Tuesday, February 5, 2019

အလက်ပိုမြို့မှ အဆောက်အအုံပျက်များတွင် နေထိုင်နေရသည့် မိသားစု ၄၀ဝ၀ ကို ရွှေ့ပြောင်းပေးမည်ဟုဆို
Image may contain: sky, train and outdoor
မတ်စကတ် ဖေဖော်ဝါရီ ၎
ဆီးရီးယားနိုင်ငံမြောက်ပိုင်းရှိ အလက်ပိုမြို့တွင် မကြာသေးမီက အဆောက်အအုံတစ်လုံးပြိုကျသဖြင့် အဆောက် အအုံပျက်များတွင် နေထိုင်ကြရသည့် မိသားစုပေါင်း ၄၀ဝ၀ ကို ဆီးရီးယား တာဝန်ရှိသူများက ရွှေ့ပြောင်းပေးမည်ဟု ဆီးရီးယားအစိုးရအား လိုလားသည့် သတင်းစာ တစ်စောင် က ဖေဖော်ဝါရီ ၄ ရက်သတင်းတွင် ဖော်ပြ သည်။
အလက်ပိုမြို့ရှိ အဆောက်အအုံပျက် ၁၀ဝ၀ဝ ဝန်းကျင်တွင် နေထိုင်နေရသည့် မိသားစုပေါင်း ၄၀ဝ၀ ကို လုံခြုံစိတ်ချရသည့် အိမ်ရာများသို့ ဆီးရီးယားအစိုးရ ရှိသူများက ရွှေ့ပြောင်းပေးမည်ဟု သတင်းစာတွင် ဖော်ပြ သည်။
ယင်းမိသားစုများ၏ နေအိမ်များ ပြင်ဆင်ခြင်း သို့မဟုတ် ပြန်လည်တည်ဆောက်ပြီးသည့်တိုင် အကူအညီပေးမည်ဟု အဆိုပါသတင်းတွင် ဆက်လက် ဖော်ပြသည်။
အလက်ပိုမြို့ အရှေ့ဘက်ပိုင်းတွင် ဖေဖော်ဝါရီ ၂ ရက် က အဆောက်အအုံတစ်လုံးပြိုကျမှုဖြစ်ပွားခဲ့ပြီး လူ ၁၁ ဦး သေဆုံးခဲ့ရသည်။ အဆိုပါ အဆောက်အအုံသည် ဆာလာဟူဒင်ရပ်ကွက်ရှိ ၄င်းတို့နေထိုင်သည့် ငါးထပ် အဆောက်အအုံဖြစ်ပြီး ၂၀၁၆ ခုနှစ် မတိုင်မီက သူပုန်များ ၏ ထိန်းချုပ်မှု အောက်တွင် ရှိခဲ့သည်။
ဆာလာဟူဒင်ဒေသသည် ဆီးရီးယားသူပုန်များနှင့် အစိုးရတပ်ဖွဲ့များအကြား တိုက်ပွဲများ အပြင်း အထန် ဖြစ်ပွားခဲ့သည့် နေရာဖြစ်ပြီး ယင်းဒေသရှိ အဆောက်အအုံ များ ကြီးမားစွာ ပျက်စီးခဲ့ရသည်။
ဆင်ဟွာ

No comments:

Post a Comment