ရန်ကုန် မတ် ၂၃
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မတ် ၃၁ ရက်တွင် ကျင်းပမည့် ရန်ကုန်မြို့တော်စည်ပင်သာယာ ကော်မတီဝင်အဆင့်ဆင့် ရွေးကောက်တင်မြှောက်ပွဲအတွက် ယနေ့ ညနေ ၄ နာရီခွဲက ရန်ကုန်မြို့ ဗဟန်းမြို့နယ်တွင် နည်းဥပဒေ ပါအတိုင်း ကြိုတင်ဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။
ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ပေး
အဆိုပါ ကြိုတင်ဆန္ဒမဲပေးရာတွင် ဗဟန်းမြို့နယ်စည်ပင်သာယာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန်းလွင်၊ အဖွဲ့ဝင် ဦးနေဝင်းနှင့် ဒေါ်သီတာအောင်၊ အတွင်းရေးမှူး မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ ရပ်ကွက်၊ ကျေးရွာ ကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင် ဦးဝင်းကြည်၊ ဦးဇော်အောင်တို့က ရွေးကောက်ပွဲနည်းဥပဒေနှင့်အညီ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
အဆိုပါ ရန်ကုန်မြို့တော်စည်ပင်သာယာ ကော်မတီဝင်အဆင့်ဆင့် ရွေးကောက်တင်မြှောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး စည်ပင်နယ်နိမိတ်အတွင်းရှိ မြို့နယ် ၃၃ မြို့နယ်တွင် မဲဆန္ဒနယ်ခြောက်ခုသတ်မှတ်ကာ ကိုယ်စားလှယ်လောင်း ၂၇၂ ဦး ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment