Tuesday, February 5, 2019

ရော်ဘာကို ဒေသတစ်ခုလုံးပါဝင်သည့် အဆင့်မြင့်ထုတ်ကုန်တစ်ခုအဖြစ် ပြည်ပဈေးကွက်တွင် နေရာ တစ်ခုရရှိရေးကြိုးပမ်းလျက်ရှိ
Image may contain: 5 people, people standing, outdoor and indoor
နေပြည်တော် ဖေဖော်ဝါရီ ၎
ရင်းနှီးမြှုပ်နှံမှုနှင့် အဆင့်မြင့်ကုန်ထုတ်လုပ်မှုနည်းပညာ အသုံးပြုနိုင်ကြ သည့်ရော်ဘာ လုပ်ငန်း ရှင်ကြီးများအနေ ဖြင့် အသေးစားထုတ်လုပ်သူများကို စုစည်းပေါင်းစပ်ပြီး နည်းပညာမျှ ဝေပေးခြင်း၊ ဈေးကွက်သို့ စုပေါင်းရောင်းချ နိုင်ရေးဖော်ဆောင်ပေးပြီး ဒေသတစ်ခုလုံးပါဝင်သည့် အဆင့်မြင့် ထုတ်ကုန်တစ်ခုအဖြစ် ပြည်ပဈေးကွက်တွင် နေရာတစ်ခုရရှိရေးကြိုးပမ်းကြစေလိုကြောင်း၊ ကုန်ကြမ်း ထုတ်လုပ်တင်ပို့မှုမှ စက်မှုကုန်ချောထုတ်လုပ်နိုင်ရေး၊ သွင်းကုန်အစား ထိုးထုတ်လုပ်နိုင်ရေးအတွက် သက်ဆိုင်သူ အားလုံးတို့က တိုးမြှင့်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ယနေ့နံနက်ပိုင်းတွင် မြိတ်ဒေ သအတွင်းရှိ ရော်ဘာ လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ပြောကြားသည်။
ကြည့်ရှုအားပေး
မြိတ်မြို့နယ် ငါးအင်းကျေးရွာအနီးရှိ ဖိုးလမင်းရော်ဘာ စက်မှုလုပ်ငန်း ခရမ့်ရော်ဘာစက်ရုံမှ ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချရန် ခရမ့်ရော်ဘာထုတ်လုပ်မှုအဆင့်ဆင့်ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့်အဖွဲ့က လှည့်လည်ကြည့်ရှုအားပေးရာ စက်ရုံတာဝန်ရှိသူများက ရှင်းလင်းပြ သကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဒေသနေပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းဖော်ဆောင်ပေးရေး၊ လုပ်ကွက်ငယ်တောင်သူများအား စုပေါင်းဆောင်ရွက်ရေး စည်းရုံးနိုင် ခြင်းဖြင့် နည်းပညာ တူညီစွာအသုံးချနိုင်သဖြင့် အရည်အသွေးတူ ထုတ်ကုန် များ ထုတ်လုပ်နိုင်မှု ကိုလည်းကောင်း၊ စုပေါင်းရောင်းချ ခြင်းဖြင့် ဈေးကွက်ဝေစုအကျိုးအမြတ်ပိုမိုရရှိနိုင်မှုကို လည်းကောင်း ဆွေးနွေးပြောကြားပြီး သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းသော ထုတ်လုပ်မှုဖြစ်စေရေးဆွေးနွေး မှာကြား သည်။
ထုတ်လုပ်နိုင်
တနင်္သာရီတိုင်းဒေသကြီးတွင် ရော်ဘာစိုက်ဧရိယာ ၃၄၈၃၃၄ ဧကရှိပြီး၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ကုန်အထိ ၁၅၆၂၂၆ ဧက အစေးလှီးနိုင်ခဲ့ပြီး အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း ရော်ဘာထုတ် လုပ်မှုမှာ ၅၂၅၆၉၀၉၆ ပေါင် ထုတ်လုပ်နိုင်ခဲ့သည်။ မြိတ်ခရိုင်အနေဖြင့် ရော်ဘာ ၁၄၇၄၈၁ ဧက စိုက်ပျိုးထားရှိပြီး ဒီဇင်ဘာလကုန်အထိ ရော်ဘာထွက်ရှိမှုမှာ ၂၉၆၈၈၉၇၄ ပေါင် ထုတ်လုပ်နိုင်ခဲ့ သည်။
လိုအပ်ချက်များ ဆွေးနွေးမှာကြား
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ငါးအင်း ကျေးရွာတွင် ဆောင်ရွက်ထားရှိသော ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ တစ်အိမ်သုံးဆိုလာစနစ် မီးလင်းရေးနှင့် သောက်သုံးရေရရှိရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ဆောင်ရွက်ထားရှိပြီးသော စီမံကိန်းလုပ်ငန်းများ ရေရှည် တည်တံ့စေရေးအတွက် ထိန်းသိမ်းအသုံးပြုနိုင်ကြပါက ဒေသဖွံ့ဖြိုးရေးနှင့် အခြားလိုအပ်ချက်များကို ဆက်လက် အကောင်အထည်ဖော်ပေးနိုင်မည်ဖြစ်ရာ ကျေးရွာပြည်သူ များက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ချက်များ ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment