Tuesday, February 5, 2019

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိုးကောင်းတပ်နယ်နှင့်
မိုးညှင်းတပ်နယ်တို့ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား
Image may contain: 1 person, standing, crowd and indoor
နေပြည်တော် ဖေဖော်ဝါရီ ၎
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲ ပိုင်းတို့ တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မိုးကောင်းတပ်နယ်နှင့် မိုးညှင်း တပ်နယ်တို့ရှိ အရာရှိ၊ စစ် သည်၊ မိသားစုများအား သီးခြားစီတွေ့ဆုံ အမှာစကားပြောကြားသည်။
ချီးမြှင့်ငွေများပေးအပ်
ထို့နောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစု များအတွက် စားသောက်ဖွယ်ရာများကို လည်း ကောင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီးက တပ်နယ်မိခင် နှင့်ကလေး အသင်းအတွက် ချီးမြှင့် ငွေများကိုလည်းကောင်း ပေးအပ်ကြ သည်။
ယင်းနောက် ကာကွယ်ရေးဦးစီး ချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ် (လေ)နှင့် ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများက သုတ၊ ရသ၊ စာအုပ်စာစောင်များ၊အားကစား ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ကြသည်။
ကူညီဆောင်ရွက်ပေးလျက်ရှိ
ထို့နောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်သည် မိုးကောင်း မြို့နယ်နှင့် မိုးညှင်းခရိုင်ရှိ ဌာနဆိုင် ရာ တာဝန်ရှိသူများအား တွေ့ဆုံပြီး ရရှိသည့် လျှပ်စစ်ဓာတ်အားဖြင့် စိုက်ပျိုး မွေးမြူရေး လုပ်ငန်း များကို အခြေခံသည့် အဆင့်မြင့်ဒေသထွက် ကုန်ချောများ ထုတ်လုပ်ပြီး ဝင်ငွေရရှိ အောင် ဆောင်ရွက်ရန် လိုအပ်မှု၊ ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက် စေရန် အတွက် သက်ဆိုင်ရာ တာဝန် ရှိသူများကဦးဆောင်ပြီး ဆောင်ရွက် ရန်လိုအပ်မှု၊ အုပ်ချုပ်မှုဆိုင်ရာများ အား မျှမျှတတဖြင့် ဆောင်ရွက်ရန် လိုအပ်မှုနှင့် ဒေသခံပြည်သူများ ၏ ပညာရည်မြင့်မားရေးကိုလည်း ဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်မှု၊ မူးယစ်ဆေးဝါး သုံးစွဲမှုများကို တတ်နိုင်သမျှ တားဆီးဆောင်ရွက် ရန် လိုအပ်မှုနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် တပ်မတော်အနေဖြင့် ပါဝင် ကူညီ ဆောင်ရွက်ပေးလျက် ရှိမှုတို့ကို ဆွေးနွေးပြောကြားခဲ့သည်။
ရောက်ရှိညနေပိုင်းတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် ကချင်ပြည်နယ် မိုးညှင်း ခရိုင်ရှိ အင်းတော်ကြီးသို့ ရောက်ရှိ သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူ များ၊ ပြည်သူ့စစ်ဌာ နေအဖွဲ့ ဝင်များ နှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာများအား ဆွေးနွေးရာ ရှေးဦးစွာ ရပ်မိရပ် ဖများ၊ ဒေသခံ ပြည်သူများနှင့် ပြည်သူ့စစ်ဌာနေ ခေါင်းဆောင်တို့က ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို တင်ပြကြသည်။
ယင်းနောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ယခုကဲ့သို့ တိုင်းရင်း သားများနှင့် တွေ့ဆုံခွင့်ရ သည့် အတွက် ဝမ်းမြောက်ပါကြောင်း။
ဝိုင်းဝန်းထိန်းသိမ်း
အင်းတော်ကြီးဒေသသည် စိုက်ပျိုးမြေ၊ ရေနှင့် စားနပ်ရိက္ခာပေါများ သည့်ဒေသတစ်ခုဖြစ်ကြောင်း၊ ရရှိ သည့် လျှပ်စစ်ဓာတ်အားကို အသုံး ပြုပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများမှ ကုန်ချော ထုတ်လုပ် ခြင်းများကို ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ကျန်းမာရေးအတွက် အာဟာရပြည့်ဝသော ဟင်းသီး ဟင်းရွက်၊ အသား၊ ငါး၊ ကြက်ဥများ ကို စားသုံးရန်လိုကြောင်း၊ ဒေသဖွံ့ဖြိုး တိုးတက်ရေး အတွက် ဒေသခံ တိုင်းရင်းသား ပညာတတ်များ မွေးထုတ်ရန် လိုအပ်ကြောင်း၊ ဒေသဖွံ့ဖြိုး တိုး တက်ရေးအတွက် တပ်မတော်အနေဖြင့်လည်း တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ဒေသအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုများ မရှိစေရေး အားလုံးက ဝိုင်းဝန်းထိန်း သိမ်းဆောင် ရွက်ရန် လိုကြောင်း။
လမ်းဖွင့်ပေးထား
တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိရန် အတွက် မိမိတို့အနေဖြင့် ဆောင်ရွက် လျက်ရှိရာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်တွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေး အတွက် ထုတ်ပြန်ချက်ကြေညာခဲ့ပြီး တစ်လတာကာလကျော်လွန်ချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်တချို့ က ကတိကဝတ်များ ချိုးဖောက်သည်ကို တွေ့ရှိရကြောင်း၊ ငြိမ်းချမ်းရေး အတွက် ဃြဗ လမ်း ကြောင်း အတိုင်း တွေ့ဆုံဆွေးနွေးညှိနှိုင်းကြရန် လမ်းဖွင့်ပေးထားကြောင်း၊ တိုင်းပြည်ငြိမ်းချမ်း မှသာ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ ပြည်သူများက ရွေးချယ်သည့် ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေချိန်၌ စည်းကမ်း ရှိသည့် ဒီမိုကရေစီဖြစ်စေရန် အတွက် တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေးရရှိရန် အရေးကြီးကြောင်း ရှင်းလင်းပြော ကြားသည်။
ထို့နောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီး ချုပ်(ရေ)၊ ကာကွယ်ရေး ဦးစီးချုပ် (လေ)တို့က ဒေသခံတိုင်းရင်းသား များနှင့် ပြည်သူ့စစ်ဌာနေအဖွဲ့ဝင် များအတွက် စား သောက်ဖွယ်ရာများ ပေးအပ်ကြသည်။
ပေးအပ်လှူဒါန်း
ယင်းနောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များ သည် အင်းတော်ကြီးအတွင်းရှိ ရွှေမ္တွူဘုရားအား သွားရောက် ဖူးမြော်ကြည်ညိုပြီး ဘုရားကြီးဘက်စုံ ပြုပြင်မွမ်းမံရန်အတွက် အလှူ ငွေ များ ပေးအပ်လှူဒါန်းသည်။
ဆက်လက်ပြီး ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ ရွှေမိုးတောင်ပေါ်ရှိ ရဟ္တာတစ်ထောင် ရှင်ပင်မြတ်စွာ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး သို့ ရောက်ရှိကြပြီး ရွှေမိုးတောင် ဓမ္မာရုံ၌ ပြည်နယ်သံဃနာ ယကအဖွဲ့ အကျိုးတော်ဆောင် မြစ်ကြီးနားမြို့ ဓမ္မရက္ခိတ ဝန်းသိုကျောင်းတိုက် ဆရာတော် အဂ္ဂမ ဟာပဏ္ဍိတ ဘဒ္ဒ္တ ကေတုမာလာ အမှူးပြုသော ဆရာတော်၊ သံဃာတော်များအား ဖူးမြော် ကန်တော့ ကာ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ဖူးမြော်ကြည်ညို
ထို့နောက် ရွှေမိုးတောင်စေတီ တော်မြတ်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော် အား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြပြီး စေတီတော်ကြီး အား လက်ယာရစ်လှည့်လည် ဖူးမြော် ကြည်ညိုခဲ့ကြ ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်

No comments:

Post a Comment