရွက်လျက် ရှိပါကြောင်း။
ရေနှင့်ဆက်နွှယ်သည့် ဝန်ကြီးဌာနအဖွဲ့အစည်းများ နှင့် စည်ပင်သာယာရေးကော်မတီများအနေဖြင့်လည်း ရေပိုမိုသိုလှောင်နိုင်ရေးအတွက် အခြေခံအဆောက်အဦး များ ပိုမိုတည်ဆောက်ခြင်း၊ ရေပြုန်းတီးလေလွင့်မှု လျော့ပါးစေရေးလုပ်ငန်းစဉ်များနှင့် ရေချွေတာရေးဆိုင်ရာ လှုပ်ရှားမှုများကို ရန်ပုံငွေရရှိမှုအပေါ် မူတည်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့အတူ ရေနှင့်ဆက်နွှယ်သည့် သဘာဝဘေးအ္တရာယ်များ လျော့ပါးသက်သာစေရေး အစီအမံများဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများကို သက်ဆိုင်ရာ ဝန်ကြီးဌာနအဖွဲ့အစည်းများအားလုံး ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ အမျိုးသားသဘာဝဘေးအ္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း များတိုက်ခတ်မှု၊ ရေကြီးရေလျှံမှု၊ ပင်လယ်လှိုင်းများ ဖြစ်ပေါ်မှုတို့ကို စောင့်ကြည့်၍ အချိန်နှင့်တစ်ပြေးညီ ကြိုတင် သတိပေးချက်များထုတ်ပြန်ခြင်း၊ ကယ်ဆယ်ရေးလုပ်ငန်း များ ဆောင်ရွက်ခြင်း၊ ပျက်စီးဆုံးရှုံးမှု လျော့နည်းသက်သာ စေရေးအတွက် သဘာဝဘေးအ္တရာယ်လျော့ပါး သက်သာစေမည့် အခြေခံအဆောက်အဦးများ တည်ဆောက်ပြုပြင်ခြင်း၊ ဆက်နွှယ်သက်ဆိုင်သူများ အတွက် ပညာပေးလုပ်ငန်းများနှင့် စွမ်းဆောင်ရည်မြှင့်တင် မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့အတွက် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများအကြား ညှိနှိုင်းဆောင်ရွက်လျက် ရှိပါကြောင်း။
ရှားပါးသည့် အရင်းအမြစ်ဖြစ်
ရေကဏ္ဍဘက်စုံစီမံခန့်ခွဲမှုအောင်မြင်ရေး ဆောင် ရွက်ရာတွင် ဘက်စုံအလွှာစုံ တက်ြွကစွာ ပါဝင်လှုပ်ရှား ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ရေပေးဝေမှုနှင့် မိလ္လာစနစ်၊ တစ်ကိုယ်ရေသန့်ရှင်းမှု၊ ပတ်ဝန်းကျင်သန့်ရှင်း မှု၊ ရေသွင်းစိုက်ပျိုးမှု၊ ရေအားလျှပ်စစ်၊ သဘာဝအခြေပြု ခရီးသွားလာမှု၊ သယ်ယူပို့ဆောင်မှုစသည့် ကဏ္ဍမျိုးစုံ တိုးတက်မှုရှိလာစေရန် အစိုးရနှင့်ပြည်သူ ပူးပေါင်းဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ အဆိုပါကဏ္ဍများ၏အခြေခံ လိုအပ်ချက်သည် ရေဖြစ်ကြောင်းနှင့် ရေသည်ရှားပါးသည့် အရင်းအမြစ်ဖြစ်ကြောင်း သိနားလည်ပြီး ရေအရင်းအမြစ် များကို ထိန်းသိမ်းစောင့်ရှောက်သင့်ကြောင်းနှင့် အသိ အမြင်ရှိစေရန် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ရေအသုံးပြုသူများအကြား ရေရှည်တည်တံ့သည့် ရေအသုံးချနိုင်မှုနှင့်ပတ်သက်သည့် အသိပညာ၊ ဗဟုသုတ၊ နည်းပညာ၊ ပူးပေါင်းဆောင်ရွက်မှု၊ ဆွေးနွေးတိုင်ပင်မှုနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင် ရွက်သွားကြရမည်ဖြစ်ပါကြောင်း။
အားလုံးဝိုင်းဝန်းပူးပေါင်းပါဝင်
ရေကဏ္ဍရေရှည်ဖွံ့ဖြိုးတိုးတက်မှုသည် အရေးပါ သည့်အတွက် ၂၀၁၈ ခုနှစ်မှ ၂၀၂၈ ခုနှစ်အထိ ရေရှည် ဖွံ့ဖြိုးတိုးတက်မှုအတွက် ရေကဏ္ဍဆိုင်ရာဆောင်ရွက်ရန် အပြည်ပြည်ဆိုင်ရာ ဆယ်စုနှစ်ဟူ၍ က္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံမှ သတ်မှတ်ထားပါကြောင်း။
ရေကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ဦးဆောင်၍ ရေနှင့်ဆက်နွှယ်သည့် ဝန်ကြီးဌာနအဖွဲ့အစည်း များက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပူးပေါင်းဆောင်ရွက်နေသည့် မိတ်ဆွေနိုင်ငံများ၊ အစိုးရ မဟုတ်သည့် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများအနေဖြင့် ဆက်လက်ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် အလေး ထားပြောကြားလိုပါကြောင်း၊ ရေဆိုင်ရာလုပ်ငန်းများ သည် နိုင်ငံအတွက်သာမက နိုင်ငံအသီးသီး၏ ဖွံ့ဖြိုး တိုးတက်မှုများအတွက် မဖြစ်မနေလုပ်ဆောင်ကြရမည့် လုပ်ငန်းများဖြစ်သည့်အတွက် မှန်ကန်သောအကျိုးရလဒ် များရရှိစေရန် ကမ္ဘာ့ကုလသမဂ္ဂက ချမှတ်ထားသည့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ (ှSustainable
Development Goals)ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အားလုံးဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင် ရွက်ပေးကြပါရန် တိုက်တွန်းအပ်ပါကြောင်း ပြောကြား သည်။
ထို့နောက် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၏ လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဗီဒီယိုကို ပြသသည်။ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် အခမ်းအနားသို့ တက်ရောက် လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ကမ္ဘာ့ရေနေ့(၂၀၁၉)အထိမ်းအမှတ် ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။ထို့နောက် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင် ဦးဆောင်၍ အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ဆက်လက်ကျင်းပ သည်။
အခမ်းအနားတွင် Water Mothers Organization နာယက ဒေါက်တာရွှေလွှမ်းက ကမ္ဘာ့ရေနေ့(၂၀၁၉) အထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်သည့် "မည်သူ့ကိုမျှ နောက်ချန်မထား ရေး"" (Sustainable Development Goals) "နှင့်စပ်လျဉ်း၍ အမှာစကားပြောကြားပြီး ပါမောက္ခ ဒေါက်တာခင်နီနီသိန်း ဦးဆောင်၍ ဒေါက်တာရွှေလွှမ်း၊ ဦးထွန်းလွင်ဦး၊ ဦးလှမောင်သိန်းနှင့် ဒေါ်သင်းနွယ်စိုးတို့ ပါဝင်ဆွေးနွေးကြသည်။ယင်းနောက် ရေနှင့်စပ်လျဉ်း၍ ဘာသာရပ်ဆိုင်ရာ အခန်းကဏ္ဍများအလိုက် သီးခြားစီ ဆွေးနွေးခဲ့ကြသည်။ သတင်းစဉ်

No comments:

Post a Comment