Thursday, February 7, 2019

ဗိုလ်တထောင်-တွံတေး အထူးခရီးစဉ် Yangon Water Bus ပြေးဆွဲမည်
Image may contain: sky, ocean, outdoor and water
ရန်ကုန် ဖေဖော်ဝါရီ ၆
ရန်ကုန်မြို့၏ မြစ်ကြောင်းတစ်လျှောက်တွင် နေဝင်ချိန် ဆည်းဆာအလှကို လိုက်ပါခံစားနိုင်ရန်နှင့် လက်မှု ပညာ လုပ်ငန်းများကို ကြည့်ရှုလေ့လာနိုင်စေရန်ရည်ရွယ်၍ ခရီးသည်များ စိတ်အပန်းဖြေနိုင်ကြ စေရန် အတွက် ဗိုလ်တထောင်-တွံတေး အထူးခရီးစဉ်ကို Yangon Water Bus မှ ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ခရီးစဉ်တွင် ရွှေဆံတော်ဘုရားနှင့် အိုးလုပ်ငန်းအပြင် ရက်ကန်းလုပ်ငန်းများကိုပါ ခရီးသည် များအ နေဖြင့် ဝင်ရောက်လေ့လာနိုင်ကြမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၉ ရက်နှင့် ၁၀ ရက်(စနေ၊ တနင်္ဂနွေ)တို့တွင် ပြေးဆွဲ ပေးမည်ဖြစ်သည်။ ပြေးဆွဲပေးမည့်ခရီးစဉ် အရ ဗိုလ်တထောင်ဆိပ်ကမ်းမှ နံနက် ၉ နာရီတွင် စတင် ထွက်ခွာမည်ဖြစ်ပြီး ညနေ ၃ နာရီတွင် ဗိုလ်တထောင်ဆိပ်ကမ်းသို့ ပြန်လည်ရောက်ရှိမည် ဖြစ်သည်။ ခရီးစဉ်၌ ခရီးသည်များအတွက် နေ့လယ်စာ
ထမင်းဘူး၊ လည်ပတ်ရန်ယာဉ်စီးခ၊ ထိခိုက်မှုအာမခံ၊ ကော်ဖီနှင့်ရေသန့်အစီအစဉ်များလည်းပါဝင် မည်ဖြစ်သည်။ ခရီးသည်တစ်ဦးအတွက် လက်မှတ်တစ်စောင်လျှင် ငွေ$ကျပ် ၇၀ဝ၀ နှုန်းဖြင့ှ်ကညျနအ ခရီးစဉ် ကို ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ခရီးသွားပြည်သူများ၏ တောင်းဆိုချက်အရ “Weekend specia” အထူးအစီအစဉ်များအား ပုံမှန်ပြေးဆွဲ ပေးလျက်ရှိ သောကြောင့် ခရီးစဉ်လက်မှတ်များကို Yangon Water Bus ၏ လူမှုကွန်ရက် စာမျက်နှာ မှသော်လည်း ကောင်း၊ ဗိုလ်တထောင်ဆိပ်ကမ်းတွင်လည်းကောင်း ဝယ်ယူရရှိနိုင်ကြောင်း၊ ထို့အပြင် ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့)တွင် Yangon Water Bus ၏ အပျော်တမ်း mobile phone ဓာတ်ပုံပြိုင်ပွဲစတင်တော့မည် ဖြစ်ကြောင်းနှင့် ထူးထူးခြားခြားဆုများလည်း ပါဝင်ကြောင်း Yangon Water Bus မှ သိရသည်။ ပွင့်သစ္စာ

No comments:

Post a Comment