Tuesday, February 5, 2019


သီရိလင်္ကာနိုင်ငံ (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ
Image may contain: 2 people, people standing
ရန်ကုန် ဖေဖော်ဝါရီ ၎
သီရိလင်္ကာနိုင်ငံ၏ (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်မြို့ WYNDHAM GRAND ဟိုတယ်၌ ယနေ့ ည ၇ နာရီက ကျင်းပသည်။
ရှေးဦးစွာ နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများ ဖွင့်လှစ်၍ အလေးပြုကြသည်။ထို့နောက် ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး Mr. Nandimithra Ekanayake တို့က ဆီမီးထွန်းညှိပေးကြပြီး လွတ်လပ်ရေး နေ့ အထိမ်းအမှတ်ကိတ်ကို လှီးဖြတ်ပေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့် သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး Mr. Nandimithra Ekanayake တို့က နှုတ်ခွန်းဆက်စကားပြောကြားကြ သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ ကုလသမဂ္ဂဌာနေ ကိုယ်စား လှယ် များသည် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး ဂုဏ်ပြု ညစာကို အတူတကွသုံး ဆောင်ကြသည်။ သတင်းစဉ်




No comments:

Post a Comment