Friday, February 1, 2019

သမ္မတမာဒူရိုအားဖယ်ရှားရန် စစ်ဘက်အား ဗင်နီဇွဲလားအတိုက်အခံဆန္ဒပြသမားများ တိုက်တွန်း
Image may contain: 2 people
ကာရာကတ်စ် ဇန်နဝါရီ ၃၁
မိမိကိုယ်မိမိ ဗင်နီဇွဲလားနိုင်ငံ၏ ယာယီသမ္မတအဖြစ် ကြေညာထားသည့် ဗင်နီဇွဲလား အတိုက်အခံ ခေါင်းဆောင် ဂွါအီဒိုဦးဆောင်သည့် ထောင်ပေါင်းများစွာသော ဆန္ဒပြ သမားများက ဇန်နဝါရီ ၃၀ ရက်တွင် ပြုလုပ်သည့် ဆန္ဒပြပွဲတွင် ဗင်နီဇွဲလားစစ်ဘက်အနေဖြင့် သမ္မတမာဒူရိုအား စွန့်ခွာရန်နှင့် စီးပွားရေး အကျပ်အတည်း ဆိုက်နေသည့် ဗင်နီဇွဲလားနိုင်ငံတွင်းသို့ လူသားချင်းစာနာထောက်ထား သည့်အထောက် အပံ့များ ဝင်ရောက်ခွင့်ပြုရန် တောင်းဆို ခဲ့သည်။
မြို့တော်ကာရာကတ်စ်နှင့် အခြားသောမြို့များ၏ လမ်းမများပေါ်တွင် ချီတက်ဆန္ဒပြသူများက "လက်နက် ကိုင်တပ်ဖွဲ့များ သင်တို့၏ ဂုဏ်သိက္ခာကို ပြန်ဆယ်ပါ"၊"လုယူသူမာဒူရို"၊ "သမ္မတဂွါအီဒို"၊ "အာဏာရှင်ခေတ် အလိုမရှိ" ဟူသော စာတန်းများ ကိုင်ဆောင်ချီတက်ကြ ကြောင်း သိရသည်။
"ပြည်သူများကို မပစ်ခတ်ပါနှင့်၊ သူတို့က မင်းတို့ မိသားစုဝင်တွေအတွက် တောင်းဆိုနေကြတာပါ"ဟု အတိုက်အခံခေါင်းဆောင် ဂွါအီဒိုက ကာရာကတ်စ်မြို့ ဗဟိုတက္ကသိုလ်ဝင်းအတွင်းမှနေ၍ ဖြန့်ကြက်ထားသော ဗင်နီဇွဲလားတပ်ဖွဲ့ဝင်များအား ပြောကြားခဲ့သည်။
အသက် ၃၅ နှစ်အရွယ်ရှိ ဗင်နီဇွဲလား အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဂွါအီဒိုသည် သမ္မတ မာဒူရိုအား ရာထူးမှဖယ်ရှားရန် ကြိုးပမ်းမှုအတွက် ၎င်းအနေဖြင့် အသွင်ကူးပြောင်းရေးကာလ အစိုးရတစ်ရပ်ဖွဲ့ စည်းနိုင်ရန် နှင့် သမ္မတရွေးကောက်ပွဲအသစ်တစ်ရပ် ကျင်းပနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
အတိုက်အခံခေါင်းဆောင် ဂွါအီဒိုသည် အမေရိကန် ပြည်ထောင်စုအပါအဝင် လက်တင်အမေရိကနိုင်ငံများ နှင့် ဥရောပခြောက်နိုင်ငံ၏ ထောက်ခံမှုကို ရရှိထားသည်။ အဆိုပါနိုင်ငံများက သမ္မတရွေးကောက်ပွဲတစ်ရပ် ကျင်းပ ပေးရန် သမ္မတမာဒူရိုအား တောင်းဆိုထားသည်။
အေအက်ဖ်ပီ

No comments:

Post a Comment