Wednesday, March 6, 2019

ဝိသာခါ ပုဏ္ဏမီဂုဏ်ဝေ သီလရှင်သင် စာသင်ကျောင်းနှင့် ပရဟိတဂေဟာ လေးထပ်ခွဲကျောင်းဆောင် ဖွင့်ပွဲကျင်းပ

Image may contain: 8 people, people smiling, people standing
နေပြည်တော် မတ် ၅
ဝိသာခါ ပုဏ္ဏမီဂုဏ်ဝေ သီလရှင်သင် စာသင် ကျောင်းနှင့် ပရဟိတဂေဟာ လေးထပ်ခွဲ ကျောင်းဆောင် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက နေပြည်တော် လယ်ဝေး မြို့နယ်ရှိ ပုဏ္ဏမီဂုဏ်ဝေ သီလရှင်စာသင်တိုက် တွင် ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ၏ဇနီး ဒေါ်ချိုချို တက်ရောက်ချီးမြှင့်သည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်
အခမ်းအနားတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေ၏ ဇနီး ဒေါ်ခင်သက်ဌေး၊ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ဇနီး ဒေါက်တာ ရွှေလွှမ်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဝိသာခါဖောင်ဒေးရှင်း၏ နာယက ပါမောက္ခ ဒေါက်တာဝင်းမင်းသစ်၊ ရင်ခွင်မဲ့ကလေး လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်း ဥက္ကဋ္ဌ ဒေါ်မေယဉ်ထွန်းနှင့် တာဝန်ရှိ သူများက ကျောင်းဆောင်သစ်ကို ဖဲကြိုး ဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ ကျောင်းဆောင်သစ် ဆိုင်းဘုတ်ကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ဇနီး ဒေါ်ချိုချိုနှင့် နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးထင်ကျော်၏ဇနီး ဒေါ်စုစုလွင်တို့က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကြသည်။
လှည့်လည်ကြည့်ရှု
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ၏ဇနီး ဒေါ်ချိုချိုနှင့် အဖွဲ့ဝင်များသည် ဝိသာခါ ပုဏ္ဏမီဂုဏ်ဝေ လေးထပ်ခွဲကျောင်း ဆောင်သစ်ကို လှည့်လည်ကြည့်ရှုကြသည်။
ယင်းနောက် ကျောင်းဆောင်သစ်ကြီး အတွင်း ဝိသာခါဖောင်ဒေးရှင်း၏ နာယက ပါမောက္ခ ဒေါက်တာဝင်းမင်းသစ်က ကျောင်း ဆောင်သစ် ဆောက်လုပ်လှူဒါန်းရခြင်း၏ ရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားသည်။
လွှဲပြောင်းပေးအပ်
ထို့နောက် နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးထင်ကျော်၏ဇနီး ဒေါ်စုစုလွင်က မုဒိတာ စကားပြောကြားပြီး ဝိသာခါဖောင်ဒေးရှင်း နာယကပါမောက္ခ ဒေါက်တာဝင်းမင်းသစ်က ကျောင်းဆောင်သစ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများအား သီလရှင်နှင့် ပရဟိတ ကျောင်းတိုက် ပဓာနနာယက သီလရှင် ဆရာကြီး ဒေါ်ဇေယျသိင်္ဂီထံ လွှဲပြောင်းပေးအပ် ကာ သီလရှင်ဆရာကြီးက ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးထင်ကျော်၏ဇနီး ဒေါ်စုစုလွင်နှင့် အဖွဲ့ဝင် များ၊ အလှူရှင် ဝိသာခါဖောင်ဒေးရှင်းမှ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူ များသည် စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
တရားရေအေးတိုက်ကျွေး
ဝိသာခါ ပုဏ္ဏမီဂုဏ်ဝေ သီလရှင်သင် စာသင်ကျောင်းနှင့် ပရဟိတဂေဟာ လေးထပ်ခွဲကျောင်းဆောင်ကို ငွေကျပ် သိန်းပေါင်း ၅၅ဝဝ ကျော် အကုန်အကျခံ တည်ဆောက်ထားပြီး ဝိသာခါဖောင်ဒေးရှင်း က လှူဒါန်းခြင်းဖြစ်ကြောင်း သိရှိရသည်။ ကျောင်းဆောင်သစ်ဖွင့်ပွဲ အောင်ပွဲအဖြစ် ည ၇ နာရီတွင် လယ်ဝေးမြို့ ဖောင်တော်ချက်မ ဘုရားကွင်းပြင်၌ သီတဂူဆရာတော်ကြီးက တရားရေအေး တိုက်ကျွေးသည်။
သတင်းစဉ်

No comments:

Post a Comment