Friday, February 22, 2019

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့ နဝင်းပြည့်ဆုတောင်းပြည့် လာဘ်ပေးရန်ကာ နဂါးရုံဘုရားကြီး၏ ဌာပနာတော်သွင်း မဟာမင်္ဂလာအခမ်းအနားသို့ တက်ရောက်ကြည်ညို
Image may contain: 13 people, people smiling, people sitting, people eating, table, child and indoor
ဟားခါး ဖေဖော်ဝါရီ ၂၁
ချင်းပြည်နယ် ဟားခါးမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုနှင့် အဖွဲ့သည် ယနေ့နံနက် ၉ နာရီတွင် ကျင်းပသည့် အိပ်မက်တော်ရ သစ္စာအောင်မြေကုန်းတော် ဇေတဝန်တောရကျောင်းတိုက်အတွင်း တည်ထား လျက်ရှိသည့် နဝင်းပြည့်ဆုတောင်းပြည့်လာဘ်ပေးရန်ကာ နဂါးရုံဘုရားကြီး၏ ဌာပနာတော်သွင်း မဟာမင်္ဂလာအခမ်းအနားကို တက်ရောက်ကြည်ညိုပြီး ဓာတ်တော်မွေတော်၊ ဗုဒ္ဓရုပ်ပွားဌာပနာတော်များ ဆက်ကပ်လှူဒါန်းသည်။
အခမ်းအနားတွင် နိုင်ငံတော်သမ္မတနှင့်ဇနီး အမှူးပြုသော ဧည့်ပရိသတ်များ က မဟာဗောဓိမြိုင်ရိပ်သာကျောင်းတိုက်ဆရာတော် မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒ္တပညာဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ဖတ်သရဇ္ဈာယ်တော်မူသည့် ဂုဏ်တော်ကိုးပါးကို နာယူ၍ လာဘ်ပေးရန်ကာ မုဒြာနဂါးရုံဘုရားကြီးတွင် သွင်းလှူပူဇော်မည့် ဓာတ်တော် မွေတော်၊ ဗုဒ္ဓရုပ်ပွားဌာပနာတော်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ချင်းတောင်တန်း သာသနာပြုဆရာတော် ဒေါက်တာ ဘဒ္ဒ္တတေဇောသာရထံ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီးနောက် ချင်းတောင်တန်းသာသနာပြု ဆရာတော် ဒေါက်တာ ဘဒ္ဒ္တ တေဇောသာရ ဟောကြားသည့် အနုမောဒနာတရားနာယူကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေသည်။
သတင်းစဉ်

No comments:

Post a Comment