ကမ္ဘာပတ်လမ်းကြောင်းအနိမ့်ပိုင်း၌ ပျံသန်းနေသည့်ဂြိုဟ်တုတစ်လုံးကို အိန္ဒိယက မြေပြင်မှဒုံးကျည်ဖြင့်ပစ်ခတ်မှု အောင်မြင်
ကမ္ဘာပတ်လမ်းကြောင်းအနိမ့်ပိုင်းတွင် ပျံသန်းနေသည့် ဂြိုဟ်တုတစ်လုံးကို အိန္ဒိယနိုင်ငံက မတ် ၂၇ ရက်တွင် မြေပြင်မှဒုံးကျည်ဖြင့် စမ်းသပ်ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ ကြောင်း အိန္ဒိယဝန်ကြီးချုပ် မိုဒီက ပြောကြားခဲ့ပြီး အိန္ဒိယ နိုင်ငံသည် အာကာသသိပံ္ပဆိုင်ရာတွင် အင်အားကြီး နိုင်ငံဖြစ်လာပြီဟု ဆက်လက်ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စု၊ ရုရှားနှင့်တရုတ်နိုင်ငံတို့ ပြီးလျှင် အိန္ဒိယနိုင်ငံက က္ဘာပတ်လမ်းကြောင်းအတွင်းရှိ ဂြိုဟ်တုကို မြေပြင်မှဒုံးကျည်ဖြင့်ပစ်ချနိုင်စွမ်းရှိသည့် စတုတ္ထမြောက်နိုင်ငံ ဖြစ်လာခဲ့သည်။
အိန္ဒိယနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲကျင်းပ ရန် ရက်သတ္တပတ်အနည်းငယ်အလိုတွင် ဝန်ကြီးချုပ်က ပြည်သူများသို့ ရုပ်မြင်သံကြားမှ မိန့်ခွန်းပြောကြားမှုကို ရှားရှားပါးပါး ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းမိန့်ခွန်းတွင် အိန္ဒိယ သိပံ္ပပညာရှင်များက က္ဘာပတ်လမ်းကြောင်း အနိမ့်ပိုင်း တွင် ပျံသန်းနေသည့် ဂြိုဟ်တုတစ်လုံးကို ပစ်ချခဲ့ကြောင်း ဝန်ကြီးချုပ်မိုဒီက ပြောကြားခဲ့သည်။
အိန္ဒိယဝန်ကြီးချုပ်မိုဒီသည် ၂၀၁၆ ခုနှစ် ကုန်ပိုင်း ကတည်းကစပြီး နိုင်ငံသို့ပထမဆုံးအကြိမ် ရုပ်မြင်သံကြား မှ မိန့်ခွန်းပြောကြားခြင်းဖြစ်ပြီး ယခုဖြစ်ရပ်သည် အိန္ဒိယ နိုင်ငံအတွက် ဂုဏ်ယူဖွယ်ရာဖြစ်သည်ဟု ပြောကြားခဲ့ သည်။
အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဩရိဿပြည်နယ်ရှိ ဒုံးကျည် စမ်းသပ်သည့်စခန်းတစ်ခုမှ ဒုံးကျည်ကို ပစ်လွှတ်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါဒုံးကျည်က ကီလိုမီတာ ၃၀ဝ နီးပါးအမြင့် တွင် ဝန်းပတ်ပျံသန်းနေသည့်ဂြိုဟ်တုကို ဖျက်ဆီးခဲ့ခြင်းဖြစ် သည်။ ယင်းမှာ ခက်ခဲသည့်လုပ်ဆောင်မှုဖြစ်ပြီး အချိန် ပိုင်းအားဖြင့် သုံးမိနစ်နီးပါးမျှသာကြာသည်ဟု အိန္ဒိယ ဝန်ကြီးချုပ်မိုဒီက ပြောကြားခဲ့သည်။
လွန်ခဲ့သည့်လအတွင်းက အိန္ဒိယနှင့်ပါကစ္စတန် လေတပ်တို့မှ တိုက်လေယာဉ်များသည် ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ကက်ရှ်မီးယားဒေသ ကောင်းကင်ယံ၌ စီးချင်းထိုးတိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး အဏုမြူလက်နက် ကိုယ်စီပိုင်ဆိုင်ထားသည့် ပြိုင်ဘက်နှစ်နိုင်ငံအကြား စစ်ရေးအရ တင်းမာမှုများဖြစ်ပွားခဲ့ပြီးနောက်တွင် အိန္ဒိယ နိုင်ငံက ကမ္ဘာပတ်လမ်းကြောင်းအတွင်းရှိ ပျံသန်းနေသည့် ဂြိုဟ်တုအား ဒုံးကျည်ဖြင့်ပစ်ချမှုပြုလုပ်ခဲ့ခြင်းဖြစ် သည်။
အေအက်ဖ်ပီ
No comments:
Post a Comment