ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်
ကိုရီးယား-မြန်မာလွှတ်တော်များအကြား
ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ
ကိုရီးယား-မြန်မာလွှတ်တော်များအကြား
ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ကိုရီးယား-မြန်မာ လွှတ်တော်များအကြား ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ H.E. Mr.Kim Jaewonအား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံလွှတ်တော်များအကြား ရင်းနှီးချစ်ကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့် ရေးဆိုင်ရာ ကိစ္စရပ်များ၊ စံပြကျေးရွာလှုပ်ရှားမှု (Saemaul Undong) စီမံကိန်းအောက်တွင် ဆောင်ရွက် လျက်ရှိသော စိုက်ပျိုးရေးနှင့်ပတ်သက်သည့် အစီအစဉ် ကိစ္စ၊ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ရန်ကုန်-ဒလ) တံတားတည်ဆောက်ရေးစီမံကိန်းကိစ္စ၊ အာဆီယံ- ကိုရီးယားဆွေးနွေးဖက်နိုင်ငံများ မိတ်ဖက်ဆက်ဆံရေး ထူထောင်ခြင်းနှစ်(၃၀)ပြည့် ထိပ်သီးအစည်းအဝေး ကျင်းပမည့်ကိစ္စ၊ ကိုရီးယားနိုင်ငံမှ တရားဝင် ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အကူအညီများ(ODA)ပေးအပ်ခြင်းကိစ္စနှင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်မည့် အလားအလာများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment