Friday, February 1, 2019

မလေးရှားနိုင်ငံတွင် ဘုရင်အသစ် တင်မြှောက်
Image may contain: 1 person
ကွာလာလမ်ပူ ဇန်နဝါရီ ၃၁
မလေးရှားနိုင်ငံ ဘုရင် မိုဟာမက် ၅ သည် ယခုလအစော ပိုင်းက ထီးနန်းစွန့်လွှတ်ခဲ့သည့်အတွက် ဆူတန် အဒူလာ ဆူတန် အာမက်ရှာအား တစ်ဆယ့်ခြောက်ယောက် မြောက်ဘုရင်အဖြစ် တင်မြှောက်ခဲ့ကြောင်း ယနေ့ အင်န်အိတ်ခ်ျကေ သတင်းတစ်ရပ်အရ သိရသည်။
ဘုရင် ဆူတန် အဒူလာ ဆူတန် အာမက်ရှာသည် မလေးရှားနိုင်ငံ လွတ်လပ်ရေးရခဲ့သည့်အချိန်ကစပြီး တစ်ဆယ့်ခြောက်ယောက်မြောက်ဘုရင် ဖြစ်လာခဲ့သည်။
ယနေ့နန်းတက်ပွဲကို ကွာလာလမ်ပူမြို့ရှိ အမျိုးသား နန်းတော်၌ ကျင်းပခဲ့ပြီး မလေးရှားနိုင်ငံဘုရင် ဆူတန် အာမက်ရှာက ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။
မလေးရှားနိုင်ငံအား အခြေခံဥပဒေနှင့်အညီ တရား မျှတစွာ အုပ်ချုပ်မည်ဖြစ်ကြောင်း ဘုရင် ဆူတန် အဒူလာ ဆူတန် အာမက်ရှာက ပြောကြားခဲ့သည်။
ဘုရင် ဆူတန် အာမက်ရှာသည် အားကစားတွင် အလွန်စိတ်ပါဝင်စားသူတစ်ဦးဖြစ်သည့်အပြင် က္ဘာ့ ဘောလုံးအဖွဲ့ချုပ် အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အာရှ ဟော်ကီ အဖွဲ့ချုပ်ဥက္ကဋ္ဌလည်း ဖြစ်သည်။
မလေးရှားဘုရင်အနေဖြင့် ဝန်ကြီးချုပ်များ ကျမ်းသစ္စာဆိုခြင်းများနှင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အသနားခံစာလွှာများ ထုတ်ပြန်ခြင်းစသည့် နိုင်ငံ၏ ကြီးကျယ်မြင့်မြတ်သော အခန်းကဏ္ဍများတွင် အဓိက ပါဝင်ရသည်။
မလေးရှားနိုင်ငံ၏ ဘုရင်စနစ်မှာ ပြည်နယ်ကိုးခုမှ အုပ်ချုပ်သူအကြီးအကဲကိုးယောက်သည် သက်တမ်းတစ်ခု ကို ငါးနှစ်တာမျှ အလှည့်ကျဘုရင်အဖြစ် ထီးနန်း စောင့်ထိန်းရသည့် ဓလေ့ထုံးတမ်းရှိသည်။
အင်န်အိတ်ခ်ျကေ

No comments:

Post a Comment