Tuesday, March 5, 2019

မြန်မာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း တရားဝင်စတင်ဖွင့်လှစ်ခြင်း အခမ်းအနားကျင်းပ

Image may contain: 6 people, people smiling, people standing and shoes
နေပြည်တော် မတ် ၎
မြန်မာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း (Myanmar Trade and Investment Project - TIP) တရားဝင်စတင်ခြင်း အခမ်း အနားကို ယနေ့နံနက် ၁၁ နာရီတွင် ရန်ကုန် မြို့ Chatrium Hotel ၌ ကျင်းပသည်။
အချိုးကျဖွံ့ဖြိုးတိုးတက်ရေး အဓိကကျ
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က နိုင်ငံတော်၏ ပို့ကုန် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာ၌ ရင်းနှီး မြှုပ်နှံမှုအခန်းကဏ္ဍ အချိုးကျဖွံ့ဖြိုး တိုးတက်ရေးသည် အဓိကကျသည်ကို တွေ့ရ ကြောင်း၊ နိုင်ငံ၏ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အမျိုးသားပို့ကုန်မဟာဗျူဟာကို ၂ဝ၁၅ ခုနှစ်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခု ငါးနှစ်တာကာလ ပြီးဆုံး မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယနေ့စတင်မည့် စီမံချက်မှာ အမျိုးသားပို့ကုန်မဟာဗျူဟာကို ထပ်မံတိုးချဲ့ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း (Myanmar Trade and Investment Project- TIP)ကို ဆက်လက်ဆောင်ရွက် သွားရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် နိုင်ငံတကာကုန်သွယ်မှု ဗဟို ဌာန (International Trade Centre - ITC)မှ အမှုဆောင်ဒါရိုက်တာ Ms. Arancha Gonzalez ၊ ဗြိတိန်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးရေး ဌာန(DFID)မှ ကိုယ်စားလှယ် Mr. Tom Coward ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး၊ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးအောင်ကြည်စိုးတို့က အမှာစကား ပြောကြားကြသည်။
လက်မှတ်ရေးထိုး
ယင်းနောက် ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး၊ ဦးအောင်နိုင်ဦးနှင့် ITC မှ အမှုဆောင် ဒါရိုက်တာ Ms. Arancha Gonzalez တို့က မြန်မာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း အကောင်အထည် ဖော်ရေးသဘောတူညီမှုမှတ်တမ်းကို လက်မှတ် ရေးထိုးကြသည်။
အဆိုပါ စီမံကိန်းကို မြန်မာနိုင်ငံတွင် ကုန်သွယ်မှုယှဉ်ပြိုင်နိုင်မှုနှင့် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရန်အတွက် ဗြိတိန်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးရေးဌာန၏ ရန်ပုံငွေပံ့ပိုးမှုနှင့် နိုင်ငံတကာကုန်သွယ်မှု ဗဟိုဌာန၏ နည်းပညာအကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment