Tuesday, February 5, 2019



မိုဂါဒစ်ရှူးမြို့ရှိ ဈေးတစ်ဈေးအနီး၌ ကားဗုံးခွဲတိုက်ခိုက် ကိုးဦး သေဆုံး
Image may contain: one or more people, sky and outdoor
မိုဂါဒစ်ရှူး ဖေဖော်ဝါရီ ၎
ဆိုမာလီယာနိုင်ငံ မိုဂါဒစ်ရှူးတွင် လူစည်ကားသော ဈေးတစ်ဈေးအနီး ရှိ ဈေးဆိုင်တန်းတစ်ခုအား ဖေဖော်ဝါ ရီ ၄ ရက်က ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်ထားသည့် ကားတစ်စီး ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ လူကိုးဦး ထက်မနည်းသေဆုံးပြီး လူအချို့ ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့ က ပြောကြားသည်ဟု အေအက်ဖ်ပီ သတင်းတွင် ဖော်ပြသည်။
မြို့တော် မိုဂါဒစ်ရှူးရှိ ဈေးဆိုင် တန်းတစ်ခုတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူသေဆုံးမှုနှင့် ပျက်စီး မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ အရပ်သားကိုးဦး သေဆုံးသည်ဟု အတည်ပြုနိုင်ခဲ့ပြီး အချို့ထိခိုက် ဒဏ်ရာ များရခဲ့ ကြောင်း ရဲအရာရှိ အာဖက်မွာလင် အလီက ပြောကြား သည်။
ဈေးဆိုင်တန်းအနီးတွင် ရပ်နားထားသည့် အကြမ်းဖက်သမားများ၏ ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်ထားသည့် မော်တော်ယာဉ် ပေါက်ကွဲ ခဲ့ခြင်းကြောင့် အပြစ်မဲ့ အရပ်သားများ သေဆုံးခဲ့ ရကြောင်း၊ ဟာမာဝမ်နေး ဈေးအနီးတွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုကြောင့် အဆောက်အအုံ တစ်လုံးပြိုကျခဲ့ပြီး လူအချို့သေဆုံးခဲ့ရ ကြောင်း ၄င်းက ဆက်လက်ပြောကြား သည်။
ဆိုမာလီယာနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးသည် အယ်လ်ခိုင်ဒါအဖွဲ့၏လက်အောက်ခံ အယ်လ်ရှာ ဘတ် အစ္စလာမ္မစ်အစွန်းရောက် စစ်သွေြးွက အဖွဲ့၏ ပုံမှန်ပစ်မှတ်ဖြစ်သည်။
အယ်လ်ရှာဘတ် စစ်သွေြးွက အဖွဲ့၏ ကြီးမားလှသည့် အစိတ်အပိုင်း ကို ၂၀၁၁ ခုနှစ်အတွင်းက မြို့တော် မိုဂါဒစ်ရှူးမှ မောင်းထုတ်နိုင်ခဲ့ပြီး ၄င်းတို့၏ အမာခံဒေသအများအပြား လက်လွတ် ဆုံးရှုံးခဲ့ သော်လည်း ဆိုမာလီယာနိုင်ငံ၏ ဝေးလံခေါင်ဖျား သောဒေသများ၌ ゞင်းတို့ကျန်ရှိနေပြီး ဆိုမာလီယာ အာဏာပိုင်များအား ပြောက်ကျားစစ်ဖြင့် ခုခံတိုက်ခိုက် နေဆဲဖြစ်သည်။
အေအက်ဖ်ပီ

No comments:

Post a Comment