Wednesday, March 6, 2019

တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းများ တရားမဝင်ရောင်းဝယ်မှု မြန်မာအပါအဝင် မဟာမဲခေါင်ဒေသ ဇီဝမျိုးစုံမျိုးကွဲများအပေါ် ခြိမ်းခြောက်လျက်ရှိ

Image may contain: one or more people, people on stage and indoor
ရန်ကုန် မတ် ၅
မြန်မာနိုင်ငံတွင် ဘေးအန္တရာယ်ကျရောက်နေသော သတ္တဝါမျိုးစိတ်ပေါင်း ၃၃၁ မျိုးရှိကြောင်း၊ ထိုအထဲတွင် ငှက်မျိုးစိတ်များ၊ မျောက်ဝံများ၊ နွားလားများ၊ အာရှဆင်၊ Eld မျိုးစိတ်သမင်များ၊ ရေချိုလိပ်များ၊ သင်းခွေချပ်များ နှင့် ကျားများပါဝင်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သမဂ္ဂ(IUCN) Red List နောက်ဆုံးအစီရင်ခံစာအရ သိရသည်။
ဂုဏ်ပြုချီးကျူး
ထို့အပြင် မြန်မာနိုင်ငံရှိ ဘေးမဲ့ကန့်သတ်ထားသော နေရာများ၏ ၇ဝ ရာခိုင်နှုန်းခန့်တွင် အမဲလိုက်သတ်ဖြတ်မှု များကို တွေ့ရှိနေရသည်ဟု ယနေ့ မွန်းလွဲပိုင်းက ကမ္ဘာအေးဘုရားလမ်းရှိGoethe Villa ၌ ကျင်းပသည့် ပြည်တွင်းဥရောပသမဂ္ဂက ထုတ်ပြန်သော တရားမဝင် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ဖောက်ကားမှု အဆုံး သတ်ရေးနှင့်စပ်လျဉ်းသည့် ကျားထက်သာလွန်၍ အစီရင် ခံစာထုတ်ပြန်ခြင်း အခမ်းအနားမှ သိရသည်။
သို့သော် မြန်မာနိုင်ငံ၏ တောရိုင်းတိရ္ဆာန်များနှင့် ဇီဝမျိုးစုံမျိုးကွဲတို့ကို ကာကွယ်စောင့်ရှောက်ရန် အားဖြည့် ဆောင်ရွက်ခဲ့မှုများအပေါ် မြန်မာအစိုးရအား ဥရောပ သမဂ္ဂ သံတမန်အကြီးအကဲများနှင့်တကွ အဖွဲ့ဝင်နိုင်ငံ များက ဂုဏ်ပြုချီးကျူးကြောင်းကိုလည်း မတ် ၃ ရက်တွင် ကျရောက်သည့် ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့တွင် ဥရောပသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး Kristian Schmidt က ''မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ တစ်ဝန်းလုံးမှာရှိတဲ့ တောရိုင်းတိရ္ဆာန်တွေကို မျိုးသုဉ်း မပျောက်ကွယ်အောင် ကာကွယ်စောင့်ရှောက်ဖို့ ဥရောပ သမဂ္ဂက ဆုံးဖြတ်ထားပါတယ်။ အနာဂတ်မျိုးဆက်တွေ အတွက် မြန်မာ့အဖိုးတန် သဘာဝအမွေအနှစ်တွေကို စောင့်ရှောက်ဖို့ မြန်မာနိုင်ငံရဲ့ ကြိုးစားအားထုတ်မှုတွေကို အင်တိုက်အားတိုက် ကူညီပေးသွားမှာပါ''ဟု ပြောသည်။
တစ်နေ့တခြား လျော့ပါးလာနေ
သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) ၏ ဌာနေ ဒါရိုက်တာ ဦးစောထွန်းက ''တောရိုင်းတိရ္ဆာန်ဆိုင်ရာ ရာဇဝတ်မှုတွေဟာ မြန်မာနိုင်ငံရဲ့ ရေ၊ မြေ၊ တော၊ တောင် နဲ့ သစ်တောတွေကို လုံးဝပြောင်းလဲလိုက်ပါတယ်။ အဖိုးတန် ရှားပါးသတ္တဝါမျိုးစိတ်တွေလည်း တစ်နေ့တခြား လျော့ပါးလာနေပါတယ်။ ဒါတွေကို ထိထိရောက်ရောက် မနှိမ်နင်းရင် ကျွန်တော်တို့ရဲ့ အဖိုးတန်ရှားပါးသတ္တဝါ မျိုးစိတ်တွေ မျိုးသုဉ်းပျောက်ကွယ်သွားပါလိမ့်မယ်။ အခု အစီရင်ခံစာမှာ မြန်မာနိုင်ငံနဲ့ မဟာမဲခေါင်ဒေသအတွင်း မှာရှိတဲ့ နိုင်ငံတွေမှာ ဒီရာဇဝတ်မှုတွေ ပပျောက်သွား အောင် ဖြစ်နိုင်ခြေရှိတဲ့ အကြံပြုချက်တွေ ထည့်သွင်းဖော်ပြ ထားပါတယ်''ဟု ဆိုသည်။
အကြီးမားဆုံးခြိမ်းခြောက်မှုကြီးဖြစ်
တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းများ တရားမဝင် ရောင်းဝယ်ဖောက်ကားနေမှုသည် မြန်မာနိုင်ငံနှင့် မဟာ မဲခေါင်ဒေသရှိ ဇီဝမျိုးစုံမျိုးကွဲများအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုကြီးဖြစ်ကြောင်း၊ အဆိုပါဒေသအတွင်း အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရသော ဇီဝမျိုးစုံမျိုးကွဲ ပေါင်း ၇၉၅ မျိုးရှိပြီး ၄င်းတို့အနက်မှ မျိုးစိတ်ပေါင်း ၁၂၃ မျိုးသည် အလွန်အကျွံ အမဲလိုက်ခြင်းနှင့် တရားမဝင် ကုန်သွယ်ခြင်းအ္တရာယ်များကြားတွင် ကျရောက်နေ ကြောင်း၊ ကမ္ဘာပေါ်ရှိ တောရိုင်းတိရ္ဆာန်ထွက်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားရာ ဈေးကွက်ကြီးများဖြစ်သည့် တရုတ်၊ ဗီယက်နမ်တို့နှင့်အတူ မဟာမဲခေါင်ဒေသအတွင်း နိုင်ငံများသည် တရားမဝင် တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းများ သယ်ယူပို့ဆောင်ရာ၊ ရောင်းဝယ်ဖောက်ကား ရာ ဈေးကွက်ကြီးတစ်ခုအဖြစ် ဖြစ်တည်လျက်ရှိကြောင်း ယနေ့ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထား သည်။
တရားမဝင်ကုန်သွယ်မှုများ တားဆီးနှိမ်နင်း
မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ မျိုးသုဉ်းမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ကျား၊ ဆင်၊ ပြောင်၊ ဝက်ဝံ၊ သင်းခွေချပ်၊ ရွှေသမင် စသည့် ရှားပါးသတ္တဝါများကို အမဲလိုက်သတ်ဖြတ်မှုများ လျော့ပါးရေး၊ တရားမဝင် ကုန်သွယ်မှုများ ပိုမိုတိုးမြှင့်လုပ်ဆောင်လာနေသည်ကို ပြည်သူများ ပိုမိုသိရှိလာစေရန် ထိန်းသိမ်းကာကွယ်မှုများ ဆောင်ရွက်ရေး၊ တရားမဝင်ကုန်သွယ်မှုများ တားဆီး နှိမ်နင်းရာတွင် ပိုမိုပူးပေါင်းပါဝင်လာစေရေးအတွက် မြန်မာနိုင်ငံတွင် ပထမဆုံး ဆင်ပြတိုက်ဖွင့်လှစ်ခြင်းနှင့် အတူ တောရိုင်းတိရစ္ဆာန်အစိတ်အပိုင်းများ ဒုတိယ အကြိမ် ဖျက်ဆီးခြင်းအခမ်းအနားကို ကမ္ဘာ့တောရိုင်း တိရစ္ဆာန်နေ့ဖြစ်သည့် မတ် ၃ ရက်က ရန်ကုန်မြို့ သဘာဝ သမိုင်းပြတိုက် တိရစ္ဆာန်ဥယျာဉ်၌ ကျင်းပခဲ့သည်။
ဒုတိယအကြိမ် ဖျက်ဆီးမည့် ဖမ်းဆီးရမိ တောရိုင်း တိရစ္ဆာန် အစိတ်အပိုင်းများမှာ ဆင်စွယ်စုစုပေါင်း ၂၁၉ ချောင်း၊ ကျားနှင့် ကျားသစ်အရိုးမျိုးစုံ ၅၂၇ ချောင်း၊ ဦးချို မျိုးစုံ အချောင်း ၈ဝဝ၊ သင်းခွေချပ်အကြေးခွံ ၁၃၄ ဒသမ ၇၂ ကီလိုဂရမ်၊ လိပ်ခွံနှင့် ဆင်နှာမောင်းချောက် ၅ ဒသမ ၅ ကီလိုဂရမ် စုစုပေါင်း အလေးချိန်ပမာဏအားဖြင့် ၇၆၆ ဒသမ ၁၁ ကီလိုဂရမ်ဖြစ်ပြီး တန်ဖိုးအားဖြင့် မြန်မာငွေကျပ် သိန်းပေါင်း ၁၇ဝဝဝ ကျော်၊ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ သန်းခန့်ရှိကြောင်း သိရသည်။
သတင်း-ဥမ္မာသန့်၊ မြတ်စန္ဒီ
ဓာတ်ပုံ-ရဲထွဋ်

No comments:

Post a Comment