Saturday, March 2, 2019

လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းသည် ဆင်းရဲမှုလျှော့ချရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန် အဓိကကျသော လုပ်ငန်းတစ်ခုဖြစ်ကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေပြောကြား
Image may contain: 1 person, sitting and indoor
နေပြည်တော် မတ် ၁
လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ကျင်းပရာ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြားသည်။
လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းမှ
အစည်းအဝေးသို့ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ် ကြသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဗိုလ်ချုပ် အောင်သူ၊ ဦးတင်မြင့်၊ ဦးဝင်းမော်ထွန်းနှင့် ဦးစိုးအောင်၊ အမြဲတမ်းအတွင်းဝန်များ၊ òန်ကြားရေးမှူးချုပ်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ဒုတိယအကြိမ်အစည်းအဝေးဖြစ်
အစည်းအဝေးတွင် အမျိုးသားကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ယနေ့ကျင်းပသည့်အစည်း အဝေးသည် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေးဖြစ်ပါ ကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းသည် ဆင်းရဲမှုလျှော့ချရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန် အဓိကကျသော လူသားအရင်းအနှီးဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့်လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ပါ လုပ်ငန်းအစီ အစဉ်များကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် နှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် လူမှုကာကွယ်စောင့် ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီကို နိုင်ငံတော် သမ္မတရုံး၏ ၂၀၁၈ ခုနှစ်၊ မေလ (၁၇)ရက်၊ ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် (၃၉/၂၀၁၈) ဖြင့် လုပ်ငန်းတာဝန် (၁၁)ရပ် ချမှတ်ကာ ဒုတိယသမ္မတ ဦးစီး၍ ၁၁ ဦးဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း။
ထပ်မံတိုးချဲ့ဆောင်ရွက်
ပထမအကြိမ်အစည်းအဝေးကို ၂၀၁၈ခုနှစ် ဇွန်လ ၁၅ ရက်တွင် ကျင်းပခဲ့ပြီး ဆုံးဖြတ်ချက် (၁၀)ချက်ချ မှတ်ခဲ့ရာ (၃)ချက်မှာ ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ကျန် ဆုံးဖြတ်ချက် (၇)ချက်အနက် (၃)ချက်သည် ယနေ့ အစည်းအဝေးတွင် အတည်ပြုရန်ဖြစ်ပြီး ကျန်ရှိသည့် ဆုံးဖြတ်ချက်(၄)ချက်မှာ လူမှုကာကွယ်စောင့်ရှောက် ရေးလုပ်ငန်း အမျိုးအစားအလိုက် ဆပ်ကော်မတီများဖွဲ့စည်း ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း။
မိမိတို့နိုင်ငံတွင် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ အကောင်အထည်ဖော်မှုအနေဖြင့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်ကတည်းက အတည်ပြုထုတ်ပြန် ထားသည့် မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် လူမှုကာကွယ် စောင့်ရှောက်ရေးမဟာဗျူဟာစီမံချက်ပါ အဓိကလုပ်ငန်း အစီအစဉ် (၈)ရပ်မှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးသူငယ် များအား ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အာဟာရဆိုင်ရာ အခြေအနေနှင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသောဒေသ များကို ဦးစားပေးရွေးချယ်၍ အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိရာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ချင်း ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာ ရေးနှစ်တွင် ကရင်ပြည်နယ်နှင့် ကယားပြည်နယ်တို့၌ ထပ်မံတိုးချဲ့ဆောင်ရွက်လျက်ရှိပါကြောင်း၊ လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် က္ဘာ့ဘဏ်၏ အတိုး နှုန်းသက်သာသော ချေးငွေ International
Development Association Fund (IDA Fund) နှင့် အစိုးရဘတ်ဂျက်တို့ အချိုးကျပေါင်းစပ်၍ ဧရာဝတီ တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ထပ်မံတိုးချဲ့ အကောင်အထည်ဖော်ရန် လျာထားဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ ထိုနည်းတူစွာ လူမှုရေးပင်စင် ထောက် ပံ့ရေးအစီအစဉ်ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် အသက်(၉၀)နှစ်နှင့်အထက် အဘိုးအဘွားများကို ထောက်ပံ့ပေးခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အသက်(၈၅)နှစ်သို့ လျှော့ချကာ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ဘက်စုံလူမှု ကာကွယ်စောင့်ရှောက်ရေးအစီအစဉ်ကို ရွေးချယ်ထား သော မြို့နယ် (၃၇)ခုတွင် အကောင်အထည်ဖော်ဆောင် ရွက်နေသည့်အပြင် လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲသူများကို မြို့နယ်အလိုက် သတ်မှတ်တာဝန်ချထားပေးနိုင်ခဲ့ပါ ကြောင်း။
အဓိကလုပ်ငန်းစဉ် (၈)ခုကို အခြေခံ
လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပိုမိုအဆင် ပြေပြီး ထိရောက်မှုရှိစေရန် ကာလလတ် လူမှုကာကွယ် စောင့်ရှောက်ရေး ကဏ္ဍအစီအစဉ် (Medium-term
Costed Sector Plan) (2018-2023) ကိုလည်း ရေးဆွဲထားပြီးဖြစ်ပါကြောင်း၊ အဆိုပါကာလလတ် လူမှု ကာကွယ်စောင့်ရှောက်ရေးကဏ္ဍ အစီအစဉ်ကို အမျိုးသား အဆင့် လူမှုကာကွယ်စောင့်ရှောက်ရေးမဟာဗျူဟာစီမံ ချက်ပါ အဓိကလုပ်ငန်းစဉ် (၈)ခုကို အခြေခံ၍ နှစ်အလိုက် တိုးချဲ့ဆောင်ရွက်သွားမည့်အစီအစဉ်များကို ခန့်မှန်း ကုန်ကျမည့် ငွေပမာဏနှင့်အတူ ရေးဆွဲဖော်ပြထားသည် ကို တွေ့ရပါကြောင်း။
ရေရှည်တွင် အကုန်အကျခံနိုင်ခြင်းဖြစ်
လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အချက် (၄)ချက်ကို အဓိကထားပြောကြားလိုပါကြောင်း၊ ပထမဦးဆုံး အချက်အနေဖြင့် နိုင်ငံတော်ကချမှတ်ထားသည့် မူဝါဒ များ၊ ဦးစားပေးသတ်မှတ်ချက်များနှင့် ကိုက်ညီစေရေး အပိုင်းတွင် ]]မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar
Sustainable Development Plan- MSDP)" နှင့် "မြန်မာနိုင်ငံ၏ အမျိုးသားအဆင့်လူမှုကာကွယ် စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက် ((Myanmar
National Social Protection Strategic PlanNSPSP)"တို့နှင့် ကိုက်ညီသည့် အကောင်အထည်ဖော်မှု မျိုးဖြစ်ရန် အလေးထားဆောင်ရွက်သွားရမည်ဖြစ်ပါ ကြောင်း။
