Wednesday, March 6, 2019

ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် ပြည်ပသို့သွားရောက်မည့် မြန်မာအားကစားအဖွဲ့ဝင်များအား တွေ့ဆုံ

Image may contain: 3 people, people smiling, people sitting and indoor
ရန်ကုန် မတ် ၅
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်သည် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ဟိုချီမင်း မြို့တွင် မတ် ၆ ရက်မှ ၁၄ ရက်အထိ ကျင်းပမည့် (၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလွတ်တန်း ဖိတ်ခေါ်စစ်တုရင်ပြိုင်ပွဲနှင့် စင်ကာပူ နိုင်ငံတွင် မတ် ၈ ရက်မှ ၁၇ ရက်အထိ ကျင်းပမည့် ပထမအကြိမ် အာရှ လူငယ်အားကစား ခေါင်းဆောင်များ စခန်းသွင်းလေ့ကျင့်မှု အစီအစဉ်သို့ တက်ရောက်မည့် အားကစားအဖွဲ့ဝင် များအား တွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံအားကစား ကွင်းရှိ အားကစားနှင့် ကာယပညာ ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှင်းလင်းတင်ပြ
ရှေးဦးစွာ မြန်မာနိုင်ငံစစ်တုရင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမောင်မောင်လွင်က ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှုအခြေအနေများနှင့် ပထမ အကြိမ် အာရှလူငယ်အားကစား ခေါင်းဆောင်များ စခန်းသွင်း လေ့ကျင့်မှုအစီအစဉ်များကို ရှင်းလင်း တင်ပြသည်။
လိုအပ်သည်များ မှာကြား
ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ယခု သွားရောက်ယှဉ်ပြိုင်မည့် စစ်တုရင် အားကစားသမားအနေဖြင့် ပြိုင်ပွဲ များတွင် စိတ်ဓာတ်တက်ကြွနိုင်လိုစိတ် အပြင် မိမိ၏ စဉ်းစားတွေးခေါ်ဖြတ်ထိုး ဥာဏ်ဖြင့် ကစားရသော စစ်တုရင် အားကစားနည်းဖြစ်ရာ မိမိတို့၏ အားကစားနည်းပုံရိပ်ကို က္ဘာ့နိုင်ငံ များအလယ်တွင် မြှင့်တင်နိုင်ရန် ယှဉ်ပြိုင်စေလိုကြောင်း၊ လိုအပ်သည့် ပံ့ပိုးမှုများကို ကူညီသွားမည်ဖြစ် ကြောင်း၊ ပထမအကြိမ် အာရှလူငယ် အားကစားခေါင်းဆောင်များ စခန်းသွင်း လေ့ကျင့်မှုအစီအစဉ်သို့ တက်ရောက် မည့် B.Sc Sports မှ သင်တန်းသား သင်တန်းသူများအား နေ့စဉ်သင်တန်း ပို့ချမှုများကိုလည်း ဗီဒီယိုမှတ်တမ်း တင်ရန်လိုအပ်ကြောင်း၊ အားနည်း ချက်၊ အားသာချက်များ၊ အတွေ့အကြုံ များကို အမြန်ဆုံး ပြန်လည်သုံးသပ် ပြင်ဆင်ပြီး အစဉ်အမြဲတိုးတက် အောင်မြင်မှုများရရှိအောင် ကြိုးစား သွားကြရန် လိုအပ်ကြောင်း၊ သင်တန်းသား သင်တန်းသူများအနေ ဖြင့် သွားရောက်စခန်းသွင်းသည့် အခါတွင် ဝတ်စားဆင်ယင်မှုပိုင်းကို လည်း သတိချပ်၍ မိမိတို့၏နိုင်ငံ ဂုဏ်တင့်တယ်အောင် သေသပ်စွာ ဝတ်ဆင်စေလိုကြောင်း၊ အခက်အခဲ ရှိပါက မြန်မာသံရုံးများနှင့် ချိတ်ဆက်ပြီး အကူအညီရယူသွားရန် လိုအပ်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment