Thursday, February 7, 2019

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်း ခြေစစ်ပွဲအတွက် ပြင်ဆင်
 -===========================
ရန်ကုန်    ဖေဖော်ဝါရီ   
၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲ ဒုတိယအဆင့်ခြေစစ်ပွဲအတွက် လေ့ကျင့်နေသည့် မြန်မာ ယူ-၁၉ အမျိုးသမီး အသင်းသည် ခြေစစ်ပွဲအောင်မြင်ရန်အတွက် ပြင်ဆင်မှုများစွာ ပြုလုပ်မည်ဖြစ်သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ခြေစစ်ပွဲအောင်မြင်ရန်အတွက် ပြင်ဆင်မှုများစွာပြုလုပ်ရန် စီစဉ်ထား ခြင်းဖြစ်သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည့်   အာရှယူ-၁၉ အမျိုးသမီးခြေစစ်ပွဲ    ဒုတိယ အဆင့်ပွဲများကို  ဧပြီနောက်ဆုံးပတ်တွင် ကျင်းပမည် ဖြစ်ပြီး  လေးသင်းနှစ်အုပ်စုခွဲ၍ ယှဉ်ပြိုင် ကစား မည်ဖြစ်သည်။ အုပ်စု များထွက်ပေါ်လာခြင်းမရှိသေးသော် လည်း     မြန်မာအသင်းပါဝင်သော အုပ်စုအား   မန္တလေးမြို့ရှိ  မန္တလာ သီရိကွင်း၌ ကျင်းပခွင့်ရထားသောကြောင့်    ခြေစစ်ပွဲအောင်မြင်ရန် ပြင်ဆင် နေခြင်းဖြစ် သည်။    မြန်မာ ယူ-၁၉    အမျိုးသမီးအသင်းကို ပဏာမကစားသမား   ၂၇   ဦးဖြင့် ဖွဲ့စည်းထားပြီး   နည်းပြချုပ် အဖြစ် ဒေါ်သက်သက်ဝင်းက   ကိုင်တွယ်လျက်ရှိသည်။
မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ယခုလကုန်အထိ ပြည်တွင်း ခြေစမ်းပွဲများသာ ယှဉ်ပြိုင်ကစား မည်ဖြစ်ပြီး မတ်လမှစတင်ကာ နိုင်ငံတကာပြိုင်ပွဲများနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ ယူ-၁၉  အမျိုးသမီးအသင်းသည် မတ်လဆန်းတွင်  ကျင်းပမည့် ဂျပန်-အာဆီယံ ယူ-၁၉ အမျိုးသမီးဖိတ်ခေါ် ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဧပြီလ  ဒုတိယပတ်တွင်   ထိုင်းနိုင်ငံ၌ သွားရောက်လေ့ကျင့်ရန် စီစဉ်ထား ခြင်းဖြစ် သည်။ မြန်မာ ယူ-၁၉ အမျိုး သမီးအသင်း၏ ခြေစမ်းခရီးစဉ် အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နှင့် ထိုင်းဘော လုံးအဖွဲ့ချုပ်တို့ ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး ထိုင်း ယူ-၁၉ အမျိုးသမီးလက်ရွေးစင်အသင်းနှင့် ပါ ခြေစမ်းခွင့်ရရန် ညှိနှိုင်းဆောင်ရွက် လျက်ရှိသည်။
ဒုတိယအဆင့်    ခြေစစ်ပွဲတွင် ဩစတြေးလျ၊    တောင်ကိုရီးယား၊ ဥဇဘက်ကစ္စတန်၊ ဗီယက်နမ်၊ မြန်မာ၊ အီရန်၊ လက် ဘနွန်နှင့် နီပေါအသင်း တို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။
သတင်း-ရှိုင်းထက်ဇော်
ဓာတ်ပုံ-စိုးညွန့်

No comments:

Post a Comment