Tuesday, February 5, 2019

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း လိုင်ဟာမြှားအမှတ်(၅) သတ္တုလုပ်ကွက် စစ်ဆေး
Image may contain: 6 people, people smiling, people standing and outdoor
နေပြည်တော် ဖေဖော်ဝါရီ ၎
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် ဖေဖော်ဝါရီ ၂ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ဟိုပုံးမြို့နယ် လိုင်ဟာမြှား ဒေသရှိ ပတ္တမြားနဂါးသတ္တုတူးဖော်ရေးကုမ္ပဏီ၏ အမှတ်(၁)သတ္တုတွင်းလုပ်ငန်းနှင့် အကျိုးတူပူး ပေါင်း၍ ခနောက်စိမ်း တူးဖော်ထုတ်လုပ်လျက်ရှိသည့် လိုင်ဟာမြှားအမှတ်(၅) သတ္တုလုပ်ကွက်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီမှ တာဝန်ရှိသူများက သတ္တုလုပ်ကွက်ဆိုင်ရာအချက် အလက် များ၊ မြေအောက်မိုင်းအတွင်း တူးဖော်ထုတ်လုပ်နေ သည့် အခြေအနေများ၊ သတ္တုရိုင်းအား ဆင့်တက် ပြုပြင် ဆောင်ရွက်ခြင်းတို့ကို ရှင်းလင်းတင်ပြသည်။
ဆန်းစစ်လေ့လာ
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆင့်တက်ပြုပြင် ခြင်းလုပ်ငန်းစဉ်မှ သတ္တုသားပြန်ရနှုန်းအနည်း၊ အများ ပြောင်းလဲမှုများနှင့်စပ်လျဉ်း၍ အားသာချက်၊ အားနည်း ချက်များကို စနစ်တကျလေ့လာခြင်း၊ ဈေးကွက်တွင် ဖြစ်ပေါ်နေသည့် ဝယ်လိုအားကို ဆန်းစစ်လေ့လာခြင်းများ ဆောင်ရွက်ရန် ဆွေးနွေး မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ညနေပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း မြန်မာ့သစ် လုပ်ငန်း ပြည်နယ်အထွေထွေမန်နေဂျာရုံးသို့ သွားရောက်ကာ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပြီး လိုအပ် သည်များကို မှာကြား ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးသည် ဖေဖော်ဝါရီ ၃ ရက်တွင် မြေနဂါးသတ္တုတူးဖော်ရေးကုမ္ပဏီနှင့် မလိခရတနာ သတ္တု တူးဖော်ရေးကုမ္ပဏီတို့၏ ခဲသတ္တုဆေးကြောသန့်စင်သည့် စက်ရုံများကို ကြည့်ရှုစစ်ဆေးကာ သတ္တုတွင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုပ်ငန်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရ သည်။
လေလံတင်ရောင်းချရေး စီစဉ်
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သာစည်မြို့နယ် မိတ္ထီလာ-တောင်ကြီးကားလမ်း မိုင်တိုင် အမှတ် ၄၀/ဝ အနီး ယင်းမာပင်သစ်တောစခန်းအတွင်း လေလံတင်ရောင်းချမည့် သိမ်းဆည်း ရမိထားသော တရားမဝင်သစ်များကိုလည်းကောင်း၊ မြန်မာ့သစ်လုပ်ငန်း၊ လှိုင်းတက် သစ်ဆိပ်တွင် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် အတွင်းမှသစ်များ သယ်ယူသိုလှောင်ထားရှိမှုနှင့် လေလံတင် ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်နေမှုများကို လည်းကောင်း၊ အပူပိုင်းဒေသစိမ်း လန်းစိုပြည် ရေးဦးစီးဌာန မှ သာစည်မြို့နယ် ကျောက်အိုးကြီးရွာအနီး ရူပါတောင် ကြိုးဝိုင်း၊ အကွက်အမှတ် (၁၃)နှင့် (၂၀)အတွင်း စိုက်ပျိုး တည်ထောင်ထားသော (၁/၂၀၁၈) ကျေးရွာသုံးထင်း စိုက်ခင်း ဧက ၁၀ဝ စိုက်ပျိုးတည်ထောင်ထားရှိမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment