Tuesday, March 5, 2019

မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ပြန်လည်လွှဲပြောင်းပေးခြင်းနှင့်ပတ်သက်၍ဆောင်ရွက်သင့်သည့် အစီအမံများရေးဆွဲဖော်ထုတ်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

Image may contain: 1 person, sitting and indoor
နေပြည်တော် မတ် ၎
တစ်ဖက်နိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသော ရွှေ့ပြောင်းအလုပ်သမားများကို တစ်ဖက်နိုင်ငံမှ ဖမ်းဆီး ၍ မိမိနိုင်ငံအတွင်း ပြန်လည်ပို့ဆောင်မှုများအပေါ် ဆောင်ရွက်သင့်သည့် အစီအမံများ ရေးဆွဲဖော်ထုတ်ရေး ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက တစ်ဖက်နိုင်ငံ၌ သွားရောက်အလုပ် လုပ်ကိုင်နေသည့် မိမိတို့နိုင်ငံသား ရွှေ့ပြောင်းအလုပ် သမားများ နိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသည့်အခါ ပြန်လည်လက်ခံရေးအတွက် အစီအမံများဖော်ထုတ်နိုင် ရန် အစည်းအဝေးပြုလုပ်ရခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် မြဝတီ၊ ကော့သောင်းနှင့် တာချီလိတ်မြို့များတွင် ပြန်လည် ဝင်ရောက်လာခြင်းများ နေ့စဉ် ရှိပါကြောင်း၊ ယင်းသို့ ဝင်ရောက်လာရာတွင် တစ်ဖက်နိုင်ငံသို့ တရားမဝင် ရောက်ရှိနေသူ၊ တစ်ဖက်နိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသူ၊ မူးယစ်ဆေးဝါးသုံးစွဲနေသူ၊ ပြစ်မှုကျူးလွန်၍ ပြစ်ဒဏ် အမျိုးမျိုးကျခံခဲ့ရသူ၊ ဘဝရပ်တည်ရန်ခက်ခဲသူ၊ နာမကျန်း ဖြစ်နေသူများအပြင် တစ်ဖက်နိုင်ငံတွင် အခြေကျနေခဲ့သူ များလည်းရောပါလာကြောင်း၊ ယင်းကိစ္စရပ်များကို သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မည့် စီမံချက်ရေးဆွဲဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မိမိနိုင်ငံသားများ တစ်ဖက်နိုင်ငံ၌ အလုပ်လုပ်ရာတွင် တရားဝင်လုပ်ကိုင်နိုင်ပါက အလုပ် သမားမိသားစုများအတွက်သာမက နိုင်ငံတော်အတွက်ပါ အကျိုးရှိမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အတွက် အထောက်အကူဖြစ်မည်ဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် တာဝန် ရှိသူများက ကဏ္ဍအလိုက် ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရတို့က ပူးပေါင်း ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ရန်ပုံငွေထောက်ပံ့ပေး မည့် အခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေး၊ မူးယစ်ဆေးစွဲနေသူများအား ပြန်လည် ထူထောင်ရေးစခန်း ဖွင့်လှစ်ဆောင်ရွက်နိုင်ရေးအတွက် စီမံချက်များအမြန်ဆုံးရေးဆွဲဆောင်ရွက်ရေး၊ တစ်ဖက် နိုင်ငံတွင် တရားမဝင် အလုပ်လုပ်ကိုင်လျက်ရှိသော ရွှေ့ပြောင်းအလုပ်သမားများကို တစ်ဖက်နိုင်ငံက ဖမ်းဆီး ၍ နိုင်ငံသို့ ပြန်လည်ပို့ဆောင်မှုများအပေါ် စိစစ် လက်ခံရေးလုပ်ငန်းများနှင့် နေရပ်အရောက် ပြန်လည် ပို့ဆောင်ပေးနိုင်မည့် လုပ်ငန်းအစီအစဉ်များကို ဆွေးနွေး ကြသည်။
သတင်းစဉ်

No comments:

Post a Comment