Friday, February 22, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဥရောပကော်မရှင်မှ တာဝန်ရှိသူနှင့် အီးယူသံအမတ်ကြီးတို့အား လက်ခံတွေ့ဆ

===============================================
နေပြည်တော် ဖေဖော်ဝါရီ ၂၁
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ဥရောပ ကော်မရှင်၏ ကုန်သွယ်ရေးဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် Mrs.
Helena Konig ၊ Deputy Managing Director, Mrs. Paola
Pampaloni ၊ မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီး Mr. Kristian
Schmid ၊Deputy Head of Unit, Ms. Alina Boiciuc နှင့် Desk
Officer, Mr. Dirk Buda ဦးဆောင်သောအဖွဲ့အား ယနေ့မွန်းတည့် ၁၂ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က မြန်မာနိုင်ငံ သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေ၊ ပြန်ကြားရေးဝန်ကြီးဌာနက ဆောင်ရွက်နေသည့် ဥပဒေအချို့အား ပြန်လည်ပြင်ဆင်ရေးသုံးသပ်နေမှု နှင့် ရခိုင်ပြည်နယ်သို့ သတင်းမီဒီယာများ စေလွှတ်ပေးနေမှုအခြေအနေများ နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment