Tuesday, February 5, 2019

ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာသင်တန်း ဖွင့်လှစ်
Image may contain: one or more people
နေပြည်တော် ဖေဖော်ဝါရီ ၎
မြန်မာ့တပ်မတော်အနေဖြင့် ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာတာဝန်များ ထမ်းဆောင် နိုင်ရန်အတွက် မြန်မာ့တပ်မတော်နှင့် အိန္ဒိယတပ်မတော်တို့ ပူးပေါင်း ဆောင်ရွက်ဖွင့် လှစ်သော ကုလသမဂ္ဂငြိမ်းချမ်း ရေးထိန်းသိမ်းမှုဆိုင်ရာသင်တန်း (UN Peacekeeping Operation Course) ဖွင့်ပွဲအခမ်းအနားကိုယနေ့ နံနက် ပိုင်းတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ကျင်းပသည်။
တက်ရောက်
အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယ နိုင်ငံ သံအမတ်ကြီး H.E. Mr. Saurabh Kumar နှင့် စစ်သံမှူး Col. Naveen Mahajan ၊ အိန္ဒိယတပ်မတော် Centre for United Nations Peacekeeping (CUNPK) မှ နည်းပြအရာရှိများ၊ မြန်မာ့ တပ်မတော်မှ သင်တန်းသားစစ်သည်များ တက်ရောက် ကြသည်။
ရှေးဦးစွာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ် ချုပ်မှူးကြီး စိုးဝင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Saurabh Kumar တို့က အဖွင့်အမှာစကား ပြောကြားကြသည်။
ရှင်းလင်းတင်ပြ
ထို့နောက် အိန္ဒိယနိုင်ငံ Centre for United Nations Peacekeeping (CUNPK) မှ နည်းပြအရာရှိ တစ်ဦးက အိန္ဒိယနိုင်ငံ၏ UN Peacekeeping Operation တွင် ပါဝင်ဆောင်ရွက်နေမှုကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများ၊ CUNPK မှ နည်းပြ အရာရှိများ၊ သင်တန်းသားများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
အဆိုပါသင်တန်းမှာ ခြောက်ကြိမ်မြောက် ဖွင့်လှစ် ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ အရာရှိ ၉၆ ဦး၊ စစ်သည် ၅၄ ဦး တက်ရောက်ခဲ့ပြီး ယခုသင်တန်း၌ စစ်သည် ၃၀ တက်ရောက်ကြ မည်ဖြစ်ကြောင်း သိရပြီး သင်တန်း၌ ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့ဝင် များ စောင့်ထိန်း လိုက်နာရမည့်ကျင့်ဝတ်များ၊ အရပ်သား များအား ကာကွယ်စောင့်ရှောက်မှု၊ ကလေးသူငယ် ကာကွယ် စောင့်ရှောက်မှု၊ စစ်ဘက်-အရပ်ဘက် ပူးပေါင်း ဆောင်ရွက်မှု၊ ကင်းလှည့်ခြင်း၊ ယာဉ်တန်းလုံခြုံရေး ဆောင်ရွက်ခြင်း၊ တပ်ခွဲအခြေချစခန်းတည်ဆောက်ခြင်း၊ လေ့ကျင့်ခန်း Blue Helmet ၊ ကုလ သမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုလုပ်ငန်းများ၏ သမိုင်းကြောင်းနှင့် ဆောင်ရွက် နေမှုများ စသည့် ဘာသာရပ်များအား စာတွေ့၊ လက်တွေ့ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၅ ရက်အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်

No comments:

Post a Comment