Friday, February 1, 2019

MNL ပြိုင်ပွဲ ပွဲစဉ် (၄)ကို သုံးရက်ကြာကျင်းပမည်
Image may contain: 3 people, people smiling, people playing sports and outdoor
ရန်ကုန် ဇန်နဝါရီ ၃၁
၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၄)ကို ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ကျင်းပ မည်ဖြစ်ပြီး ဇွဲကပင်-ရန်ကုန်၊ ရတနာပုံ-မကွေး၊ ဟံသာဝတီ-ရှမ်းယူနိုက်တက်တို့ ထိပ်တိုက် တွေ့ဆုံနေသည့် ပွဲကောင်းများ ပါဝင်နေသည်။
ရန်ကုန်အသင်းသည် ဖေဖော်ဝါရီ ၅ ရက် တွင် ၂၀၁၉ အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲ ပထမအဆင့် ယှဉ်ပြိုင်ရန်ရှိသောကြောင့် ပွဲစဉ် (၄)ကို ယနေ့ စတင်ကျင်းပခြင်းဖြစ်သည်။ ပွဲစဉ် (၄)အဖြစ် ဖေဖော်ဝါရီ ၁ ရက်တွင် သုဝ္ဏကွင်း၌ ဇွဲကပင်အသင်းနှင့် လက်ရှိ ချန်ပီယံ ရန်ကုန်အသင်း၊ ဖေဖော်ဝါရီ ၂ ရက် တွင် ဗထူးကွင်း၌ ရတနာပုံအသင်းနှင့် မကွေး အသင်း၊ မုံရွာကွင်း၌ စစ်ကိုင်းအသင်းနှင့် Chinland အသင်း၊ ဖေဖော်ဝါရီ ၃ ရက်တွင် သုဝ္ဏကွင်း၌ ဒဂုံအသင်းနှင့် ဧရာဝတီ အသင်း၊ ပဲခူး Grand Royal ကွင်း၌ ဟံသာဝတီအသင်းနှင့် ရှမ်းယူနိုက်တက်အသင်း၊ ဝေသာလီကွင်း၌ ရခိုင်အသင်းနှင့် Sသကအ့နမည အသင်းတို့ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ ပွဲစဉ်(၃)အပြီးတွင် ရန်ကုန်နှင့် ဟံသာဝတီအသင်းက ခြောက်မှတ်စီ၊ ရှမ်းယူနိုက်တက်၊ ရခိုင်၊ ဧရာဝတီနှင့် ရတနာပုံအသင်းတို့က ငါးမှတ်စီ၊ စစ်ကိုင်းနှင့် ဇွဲကပင်အသင်းက လေးမှတ်စီ၊ ဒဂုံနှင့် Sသကအ့နမည အသင်းက သုံးမှတ်စီ၊ မကွေးနှင့် ဃ့ငညူညေိ အသင်းက တစ်မှတ်စီရထားသည်။
ပွဲစဉ်(၃)တွင် နိုင်ပွဲစရခဲ့သည့် ရှမ်းယူနိုက်တက်၊ ရတနာပုံနှင့် စစ်ကိုင်းအသင်းတို့၏ခြေစွမ်းကို စောင့်ကြည့် ရမည်ဖြစ်ပြီး ဒုတိယနေရာမှ ဟံသာဝတီအသင်းနှင့် တတိယနေရာမှ ရှမ်းယူနိုက်တက်အသင်းတို့ တွေ့ဆုံနေသည့်ပွဲမှာ ပွဲကောင်းတစ်ပွဲဖြစ်လာနိုင်သည်။ ရှမ်းယူနိုက်တက်အသင်းသည် ရှုံးပွဲမရှိသေးသော်လည်း ပွဲစဉ်(၃)မှ နိုင်ပွဲရခဲ့သလို ခံစစ်ပိုင်းကလည်း တစ်ပွဲလျှင် နှစ်ဂိုးနှုန်းဖြင့် သုံးပွဲဆက်ဂိုးပေးနေရသောကြောင့် ဟံသာဝတီအသင်းတိုက်စစ်ကို ခက်ခက်ခဲခဲ ရုန်းကန်ရဖွယ်ရှိနေသည်။ ရန်ကုန်အသင်းသည် ထိပ်ဆုံးနေရာတွင် ဆက်လက်ရပ်တည်နိုင်ရန် မဖြစ်မနေ နိုင်ပွဲရယူရမည်ဖြစ်ပြီး ရတနာပုံနှင့် စစ်ကိုင်းအသင်းတို့ အိမ်ကွင်း၌ နိုင်ပွဲဆက်ရန် ကြိုးစားဖွယ်ရှိနေသည်။
သတင်း- ရှိုင်းထက်ဇော်၊ ဓာတ်ပုံ- စိုးညွန့်

No comments:

Post a Comment