ဒုတိယအချက်မှာ ရန်ပုံငွေရရှိရေးဆောင်ရွက်ခြင်းနှင့် ရေရှည်တွင် အကုန်အကျခံနိုင်ခြင်းဖြစ်ပြီး "ရန်ပုံငွေ ရရှိရေး ဆောင်ရွက်ခြင်း"အပိုင်းတွင် အဓိကအားဖြင့် နိုင်ငံတော်ရန်ပုံငွေ (Tax based Financing) မှ ကျခံ သုံးစွဲသွားရမည်ဖြစ်သော်လည်း နိုင်ငံတော်ရန်ပုံငွေသည် အကန့်အသတ်ရှိသည့်အတွက် အခြားသောအရင်းအမြစ် များနှင့်လည်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် "ရေရှည်တွင် အကုန်အကျခံနိုင်ခြင်း" အပိုင်းသည် အရေးကြီးသဖြင့် အစိုးရအနေဖြင့် နောင် လာမည့်နှစ်များတွင်လည်း ဆက်လက်ထောက်ပံ့သွား နိုင်ရန် ကြိုတင်ဆန်းစစ်ဆောင်ရွက်သွားကြရန် လိုအပ် မည်ဖြစ်ပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍတွင် ရင်းနှီးမြှပ်နှံမှုဆောင်ရွက်ရခြင်းသည် ဆင်းရဲချမ်းသာ အကြား ကွာဟမှုကျဉ်းမြောင်းလာခြင်း၊ အာဟာရနှင့် ကျန်းမာရေးဆိုင်ရာအညွှန်းကိန်းများ မြင့်မားလာခြင်း၊ ကလေးသူငယ်များ၏ ပညာရည်မြင့်မားလာခြင်း စသည့် လူသားအရင်းအနှီးတို့ တိုးတက်လာသောရလဒ်များ ရရှိလာမှုကို သက်သေပြနိုင်ရန် လိုအပ်မည်ဖြစ်ပါ ကြောင်း။
အကျိုးကျေးဇူးများရရှိ
တတိယအချက်ဖြစ်သည့် စနစ်တည်ဆောက်ခြင်း (System Building) အပိုင်းသည် လူမှုကာကွယ်စောင့် ရှောက်ရေးဆိုင်ရာလုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်း အတာ အကောင်အထည်ဖော်နိုင်ရေးအတွက် အဓိက ကျသည့်လုပ်ငန်းတစ်ခုဖြစ်ပြီး အဆိုပါစနစ် တည်ဆောက် ခြင်းအပိုင်းတွင် အကောင်အထည်ဖော်ရေးစနစ်တစ်ခု လိုအပ်မည်ဖြစ်ပါကြောင်း၊ အဆိုပါစနစ်များကို အသုံးပြု ရာတွင်လည်း တိုးတက်ပြောင်းလဲလာသော ခေတ်နှင့်အညီ ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုသွားခြင်းဖြင့် လုပ်ငန်း များမြန်ဆန်တိကျခြင်း၊ ရေရှည်တွင် ကုန်ကျစရိတ်လျှော့ချ နိုင်ခြင်းနှင့် ဝန်ထမ်းအင်အားအသုံးပြုမှုကို လျှော့ချ နိုင်ခြင်းစသည့် အကျိုးကျေးဇူးများကိုလည်း ရရှိနိုင်မည် ဖြစ်ပါကြောင်း။
ပေါင်းစပ်ညှိနှိုင်း
နောက်ဆုံးအချက်ဖြစ်သည့် ပေါင်းစပ်ညှိနှိုင်းခြင်း (Coordination) အပိုင်းတွင် လက်ရှိ လူမှုကာကွယ် စောင့်ရှောက်ရေးနှင့် ပတ်သက်၍ အစိုးရဝန်ကြီးဌာနများ အချင်းချင်းအကြား၊ အစိုးရဝန်ကြီးဌာနများနှင့် မိတ်ဖက် အဖွဲ့အစည်းများအကြား ပေါင်းစပ်ညှိနှိုင်းနိုင်ရန်အတွက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသား ကော်မတီနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် ဘေး အ္တရာယ်စီမံခန့်ခွဲရေးကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ရေးအဖွဲ့တို့ ရှိပြီးဖြစ်ပါကြောင်း၊ ထို့ပြင် ပြည်ထောင်စု အဆင့်၌သာမက အောက်ခြေအဆင့်ထိပါ ပိုမိုကောင်း မွန်သည့် ပေါင်းစပ်ညှိနှိုင်းရေးကို တည်ဆောက်သွားကြရ မည်ဖြစ်ပါကြောင်း၊ နိုင်ငံတွင် လူမှုကာကွယ်စောင့်ရှောက် ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက် ခြင်းဖြင့် လူမှုရေး၊ စီးပွားရေးအရ ထိခိုက်လွယ်သော အခြေအနေတွင်ရှိသည့် နိုင်ငံအတွင်းနေထိုင်သူများကို အဆိုပါအခြေအနေများမှ ကယ်တင်နိုင်ခြင်း၊ လူမှုရေး၊ စီးပွားရေးအရ ထိခိုက်လွယ်သည့်အခြေအနေသို့ ရောက် ရှိနိုင်သည့် အလားအလာရှိသူများကို ကာကွယ်စောင့် ရှောက်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများကိုရရှိနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ပြင် နိုင်ငံ၏ အနာဂတ်ဖြစ်သော လူသား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေနိုင်ရေးဟူသည့် အရေးကြီး သော လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရအနေဖြင့် တိုးချဲ့ဆောင်ရွက်နိုင်ရေး အတွက် မိမိတို့ကော်မတီအနေဖြင့် ရရှိပြီးသော အတွေ့ အကြုံများအပေါ် အခြေခံ၍ ပိုမိုတိုးမြှင့်အကောင်အထည် ဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လူမှုကာကွယ်စောင့်ရှောက်ရေးအမျိုးသားအဆင့် မဟာဗျူ ဟာ စီမံချက်ပါ အဓိကလုပ်ငန်းစဉ် (၈) ခု အပေါ် ဦးစားပေး အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများနှင့်စပ်လျဉ်း ၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် အမျိုးသားကော်မတီ အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဒေါ်စန်းစန်းအေးက ပထမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေ များ၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ "လုပ်ငန်း ကော်မတီ" နှင့် "နည်းပညာအထောက်အကူပြု ကော်မတီ"အဆိုပြုဖွဲ့စည်းခွင့်၊ ကာလလတ်လူမှုကာကွယ် စောင့်ရှောက်ရေးအစီအစဉ် လျာထားချက်နှင့် ဆက်လက် ဆောင်ရွက်သွားမည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြ သည်။
အကြံပြုဆွေးနွေးတင်ပြ
ဆက်လက်၍ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အများပြည်သူ အလုပ်အကိုင်ရရှိရေး၊ နည်းပညာနှင့် အသက်မွေးပညာ သင်ကြားခြင်း၊ လေ့ကျင့်သင်တန်းပေးခြင်းဆိုင်ရာကိစ္စ ရပ်များ၊ လူမှုဖူလုံရေးကိစ္စရပ်များနှင့် လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများကို အကောင်အထည် ဖော်ရာတွင် ခေတ်နှင့်အညီ ဒစ်ဂျစ်တယ်စနစ် အသုံးပြုနိုင် ရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ဘက်စုံလူမှုကာကွယ်စောင့် ရှောက်ရေးအစီအစဉ်၊ လူကုန်ကူးမှု ဖြစ်ပွားရသည့် အကြောင်းရင်းနှင့် တားဆီးကာကွယ်ရေးဆိုင်ရာကိစ္စရပ် များကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးတင်မြင့်က ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ( ၂ )နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ရာတွင် စာရင်း ဇယား မှန်ကန်မှုရှိစေရေး၊ UNICEF နှင့်ချိတ်ဆက်၍ ငွေကြေးထောက်ပံ့မှုအခြေအနေများ၊ ရန်ပုံငွေစီမံခန့်ခွဲမှု ဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက နိုင်ငံသားများ ပညာရေး အဆင့် အတန်းမြင့်မားလာအောင် ဆောင်ရွက်နေမှုများ၊ နည်း ပညာနှင့် သက်မွေးပညာ သင်ကြားလေ့ကျင့်သင်တန်း ပေးခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးစိုးအောင်က ကလေးသူငယ်စောင့်ရှောက် ရေး၊ မူကြိုပညာရေးအတွက် စွမ်းရည်ပြည့်ဝသော ဆရာ ဆရာမများထားရှိရေးနှင့် အာဟာရကျွေးမွေးမည့် အစီအမံများကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန်များ နှင့် òန်ကြားရေးမှူးချုပ်များက သက်ဆိုင်ရာ လုပ်ငန်း ကဏ္ဍအလိုက် အကြံပြုဆွေးနွေးတင်ပြကြသည်။
ထို့နောက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက တင်ပြဆွေးနွေးချက်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
အစည်းအဝေးအပြီးတွင် ဒုတိယသမ္မတသည် အစည်းအဝေး တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းဓာတ်ပုံရိုက်သည်။ သတင်းစဉ်

No comments:

Post a Comment