Tuesday, February 5, 2019

ကမ္ဘာ့ကင်ဆာနေ့ ပညာပေးပြပွဲနှင့် အော်ဂဲနစ်ထွက်ကုန်အရောင်းပြပွဲ ကျင်းပ
Image may contain: one or more people, crowd and outdoor
ရန်ကုန် ဖေဖော်ဝါရီ ၎
မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းက ကြီးမှူးကျင်းပသည့် ကမ္ဘာ့ကင်ဆာနေ့ ပညာ ပေးပြပွဲ နှင့် အော်ဂဲနစ်ထွက်ကုန်အရောင်းပြပွဲကို ကျောက်တံတားမြို့နယ်ရှိ မဟာဗန္ဓုလပန်းခြံ ရှေ့ မျက်နှာစာ၌ ယနေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
"ကင်ဆာရောဂါဖြစ်ပွားမှုနှုန်း လျှော့ချဖို့ဆိုရင် ကင်ဆာရောဂါဖြစ်ပွားရတဲ့ အကြောင်းရင်းတွေကို သိရှိဖို့လိုအပ်ပါတယ်။ ကင်ဆာရောဂါဖြစ်ပွားရတဲ့ အကြောင်းရင်း သုံးခုရှိပါတယ်။ ဒါတွေကတော့ သဘာဝပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ လေထုညစ်ညမ်းမှုကြောင့် ကင်ဆာရောဂါဖြစ်ပွားခြင်း၊ စားသောက်နေ ထိုင်မှု စရိုက်နဲ့ အ္တရာယ်ရှိတဲ့ အစားအသောက်တွေကြောင့် ကင်ဆာဖြစ်ပွားခြင်း၊မျိုးရိုးဗီဇကြောင့် ကင်ဆာဖြစ်ပွားခြင်းပဲဖြစ်ပါတယ်။ မျိုးရိုးဗီဇကြောင့် ကင်ဆာ ဖြစ်ပွားတာကတော့ ကျွန်တော်တို့ ဘာမှမလုပ်နိုင်ဘူးဆိုပေမယ့် အော်ဂဲနစ် သီးနှံတွေမှာပါတဲ့ Antioxidant ဓာတ်တွေကတော့ ကင်ဆာရောဂါကို အထိုက် အလျောက်ဟန့်တားကာကွယ်ပေးနိုင်ပါတယ်"ဟု မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောသည်။
ဖေဖော်ဝါရီ ၄ ရက်တွင် ကျရောက်သော က္ဘာ့ကင်ဆာနေ့အခမ်းအနား ကျင်းပရခြင်းရည်ရွယ်ချက်မှာ ကမ္ဘာနှင့် မြန်မာနိုင်ငံ၌ တစ်နေ့တခြား ဖြစ်ပွားမှုနှုန်းများပြားနေသည့် ကင်ဆာရောဂါလျှော့ချရေးနှင့် ဘေးကင်းလုံခြုံ သော စိုက်ပျိုးသီးနှံနှင့် စားသောက်ကုန်များကို စားသုံးသူများ စားသုံးနိုင်ရန် အတွက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သတင်း- ပွင့်သစ္စာ
ဓာတ်ပုံ - စိုးမြင့်အောင်

No comments:

Post a Comment