Tuesday, February 5, 2019

ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့် UNDP ရုံးချုပ်မှ အဂတိလိုက်စားမှုတိုက်ဖျက်ရေး
အကြီးတန်းအကြံပေးအရာရှိ Mr. EuyWhan Kim နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ
Image may contain: 7 people, people sitting
နေပြည်တော် ဖေဖော်ဝါရီ ၎
ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်သည် UNDP ရုံးချုပ်မှ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အကြီးတန်း အကြံပေး အရာရှိ Mr. EuyWhan Kim နှင့် အဖွဲ့ကို ယနေ့မွန်းလွဲ ၃ နာရီတွင် ပြည်ထောင်စုရှေ့ နေချုပ်ရုံး ဧည့်ခန်းမ ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး သည် များစွာဆက်စပ် လျက်ရှိကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရာတွင် မူဝါဒ၊ နည်းစနစ်အပါအဝင် ရုပ်ပိုင်း ဆိုင်ရာအခြေခံပံ့ပိုးနိုင်မှု၊ စိတ်ပိုင်း ဆိုင်ရာခံယူချက် ပြုပြင်နိုင်မှုတို့သည် အရေးကြီးပါကြောင်း၊ ကြို တင် ကာကွယ်တားဆီးသည့် လုပ်ငန်းစဉ် များ ချမှတ်အကောင်အထည်ဖော်ရန် လိုအပ်ပါကြောင်း၊ UNDP က ကြီးမှူးကျင်းပသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲသည် မြန်မာနိုင်ငံတွင် ကောင်းမွန်သည့် မူဝါဒများ၊ လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေးအတွက် အထောက် အကူဖြစ်စေပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို ထိရောက်စွာ အကောင် အထည်ဖော်ခြင်းဖြင့် ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ကို ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။
သတင်းစဉ်

No comments:

Post a Comment