Wednesday, March 6, 2019

ရွှေတိဂုံစေတီတော် အလှူတော်ငွေပေးအပ်လှူဒါန်းပွဲကျင်းပ

Image may contain: 7 people, indoor

ရန်ကုန် မတ် ၅
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့က စီစဉ်ကျင်းပ သော ၅၆၈ ကြိမ်မြောက် အလှူတော် ငွေ ပေးအပ်လှူဒါန်းပွဲနှင့် အလှူရှင် များအား ထုတိအနုမောဒနာဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက ရွှေတိဂုံစေတီတော် ရင်ပြင် တော်တောင်ဘက် ရှေးဟောင်းဗုဒ္ဓ ရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။
ရှေးဦးစွာ အလှူရှင်များက အလှူတော်ငွေများကို ပေးအပ်လှူ ဒါန်းရာ ဘဏ္ဍာတော်ထိန်း ဂေါပက အဖွဲ့ အလှည့်ကျသဘာပတိနှင့် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင် များက လက်ခံရယူပြီး ထုတိအနုမော ဒနာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ထို့နောက် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ သြဝါဒါစရိယ နိုင်ငံ တော်သံဃမဟာ နာယကအဖွဲ့ဝင် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္တ ဝါစကပဏ္ဍိတ ဗဟန်းမြို့နယ် ညောင် တုန်းပါဠိတက္ကသိုလ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပဝရာဘိဝံသထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ရေစက်ချ အနုမောဒနာတရားနာယူကာ အခမ်း အနားကို ရုပ်သိမ်းခဲ့သည်။
ယနေ့ပြုလုပ်သော အလှူတော် ငွေပေးအပ်လှူဒါန်းပွဲ၌ ရွှေသင်္ကန်း တော်(ရွှေပြား) အလှူရှင် ၁၁၅ ဦးထံမှ ရွှေပြားပေါင်း ၁၁၉ ချပ် အလှူခံရရှိခဲ့ကာ ငွေသားအလှူရှင် ၃၇ ဦး အပါအဝင် လှူဒါန်းငွေစုစုပေါင်း ငွေကျပ် ၉၆၇၇၃၉၆၅ဝ ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment