Tuesday, February 5, 2019

အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၅၇၀ဝ ကျော် ဖန်တီးပေးနိုင်မည့် လုပ်ငန်းကိုးခုအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြု
Image may contain: one or more people, people sitting and indoor
နေပြည်တော် ဖေဖော်ဝါရီ ၎
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၂/၂၀၁၉) ကြိမ်မြောက် အစည်း အဝေးကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ကော်မရှင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါလုပ်ငန်းများတွင် စက္ကူပျော့ဖတ်အမျိုးမျိုး ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း၊ Photosensitive Powder ထုတ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အိတ်နှင့် ခါးပတ်အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း၊ ငါးမွေးမြူ အေးခဲ ပြုပြင်ထုတ်လုပ်နှင့် ဆက်စပ်လုပ်ငန်း၊ ရေသတ္တဝါ အစားအစာ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးရောင်း ချခြင်းလုပ်ငန်း၊ E-Payment ကတ်စနစ်ဖြင့် ပေးချေခြင်း ဝန်ဆောင်မှုလုပ်ငန်း၊ ဆိပ်ကမ်းတည် ဆောက်၍ ဓာတ်ဆီ၊ ဒီဇယ်နှင့် LPG တင်သွင်း သိုလှောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ ပညာရေးဝန်ဆောင်မှု လုပ်ငန်းနှင့် ရုပ်ရှင်ပြသခြင်းတို့ ပါဝင်သည်။ အဆိုပါလုပ်ငန်းများမှ ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၅၇၅၃ ဦး ဖန်တီးပေးနိုင်မည့် လုပ်ငန်း ကိုးခုအား ခွင့်ပြုခဲ့သည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ သန်းမြင့်နှင့် အဖွဲ့ဝင် ၁၀ ဦးတို့ တက်ရောက်ကြသည်။
သတင်းစဉ်

No comments:

Post a Comment