Saturday, March 2, 2019

ကျေးဇူးရှင်တောင်သူလယ်သမားတို့၏ ပေါင်းစည်းအင်အားဖြင့် လယ်ယာကဏ္ဍအပါအဝင်
ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည့် အချိန်အခါကောင်းဖြစ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ထံမှ
တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ
==============================================
၂၀၁၉ ခုနှစ်၊ မတ်လ ၂ ရက်

ချစ်ခင်လေးစားအပ်ပါသော ကျေးဇူးရှင်တောင်သူလယ်သမားကြီးများ ခင်ဗျား

ယနေ့သည် မြန်မာနိုင်ငံတစ်ဝန်းရှိ ကျေးဇူးရှင် တောင်သူလယ်သမားကြီးများအား အထူးအလေးအနက် ဂုဏ်ပြုလျက် သတ်မှတ်ထားသည့် သမိုင်းဝင်]]တောင်သူလယ်သမားနေ့}}ဖြစ်ပါသည်။ ဤနေ့ထူးနေ့မြတ်အခါသမယ တွင် ကျေးဇူးရှင်တောင်သူလယ်သမားကြီးများနှင့် မိသားစုများအားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ၊ ကောင်းကျိုးမင်္ဂလာ အဖြာဖြာတို့နှင့် ပြည့်စုံကြပါစေ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အဆင်ပြေချောမွေ့ပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း ဦးစွာနှုတ်ခွန်းဆက်သအပ်ပါသည်။
ယနေ့အချိန်ကာလသည် ပြည်သူကိုဗဟိုပြုပြီး အားလုံးပါဝင်နိုင်သည့် စဉ်ဆက်မပြတ် တိုးတက်မှုရရှိစေရန် ရည်ရွယ်၍ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံ၏ စီးပွားရေးမူဝါဒ(၁၂)ရပ်တွင် "ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ စားနပ်ရိက္ခာဖူလုံစေရေးနှင့် ပို့ကုန်မြှင့်တင်နိုင်ရေးတို့အတွက် လယ်ယာကဏ္ဍ၊ မွေးမြူရေး ကဏ္ဍနှင့် စက်မှုကဏ္ဍများ ဘက်ညီစွာတိုးတက်လာစေရန်နှင့် လယ်ယာစက်မှုကဏ္ဍ ချိန်ခွင်လျှာညီသည့် စီးပွားရေး ပုံစံဖော်ထုတ်ရန်"ဆိုသည့် မူဝါဒအား ချမှတ်ဖော်ဆောင်လျက်ရှိပါသည်။

ထို့အပြင် မိမိအနေဖြင့် ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့၌ ပြည်သူများသို့ ပြောကြားခဲ့သည့် နှစ်သစ်ကူး နှုတ်ခွန်းဆက်အမှာစကားတွင်လည်း နိုင်ငံတော်အစိုးရ၏ ကာလတိုအတွင်း ဦးစားပေးအကောင်အထည်ဖော်မည့် လုပ်ငန်းစဉ် (၁၁) ရပ်ကို ထည့်သွင်း ပြောကြားခဲ့ပါသည်။ ယင်းဦးစားပေးလုပ်ငန်းစဉ်များထဲတွင် ပါရှိသည့်အတိုင်း တောင်သူလယ်သမားကြီးများ၏ လူနေမှုဘဝတိုးတက်မြင့်မားရေးအတွက် မြေပိုင်ဆိုင်ခွင့် လက်မှတ်များ တစ်နှစ် အတွင်းရရှိရေး၊ စိုက်ပျိုးစရိတ်ချေးငွေများ စိုက်ပျိုးရာသီအမီရရှိရေး၊ လယ်ယာမြေသွင်းအားစုများ အခွန်ကင်း လွတ်ခွင့်ပေးရေး၊ သောက်သုံးရေ၊ စိုက်ပျိုးရေ၊ လျှပ်စစ်မီးရရှိရေးနှင့် လမ်းပန်းဆက်သွယ်ရေးတို့ကို ဦးစားပေး အကောင်အထည်ဖော်လျက် ရှိပါသည်။ တစ်ဖန်ဥပဒေမဲ့သိမ်းဆည်းထားသည့် လယ်ယာမြေများ ပြန်လည်ရရှိရေး၊ လျော်ကြေးနှင့် နစ်နာကြေးရရှိရေး၊ စွန့်လွှတ်ပြီးမြေများကို မူလပိုင်ရှင်များထံ အမြန်ဆုံးပြန်လည်အပ်နှံရေး၊ မစွန့်လွှတ်ရသေးသည့် သိမ်းဆည်းခံ လယ်ယာခြံမြေများကို ကော်မတီအသီးသီးက အမြန်ဆုံး စိစစ်ပြီး မူလပိုင်ရှင် များထံ ပြန်လည်ပေးအပ်နိုင်ရေး လုပ်ငန်းရပ်များကိုလည်း နိုင်ငံတော်အစိုးရအနေဖြင့် ကြပ်မတ် ဆောင်ရွက်ပေး လျက်ရှိပါသည်။
သိမ်းဆည်းခံလယ်ယာခြံမြေများ ပြန်လည်ရရှိရေးဆောင်ရွက်ပေး

တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေ၏ ရည်ရွယ်ချက် တွင်လည်း လယ်ယာမြေသိမ်းဆည်းခံရမှုနှင့်စပ်လျဉ်း၍ တောင်သူလယ်သမားများ မနစ်နာစေရေးအတွက် ကူညီ ဆောင်ရွက်ပေးရန်နှင့် လယ်ယာမြေလုပ်ပိုင်ခွင့် လုံခြုံစိတ်ချရေးအတွက် ကာကွယ်ဆောင်ရွက်ပေးရန်ဟု ဖော်ပြပါရှိ သည့်အတိုင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီနှင့် တိုင်းဒေသ ကြီး/ပြည်နယ်အဆင့် ကော်မတီတို့အနေဖြင့်လည်း တောင်သူလယ်သမားများ၏ သိမ်းဆည်းခံလယ်ယာခြံမြေများ ပြန်လည်ရရှိရေး ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၈ ခုနှစ်ကုန်အထိ ဧကပေါင်း (၄၂၅၄၀၆) ဧကကို ပြန်လည်၍ စွန့်လွှတ်ပေးအပ်နိုင်ခဲ့ပြီး၊ အဆိုပါဧကများမှ ဧကပေါင်း (၄၀၆၇၁၉) ဧကအား တောင်သူလက်ဝယ်သို့ ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။ ကျန်စွန့်လွှတ်မြေများကိုလည်း သိမ်းဆည်းခံရသော တောင်သူလယ်သမားများ လက်ဝယ်သို့ အမြန်ဆုံးရောက်ရှိရေးကို ချမှတ်ထားသည့် မူဝါဒလုပ်ငန်းစဉ်နှင့်အညီ အလေးထားဆောင်ရွက်လျက်ရှိပါ သည်။

ထို့အပြင် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ပြင်ဆင်ရေးဆွဲ ထုတ်ပြန်ခဲ့သည့် မြေလွတ်၊ မြေလပ် နှင့်မြေရိုင်းများဥပဒေနှင့်အညီ စိုက်ပျိုးမြေများ တရားဝင်ပိုင်ဆိုင်နိုင်ရေး၊ လုပ်ပိုင်ခွင့်လွယ်ကူစွာ လျှောက်ထားရရှိရေး၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာအရ သတ်မှတ်မြေများနှင့် အများပြည်သူတို့အတွက် လက်ရှိအသုံးပြု ထားသည့် မြေများအား မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများအဖြစ် ခွင့်ပြုချထားခြင်း မပြုစေရေးတို့ကို ဆောင် ရွက်ပေးလျက်ရှိပါသည်။

စီးပွားရေးကို ပံ့ပိုးမည့်ဝန်းကျင်တစ်ရပ်ဖန်တီး

စိုက်ပျိုးစရိတ် ချေးငွေများ အကူအညီပေးရေး၊ လယ်ယာထွက်ကုန်များ ရောင်းချရာတွင် သင့်တင့်မျှတသော ဈေးနှုန်းနှင့် ခိုင်မာသော ဈေးကွက်ရရှိရေး၊ နည်းပညာသွင်းအားစုနှင့် ထုတ်လုပ်မှုလုပ်ငန်းများ လွယ်ကူအဆင်ပြေ စေရေး၊ သဘာဝဘေးအ္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုနှင့် ထိခိုက်နစ်နာမှုများအတွက် အတတ်နိုင်ဆုံး ကူညီ ထောက်ပံ့ပေးနိုင်ရေးနှင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ဒုတိယအကြိမ် ပြင်ဆင်ပြဋ္ဌာန်းသည့် တောင်သူ လယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေနှင့်အညီ လုပ်ကွက်ငယ် တောင်သူ လယ်သမားများ၏ အကျိုးစီးပွားအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက် ရှိပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အကောင်အထည်ဖော်လျက်ရှိသည့် မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (၂၀၁၈-၂၀၃၀)၏ မဏ္ဍိုင်(၃)ရပ်အနက် မဏ္ဍိုင်(၂) သာယာဝ ပြောမှုနှင့် ပူးပေါင်းဆောင်ရွက်မှုမဏ္ဍိုင်တွင် ပန်းတိုင်(၃)အဖြစ် အလုပ်အကိုင်ဖန်တီးရေးနှင့် ပုဂ္ဂလိကကဏ္ဍ ဦးဆောင်သည့် ဖွံ့ဖြိုးရေးဟုပြဋ္ဌာန်းထားပါသည်။ ယင်းပန်းတိုင်အရ ကျေးလက်ဒေသ ဆင်းရဲမှုလျှော့ချရေးအတွက် အခြေခံအဖြစ် အားလုံးပါဝင်သည့် ဘက်စုံစိုက်ပျိုးမွေးမြူရေး အလေ့အထများဖြင့် ထုတ်ကုန်မျိုးစုံ ထုတ်လုပ်နိုင်စွမ်း ရှိသော စီးပွားရေးကို ပံ့ပိုးမည့်ဝန်းကျင်တစ်ရပ်ဖန်တီးရေးကို မဟာဗျူဟာတစ်ရပ်အဖြစ် ချမှတ်ကာ စီမံအကောင် အထည်ဖော်ဆောင်ပေးလျက်ရှိပါသည်။

ယင်း မဟာဗျူဟာလုပ်ငန်းစဉ်အတွက် ရေရှည်တည်တံ့သော လယ်ယာထုတ်ကုန် စနစ်ထွန်းကားစေပြီး နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ တိုးတက်ထုတ်လုပ်ခြင်းဖြင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရန်နှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် မျှော်မှန်း၍ မိရိုးဖလာ လုပ်ကွက်ငယ်လယ်မြေများအား စက်မှုလယ်ယာစနစ် ဖော်ထုတ်ခြင်း၊ ဆည်တာတမံကြီးများ၊ မြစ်ရေတင် စီမံကိန်းကြီးများ ပိုမိုထိရောက် အကျိုးရှိစွာ ရေရှည်အသုံးပြုနိုင်ရေးအတွက် ထိန်းသိမ်းမွမ်းမံခြင်း၊ ရေကို အကျိုးရှိ ထိရောက်စွာ အသုံးပြုနိုင်ရေးဆိုင်ရာ ပညာပေးလုပ်ငန်းများနှင့် သရုပ်ပြပွဲများ ကျင်းပခြင်း၊ တောင်သူ လယ်သမားများ မျိုးကောင်းမျိုးသန့်များ အပြည့်အဝ သုံးစွဲနိုင်ရေးအတွက် သီးနှံမျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး လုပ်ငန်းရပ်များ အကောင်အထည်ဖော်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

နိုင်ငံတကာဈေးကွက်သို့ ယှဉ်ပြိုင်တင်ပို့

တောင်သူလယ်သမားများ၏ ဝင်ငွေတိုးတက်မြင့်မားလာရေးအတွက် ပြောင်းလဲ လာသည့် ရာသီဥတုနှင့်အညီ လိုက်လျောညီထွေရှိမည့် သီးနှံများ ပြောင်းလဲစိုက်ပျိုးရေး၊ စိုက်ပျိုးနည်းစနစ်များ ဆောင်ရွက်နိုင်ရေး၊ သဘာဝဘေး အ္တရာယ်ကြီးများ ကြုံတွေ့ပါက စားနပ်ရိက္ခာမလုံလောက်မှုအ္တရာယ်မှ ကျော်လွှားနိုင်ရေးနှင့် ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း အားကောင်းရန်အတွက် အရန်မျိုးစေ့များ စုဆောင်းထားရှိရေးနှင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရေး၊ ဆည်ရေ သောက်စနစ်များ တိုးမြှင့်တည်ဆောက်ပေးနိုင်ရေး၊ ထွက်ကုန်၊ ထုတ်ကုန်များ၏ အရည်အသွေးကောင်းမွန်ရေး၊ ဓာတ်ြွကင်းအာနိသင်များ ကင်းစေရေး၊ ရိတ်သိမ်းချိန်လွန် ဆုံးရှုံးမှုလျှော့ချရေး၊ လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေး ထုတ်ကုန်များအား တန်ဖိုးမြှင့်ထုတ်ကုန် ကုန်ချောများအဖြစ်သို့ အဆင့်မြှင့်တင်ထုတ်လုပ်ပြီး နိုင်ငံတကာ ဈေးကွက်သို့ ယှဉ်ပြိုင်တင်ပို့ ရောင်းချနိုင်ရေး၊ မျိုးစေ့ချ စတင်စိုက်ပျိုးသည့် အဆင့်မှ ဈေးကွက်သို့ တင်ပို့ရောင်းချသည့် အဆင့်ထိ လုပ်ငန်းစဉ်အဆင့်အားလုံးတွင် တောင်သူလယ်သမားများ လက်တွေ့ပါဝင် လုပ်ဆောင်ခွင့်ရရှိရေး၊ ခေတ်မီစိုက်ပျိုး နည်းပညာများ တောင်သူလက်ဝယ်အရောက် အလွယ်တကူရောက်ရှိရန် ပညာပေးရေး စသည့် လုပ်ငန်းများကိုလည်း အလေးပေးဆောင်ရွက်ပေးလျက်ရှိပါသည်။

တောင်သူလယ်သမားများအတွက် လုပ်ငန်းဆိုင်ရာ အထောက်အပံ့ဖြစ်စေမည့် လယ်ယာကဏ္ဍဆိုင်ရာ သတင်း များ၊ ပညာပေးရေးနှင့်စိတ်လက်အပန်းပြေရန် ဖြေဖျော်ရေးအစီအစဉ်များ ကဏ္ဍစုံပါဝင်သော "တောင်သူလယ်သမား ကဏ္ဍ ရုပ်သံလိုင်း"အစီအစဉ်ကို ကျယ်ကျယ်ပြန့်ပြန့် ထုတ်လွှင့်ပေးလျက်ရှိပါသည်။ ထို့အပြင် မိုဘိုင်းဖုန်းများမှ လယ်ယာသတင်းများ ဝန်ဆောင်မှုပေးနေခြင်း၊ မိုးလေဝသသတင်းများ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးနေခြင်း စသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
အခိုင်အမာတည်ဆောက်ပေးလျက်ရှိ

တောင်သူလယ်သမားများ လွယ်လင့်တကူ သိရှိလိုက်နာ ကျင့်သုံးနိုင်ရေးအတွက် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများဖြင့် သတင်းအချက်အလက် ဖြန့်ဖြူးခြင်း၊ စံပြကွက်များ စိုက်ပျိုးပြသခြင်း၊ သင်တန်း၊ ဆွေးနွေးပွဲများပြုလုပ်၍ လေ့ကျင့်ပညာပေးခြင်း၊ ကွင်းဆင်းစစ်ဆေး၍ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်းလုပ်ငန်းများမှာ သီးနှံများထုတ်လုပ်မှု တိုးတက်ရေးအတွက်သာမက စားသုံးသူပြည်သူများ၏ အစားအစာ လုံခြုံစိတ်ချရမှုရှိရေးအတွက် အခြေခံအုတ်မြစ်ကောင်းများ အခိုင်အမာ တည်ဆောက်ပေးလျက်ရှိပါသည်။

ထို့အပြင် အော်ဂဲနစ်စိုက်ပျိုးရေး စနစ်တကျဖွံ့ဖြိုးလာစေရန်နှင့် အော်ဂဲနစ်နှင့် ပတ်သက်သည့် စံချိန်စံòန်းများ ကို တိကျစွာလိုက်နာကျင့်သုံးနိုင်ရေးတို့ကို ရည်ရွယ်၍ အာဆီယံအော်ဂဲနစ် စံချိန်စံညွှန်းများကို အခြေခံပြီး မြန်မာ အော်ဂဲနစ်စံချိန်စံòန်းကိုလည်း ရေးဆွဲကာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်နေ့တွင် မြန်မာအော်ဂဲနစ် စံချိန် စံညွှန်းအား အသိပေးကြေညာခဲ့ပြီး ဖြစ်ပါသည်။

စိုက်ပျိုးထုတ်လုပ်မှုကို ဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့်

က္ဘာ့လူဦးရေမှာ နေ့စဉ်တိုးတက်လျက်ရှိရာ လက်ရှိလူဦးရေ သန်းပေါင်း (၇၀ဝ၀) ကျော်မှာ လာမည့် ၂၀၅၀ ပြည့်နှစ်တွင် သန်းပေါင်း (၉၀ဝ၀) ရှိလာမည် ဖြစ်သည့်အတွက် လိုအပ်လာမည့် စားနပ်ရိက္ခာကို ပိုမိုတိုးတက် စိုက်ပျိုးထုတ်လုပ်ကြရမည်ဖြစ်ပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် လာမည့်နှစ်အတွင်း တိုးပွား လာမည့် လူဦးရေများအတွက် နိုင်ငံ၏စားနပ်ရိက္ခာ လုံခြုံစိတ်ချမှုရှိရုံသာမက နိုင်ငံတကာဈေးကွက်သို့ ပိုမိုတိုးတက် တင်ပို့ရောင်းချနိုင်ရေး ရည်မှန်းချက်ဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကို ဘက်ပေါင်းစုံမှ အရှိန်အဟုန် မြှင့်တင်အားပေး ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။

မိမိတို့နိုင်ငံ၏ မြေသယံဇာတ၊ ရေသယံဇာတ ပြေွါကယ်ဝမှုနှင့် စိုက်ပျိုးမွေးမြူရေးအတွက် သဘာဝမှပေးသည့် ရာသီဥတု အခြေအနေကောင်းများနှင့် ရိုးသားဖြူစင်၍ အလုပ်ကြိုးစားကြသည့် ကျေးဇူးရှင် တောင်သူလယ်သမားတို့၏ ပေါင်းစည်းအင်အားဖြင့် လယ်ယာကဏ္ဍအပါအဝင် နိုင်ငံတော်၏ အမျိုးသားရေး အကျိုးစီးပွားဘက်စုံဖွံ့ဖြိုး တိုးတက်ရေးကို အရှိန်အဟုန်မြှင့်တင်၍ ကြိုးပမ်းဆောင်ရွက်ကြရမည့် အချိန်အခါကောင်း ဖြစ်သည်နှင့်အညီ ပြည်ထောင်စုတစ်ဝန်းလုံးရှိ ကျေးဇူးရှင်တောင်သူလယ်သမားများအပါအဝင် နိုင်ငံသားအားလုံး၏ အကျိုးစီးပွား အတွက် ကြုံတွေ့ကြရမည့် စိန်ခေါ်မှုများကို စုပေါင်းအင်အားဖြင့် ရင်ဆိုင်ကျော်လွှားပြီး ရည်မှန်းချက်ပန်းတိုင်အရောက် အတူတကွ လက်တွဲကြိုးပမ်းသွားကြပါရန် အလေးအနက်တိုက်တွန်းလျက် သဝဏ်လွှာပေးပို့အပ်ပါသည်။

No comments:

Post a Comment