Wednesday, March 6, 2019

မြေမြှုပ်မိုင်းတားမြစ်ဖျက်သိမ်းရေးဆိုင်ရာ နိုင်ငံတကာပဋိညာဉ်စာချုပ်နှင့်စပ်လျဉ်းသည့် အသိပညာပေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

Image may contain: one or more people, people standing and indoor

နေပြည်တော် မတ် ၅
မြေမြှုပ်မိုင်းတားမြစ်ဖျက်သိမ်းရေးဆိုင်ရာ နိုင်ငံတကာပဋိညာဉ်စာချုပ်နှင့် စပ်လျဉ်းသည့် အသိပညာပေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် သင်္ဂဟဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် လက်နက်ကိုင်ပဋိပက္ခများ၏အကျိုးဆက်ဖြစ်သော မြေမြှုပ် မိုင်းများနှင့် စစ်လက်ကျန်ပစ္စည်းများကြောင့် ဒေသခံပြည်သူများ အသက်ဆုံး ရှုံးခြင်း၊ မသန်စွမ်းမှုဖြစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာထိခိုက်ခြင်း၊ လူမှုစီးပွားဘဝ ထိခိုက်ခြင်းများစွာ ရင်ဆိုင်ခံစားရသည့်အတွက် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် မိုင်းကြောင့်ထိခိုက်ခံစားရသူများအား ကူညီထောက်ပံ့ခြင်း၊ လူမှုဘဝပြန်လည်ဝင်ဆံ့ နိုင်ရေးအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူ ၄၈၉ ဦးအတွက် တစ်ဦးလျှင်ထောက်ပံ့ ကြေးငွေကျပ် နှစ်သိန်းနှုန်းဖြင့် စုစုပေါင်း ၉၇၈ သန်းတိတိကို ဝန်ကြီးဌာန၏ ဘတ်ဂျက်ရန်ပုံငွေဖြင့် ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါကြောင်း။
မိုင်းအန္တရာယ် အသိပညာပေးဆောင်ရွက်ရာတွင်လည်း ဆက်စပ်ဝန်ကြီး ဌာနများ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ လုပ်ငန်းများ ဆောင်ရွက်နေပါကြောင်း၊ ပြန်လည်ထူထောင်ရေးအတွက် အသက်မွေးဝမ်း ကျောင်းပညာရပ်များ သင်ကြားပေးခြင်းအပြင် ပညာရေး၊ ကျန်းမာရေးနှင့် အခြားထောက်ပံ့မှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိုင်းရှင်း လင်းရေးလုပ်ငန်းသည် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းဖြစ်သည့် အတွက် အကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်နေသော အဖွဲ့အစည်းများ အနေဖြင့် မိုင်းအ္တရာယ်အသိပညာပေးရေး၊ မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများက ပူးပေါင်းဆောင်ရွက်မည်ဆိုပါက မိုင်းကြောင့် ထိခိုက်ခံစားရသူများ လျော့နည်းသွားမည်ဖြစ်ပြီး ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဖြစ်သော စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း များကို ပြန်လည်လုပ်ကိုင်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်မောင်မောင်မြင့်နှင့် နော်ဝေသံအမတ်ကြီးMs.ToneTinnes တို့က နှုတ်ဆက်စကား ပြောကြားသည်။
ဆက်လက်၍ မြေမြှုပ်မိုင်းဆိုင်ရာ ပဋိညာဉ်စာချုပ်နှင့်စပ်လျဉ်း၍ အချက် တစ်ချက်ချင်းစီအလိုက် ရှင်းလင်းဆွေးနွေးခြင်းများ ဆက်လက်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment