ရန်ကုန် မတ် ၂၂
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်သည် ယနေ့ ည ၇ နာရီခွဲက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏမြို့ရှိ The One Entertain- ment Park သို့ရောက်ရှိပြီး မတ် ၂၃ ရက်တွင် ကျင်းပမည့် ၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပရန် ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများကို ကြည့်ရှုသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ဒုတိယဝန်ကြီး ဦးအောင် လှထွန်းနှင့် တာဝန်ရှိသူများနှင့်အတူ ကြိုဆိုဧည့်ခံရေးနှင့် နေရာချထားမှု အခြေအနေ များ၊ ၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပေးအပ်မည့် စင်မြင့်နှင့် အကြိုဇာတ် တိုက်လေ့ကျင့်မှုများ၊ သတင်းရယူမည့် သတင်းမီဒီယာများအတွက် စီစဉ်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုရာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းနှင့် တာဝန်ရှိသူများက ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများ နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က လိုအပ် သည်များကို ဖြည့်စွက်မှာကြားသည်။
၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ခြင်းအခမ်းအနားကို မတ် ၂၃ ရက် ညနေ ၄ နာရီတွင် ကျင်းပမည်ဖြစ်ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် မြန်မာ့အသံ ရေဒီယိုအစီအစဉ်တို့မှ ညနေ ၃ နာရီခွဲမှစ၍ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ် ကြောင်း သိရှိရသည်။
သတင်းစဉ်
No comments:
Post a Comment