Thursday, February 7, 2019

မန်ယူက လီဗာပူးထက် ပိုမိုကောင်းမွန်ဟု ကာရေဂါပြောကြား
Image may contain: 1 person
မန်ယူအသင်းဟာ လီဗာပူးအသင်းထက် ခြေစွမ်းပိုင်း ပိုမိုကောင်းမွန်ကြောင်း လီဗာပူးကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ ကာရေဂါက ပြောကြားခဲ့ပါတယ်။
လီဗာပူးအသင်းအနေနဲ့ ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်မှာ သရေရလဒ် ထွက်ပေါ်ခဲ့တာကြောင့် ပရီမီယာလိဂ်အမှတ်ပေးဇယားရဲ့ ဒုတိယနေရာက မန်စီးတီးအသင်းဟာ လီဗာပူး အသင်းနဲ့ သုံးမှတ်ကွာအနေအထားကို ရောက်ရှိလာခဲ့တာဖြစ်ပါ တယ်။
လီဗာပူးအသင်းက ဝက်စ်ဟမ်းအသင်းနဲ့ သရေကျ ခဲ့တာကြောင့် အခုတစ်ပတ် ဗုဒ္ဓဟူးနေ့မှာ မန်စီးတီးအသင်း က အဲဗာတန်အသင်းကို အနိုင်ရရှိခဲ့မယ်ဆိုရင် ပရီမီယာ လိဂ်အမှတ်ပေးဇယားရဲ့ထိပ်ဆုံးနေရာကို တက်လှမ်းခွင့် ရရှိမယ့်အခွင့်အရေးလည်း ရှိနေပါတယ်။
လီဗာပူးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့နှစ်ပွဲမှာ သရေကျခဲ့တာကြောင့် နက်သန်နီယယ်ကလိုင်းကို အငှား ချထားခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ နာဘီကီတာ၊ ရောဘတ်တို ဖာမီနိုနဲ့ မိုဟာမက်ဆာလာတို့ စွမ်းဆောင်ရည်ကျဆင်း နေမှုကိုလည်း လီဗာပူးနောက်တန်းကစားသမားဟောင်း ကာရေဂါက ထောက်ပြခဲ့တာဖြစ်ပါတယ်။ငွေကြယ်-ရေးသားသည်

No comments:

Post a Comment